Local News

ေထာင္ကလြတ္လာတဲ့သူ လူ ၂၀ က စစ္ကိုင္းၿမိဳ႕နယ္ထဲက ႐ြာ ၂ ႐ြာကို ဝင္ၿပီး ဓာျပတိုက္ လုယက္

ေထာင္ကလြတ္လာတဲ့သူ လူ ၂၀ က စစ္ကိုင္းၿမိဳ႕နယ္ထဲက ႐ြာ ၂ ႐ြာကို ဝင္ၿပီး ဓာျပတိုက္ လုယက္ဇူလိုင္ ၊ ၂၂ ၊ ၂၀၂၁စစ္ကိုင္းတိုင္း ၊ စစ္ကိုင္းၿမိဳ႕နယ္ ၊ တလိုင္းေက်း႐ြာက ေနအိမ္ ၁ လုံးနဲ႔ ေတာင္ရင္းေက်း႐ြာက ေနအိမ္ ၁ လုံးမွာ ဇူလိုင္ ၂၂ ရက္ ဒီမနက္ အေစာပိုင္း ၁ နာရီ ဝန္းက်င္ေလာက္

ကလူ ၂၀ ခန႔္ပါတဲ့ အဖြဲ႕ ၁ ဖြဲ႕က ဓားျပတိုက္ လုယက္သြားတယ္လို႔ လုယက္ခံရတဲ့ ကာယကံရွင္ေတြထံက သိရပါတယ္ ။တလိုင္းေက်း႐ြာက လုယက္ခံလိုက္ရတဲ့ ကာယကံရွင္ မိသားစုဝင္ တစ္ေယာက္ေျပာတာက ” မနက္ ၁ နာရီေလာက္မွာ တုတ္ေတြ ၊ ဓားေတြ ကိုင္းထားတဲ့ လူ ၂၀ ေလာက္က အိမ္ထဲဝင္ၿပီး ပစၥည္းေတြလုယူတယ္ ဆိုင္ကယ္ ၁ စီး ၊ ဖုန္း ၂ လုံး ၊ ပိုက္ဆံ သိန္း ၃၀ ပါသြားတယ္ ” လို႔ ေျပာပါတယ္ ။ဒါ့အျပင္ အဲ့ဒီ လုယက္ ဓားျပအဖြဲ႕ဟာ ေတာင္ရင္းေက်း႐ြာဘက္ကို ဆက္လက္သြားေရာက္ၿပီး ဦးသိန္းဝင္းရဲ႕ ေနအိမ္က ဖုန္း ၃ လုံးကို ဝင္ေရာက္ လုယက္ဓားျပတိုက္ခဲ့တယ္လို႔ သိရပါတယ္ ။

အဲ့ဒီ အဖြဲ႕ထြက္သြားၿပီးေနာက္ ႐ြာမွာ လူစုၿပီး ဝိုင္လိုက္ၾကတယ္ ၊ ဓားျပအဖြဲ႕က ႐ြာေတာင္ဘက္နားက လယ္ခင္းေတြထဲမွာ ပုန္းခိုေနတယ္လို႔ သိရေတာ့ မေျပးႏိုင္ေအာင္ ဝိုင္းပိတ္ထားၿပီး စခန္းကို အေၾကာင္းၾကားတယ္ ၊ဒီမနက္ ၆ နာရီနဲ႔ ၇ နာရီအၾကားမွာ လုံၿခဳံေရးအဖြဲ႕ေတြေရာက္လာၿပီး ဝင္ဖမ္းတယ္ ” လို႔ တလိုင္း႐ြာခံ တစ္ေယာက္က ေျပာပါတယ္ ။အဲ့ဒီလို လုံၿခဳံေရးအဖြဲ႕က ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးေနတဲ့အခ်ိန္မွာ ညကလုယက္ယူသြားတဲ့ ဟြန္ဒါ ကလစ္ဆိုင္ကယ္ အျဖဴေရာင္ ၁ စီး ၊ ဖုန္း ၂ လုံးနဲ႔ လုယက္သူ ၃ ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္ ။

အသာတၾကည္ ဖမ္းဆီးခံတာ မဟုတ္ပဲ ဆိုင္ကယ္နဲ႔ ထြက္ေျပးတယ္ ၊ ပစ္ဖမ္း ဖမ္းခဲ့ရတာပါ ၊ မ်ိဳးဝင္းထြန္း အသက္ ၃၃ ႏွစ္ ၊ ဦးလွတင့္ အသက္ ၅၀ ႏွစ္နဲ႔ ေက်ာ္ဇင္ထြန္း အသက္ ၃၈ ႏွစ္ ၊ ၃ ဦးကို ညက သက္ေသခံ ပစၥည္းေတြနဲ႔အတူမိတယ္ ၊ အဲ့ဒီ ၃ ေယာက္ထဲကမ်ိဳးဝင္းထြန္းရဲ႕ ဘယ္ဘက္ေပါင္ က်ည္ေဖာက္ဝင္ ဒဏ္ရာရတယ္ မစိုးရိမ္ရဘူး ” လို႔ စစ္ကိုင္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ုံး တာဝန္က် ရဲဝန္းထမ္း တစ္ေယာက္က ေျပာပါတယ္ ။ဒါ့အျပင္ ဖမ္းဆီးရမိတဲ့ သူေတြရဲ႕ ထြက္ဆိုေျပာၾကားခ်က္အရ ညက လုယက္ဓားျပတိုက္ျဖစ္စဥ္မွာ

လူ ၂၀ ဦး ပါဝင္ခဲ့ၿပီး အမ်ားစုဟာ ေထာင္က ျပန္လည္လြတ္ေျမာက္လာသူေတြျဖစ္ၾကတယ္လို႔ သက္ဆိုင္ရာရဲ႕ စစ္ေဆးေပၚေပါက္ခ်က္ေတြအရ သိရပါတယ္ ။အဲ့ဒါေၾကာင့္ လုံၿခဳံေရးအဖြဲ႕ေတြဟာ အဲ့ဒီ လုယက္ ဓားျပေတြ ပုန္းေအာင္းေနတဲ့ ေနရာဝန္းက်င္ကို ပိတ္ဆို႔ၿပီး ရွာေဖြ ဖမ္းဆီးေနဆဲျဖစ္တယ္လို႔ သိရပါတယ္ ။

Credit

Unicode

ထောင်ကလွတ်လာတဲ့သူ လူ ၂၀ က စစ်ကိုင်းမြို့နယ်ထဲက ရွာ ၂ ရွာကို ဝင်ပြီး ဓာပြတိုက် လုယက်ဇူလိုင် ၊ ၂၂ ၊ ၂၀၂၁စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ တလိုင်းကျေးရွာက နေအိမ် ၁ လုံးနဲ့ တောင်ရင်းကျေးရွာက နေအိမ် ၁ လုံးမှာ ဇူလိုင် ၂၂ ရက် ဒီမနက် အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်က လူ ၂၀ ခန့်ပါတဲ့ အဖွဲ့ ၁ ဖွဲ့က

ဓားပြတိုက် လုယက်သွားတယ်လို့ လုယက်ခံရတဲ့ ကာယကံရှင်တွေထံက သိရပါတယ် ။တလိုင်းကျေးရွာက လုယက်ခံလိုက်ရတဲ့ ကာယကံရှင် မိသားစုဝင် တစ်ယောက်ပြောတာက ” မနက် ၁ နာရီလောက်မှာ တုတ်တွေ ၊ ဓားတွေ ကိုင်းထားတဲ့ လူ ၂၀ လောက်က အိမ်ထဲဝင်ပြီး ပစ္စည်းတွေလုယူတယ် ၊ ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၂ လုံး ၊ ပိုက်ဆံ သိန်း ၃၀ ပါသွားတယ် ” လို့ ပြောပါတယ် ။ဒါ့အပြင် အဲ့ဒီ လုယက် ဓားပြအဖွဲ့ဟာ တောင်ရင်းကျေးရွာဘက်ကို ဆက်လက်သွားရောက်ပြီး ဦးသိန်းဝင်းရဲ့ နေအိမ်က ဖုန်း ၃ လုံးကို ဝင်ရောက် လုယက်ဓားပြတိုက်ခဲ့တယ်လို့ သိရပတယ် ။ အဲ့ဒီ အဖွဲ့ထွက်သွားပြီးနောက် ရွာမှာ

လူစုပြီး ဝိုင်လိုက်ကြတယ် ၊ ဓားပြအဖွဲ့က ရွာတောင်ဘက်နားက လယ်ခင်းတွေထဲမှာ ပုန်းခိုနေတယ်လို့ သိရတော့ မပြေးနိုင်အောင် ဝိုင်းပိတ်ထားပြီး စခန်းကို အကြောင်းကြားတယ် ၊ ဒီမနက် ၆ နာရီနဲ့ ၇ နာရီအကြားမှာ လုံခြုံရေးအဖွဲ့တွေ ရောက်လာပြီး ဝင်ဖမ်းတယ် ” လို့ တလိုင်းရွာခံ တစ်ယောက်က ပြောပါတယ် ။အဲ့ဒီလို လုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေ ဖမ်းဆီးနေတဲ့အချိန်မှာ ညကလုယက်ယူသွားတဲ့ ဟွန်ဒါ ကလစ်ဆိုင်ကယ် အဖြူရောင် ၁ စီး ၊ ဖုန်း ၂ လုံးနဲ့ လုယက်သူ ၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ် ။” အသာတကြည် ဖမ်းဆီးခံတာ မဟုတ်ပဲ ဆိုင်ကယ်နဲ့ ထွက်ပြေးတယ် ၊ ပစ်ဖမ်း ဖမ်းခဲ့ရတာပါ ၊

မျိုးဝင်းထွန်း အသက် ၃၃ နှစ် ၊ ဦးလှတင့် အသက် ၅၀ နှစ်နဲ့ ကျော်ဇင်ထွန်း အသက် ၃၈ နှစ် ၊ ၃ ဦးကို ညက သက်သေခံ ပစ္စည်းတွေနဲ့အတူမိတယ် ၊ အဲ့ဒီ ၃ ယောက်ထဲက မျိုးဝင်းထွန်းရဲ့ ဘယ်ဘက်ပေါင် ကျည်ဖောက်ဝင် ဒဏ်ရာရတယ် မစိုးရိမ်ရဘူးလို့ စစ်ကိုင်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ာဝန်ကျ ရဲဝန်းထမ်း တစ်ယောက်က ပြောပါတယ် ။ဒါ့အပြင် ဖမ်းဆီးရမိတဲ့ သူတွေရဲ့ ထွက်ဆိုပြောကြားချက်အရ ညက လုယက်ဓားပြတိုက်ဖြစ်စဉ်မှာ လူ ၂၀ ဦး ပါဝင်ခဲ့ပြီး အများစုဟာ ထောင်က ပြန်လည်လွတ်မြောက်လာသူတွေဖြစ်ကြတယ်လို့

သက်ဆိုင်ရာရဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ သိရပါတယ် ။အဲ့ဒါကြောင့် လုံခြုံရေးအဖွဲ့တွေဟာ အဲ့ဒီ လုယက် ဓားပြတွေ ပုန်းအောင်းနေတဲ့ နေရာဝန်းကျင်ကို ပိတ်ဆို့ပြီး ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်တယ်လို့ သိရပါတယ် ။

Credit