နေမကောင်းတဲ့သူများအတွက် အာဟာရဒါနများ လှူဒါန်းပေးခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစုပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့
သမီးချောလေး သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ်။အနုပညာ လမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့
သရုပ်ဆောင်၊ဒါရိုက်တာ ခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေးပဲ ဖြစ်ပါတယ်။သဇင်ထူးမြင့်က စိတ်သဘောထားဖြူစင်ပြီး လူတိုင်းအပေါ်မှာလည်းကူညီချင်စိတ် ရှိလွန်းသူလေး ဖြစ်တာကြောင့် ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။သူမက ဖေဖော်ဝါရီလ
အစကတည်းက ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာ ပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ(၅၀၅-က)နဲ့အမှုဖွင့် အရေးယူထားခြင်း ခံရတာကြောင့်
မိသားစုအားလုံး ဘေးကင်းရာကို တိမ်းရှောင်နေခဲ့ရပါတယ်။တိမ်းရှောင်နေစဥ် ကာလအတွင်းမှာလဲ တတ်နိုင်တဲ့ဘက်ကနေပြီး တော်လှန်ရေးကြီးမှာတထောင့်တနေရာကနေ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။သဇင်ထူးမြင့်တို့ မိသားစုကတော့ တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်းလက်ရှိဖြစ်ပျက်နေတဲ့
သတင်းလေးတွေကိုလည်း ပရိတ်သတ်တွေ သိရှ်ိနိုင်စေဖို့အတွက် အမြဲလိုလို ပြန်လည်ဝေမျှ ပေးလျက်ရှိပါတယ်နော်။ပရိသတ်တွေရဲ့အချစ်တော် သဇင်ထူးမြင့်က ဒီကနေ့မှတော့ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ လူနာတွေအတွက် အာဟာရဒါန အလှူလေးတစ်ခုကို
ပြုလုပ်ပေးခဲ့ပါသေးတယ်။ယခုအခါမှာလည်း သဇင်ထူးမြင့်က ကိုဗစ်ရောဂါ လူနာတွေအတွက် အားရှိစေမယ့် ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်တွေကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလှူဒါန်းမှုကို”သဲတို့မိသားစုရဲ့ အလှူလေးပါ ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်လေးတွေ နောက်ထပ်လည်းဒီထပ်အများကြီး ထပ်ပြီး လှူနိုင်အောင် ကြိုးစားပါ့မယ်”ဆိုပြီးတော့
ဝေမျှပေးခဲ့တာပါ။ကဲပရိသတ်ကြီးတို့ရေ သဇင်ထူးမြင့်တို့ မိသားစုလေးရဲ့ကြက်ပေါင်းနဲ့နို့ဆန်ပြုတ်အလှူလေးကို ကုသိုလ်ထပ်တူရစေဖို့သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။အားလုံး နေကောင်း ကျန်းမာကြပါစေနော်။
Credit
Unicode
နေမကောင်းတဲ့သူများအတွက် အာဟာရဒါနများ လှူဒါန်းပေးခဲ့တဲ့ သဇင်ထူးမြင့်တို့မိသားစုပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး
သဇင်ထူးမြင့်ကတော့ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ်။အနုပညာ လမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ သဇင်ထူးမြင့်ကတော့
သရုပ်ဆောင်၊ဒါရိုက်တာ ခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေးပဲ ဖြစ်ပါတယ်။သဇင်ထူးမြင့်က စိတ်သဘောထားဖြူစင်ပြီး လူတိုင်းအပေါ်မှာလည်းကူညီချင်စိတ် ရှိလွန်းသူလေး ဖြစ်တာကြောင့် ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့ အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။သူမက ဖေဖော်ဝါရီလ
အစကတည်းက ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာ ပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ(၅၀၅-က)နဲ့အမှုဖွင့် အရေးယူထားခြင်း ခံရတာကြောင့်မိသားစုအားလုံး ဘေးကင်းရာကို တိမ်းရှောင်နေခဲ့ရပါတယ်။တိမ်းရှောင်နေစဥ် ကာလအတွင်းမှာလဲ တတ်နိုင်တဲ့ဘက်ကနေပြီး တော်လှန်ရေးကြီးမှာ
တထောင့်တနေရာကနေ ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။သဇင်ထူးမြင့်တို့ မိသားစုကတော့ တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရပေမယ့်လည်းလက်ရှိဖြစ်ပျက်နေတဲ့သတင်းလေးတွေကိုလည်း ပရိတ်သတ်တွေ သိရှ်ိနိုင်စေဖို့အတွက် အမြဲလိုလို ပြန်လည်ဝေမျှ ပေးလျက်ရှိပါတယ်နော်။ပရိသတ်တွေရဲ့အချစ်တော် သဇင်ထူးမြင့်က ဒီကနေ့မှတော့ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ လူနာတွေအတွက် အာဟာရဒါန အလှူလေးတစ်ခုကိုပြုလုပ်ပေးခဲ့ပါသေးတယ်။ယခုအခါမှာလည်း သဇင်ထူးမြင့်က ကိုဗစ်ရောဂါ လူနာတွေအတွက် အားရှိစေမယ့် ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်တွေကို
လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလှူဒါန်းမှုကို”သဲတို့မိသားစုရဲ့ အလှူလေးပါ ကြက်ပေါင်းနဲ့ နို့ဆန်ပြုတ်လေးတွေ နောက်ထပ်လည်းဒီထပ်အများကြီးထပ်ပြီး လှူနိုင်အောင် ကြိုးစားပါ့မယ်”ဆိုပြီးတော့
ဝေမျှပေးခဲ့တာပါ။ကဲပရိသတ်ကြီးတို့ရေ သဇင်ထူးမြင့်တို့ မိသားစုလေးရဲ့ကြက်ပေါင်းနဲ့နို့ဆန်ပြုတ်အလှူလေးကို ကုသိုလ်ထပ်တူရစေဖို့သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။အားလုံး နေကောင်း ကျန်းမာကြပါစေနော်။
Credit