Local News

ကိုဗစ်တတိယလှိုင်းမှာpositiveဖြစ်တဲ့သူနဲ့နီးနီးကပ်ကပ်ထိတွေ့မိပေမယ့်ရောဂါလက္ခဏာလုံးဝမပြတာကြောင့်ထူးဆန်းအံ့ဩနေတဲ့သားငယ်

အဆိုတော်သားငယ်ဟာလူထုလှုပ်ရှားမှုများတွင်ပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်ပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုအရေးယူခံထားရတဲ့အတွက်ဘေးကင်းရာသို့တိမ်းရှောင်နေရတာဖြစ်ပါတယ်။သူတိမ်းရှောင်တဲ့နေရာမှာလည်းကိုဗစ်ရောဂါကူးစက်ခံထားရသူတွေရှိနေကြောင်းပရိသတ်တွေကိုအသိပေးဝေမျှထားပါသေးတယ်။

သားငယ်ဟာကိုဗစ်ဒုတိယလှိုင်းမှာPositiveဖြစ်ဖူးပြီးအခုတတိယလှိုင်းမှာလည်းရောဂါဖြစ်နေသူနဲ့အနီးကပ်ထိတွေ့ထားပေမယ့်အခုချိန်ထိဘာရောဂါလက္ခဏာမှမပြသေးတာကြောင့်အံ့ဩနေတာဖြစ်ပါတယ်။အခုလိုဘာလက္ခဏာမှမပြသေးတာကြောင့်စဉ်းစားလို့မရဖြစ်နေပြီးပရိသတ်တွေကိုပါသုံးသပ်ပေးကြဖို့ရေးသားပြောပြလာတာဖြစ်ပါတယ်။

မြို့ပြမဟုတ်တဲ့နေရာမှာတောင်positiveလူနာသည်တွေတော်တော်များနေပြီဖြစ်တဲ့အတွက်မြို့ကအမျိုးတွေအားလုံးကိုဂရုစိုက်ဖို့ကိုလည်းမှာကြားနေတာဖြစ်ပါတယ်။ကိုဗစ်ရောဂါကူးစက်နှုန်းတွေဟာနေ့စဉ်နှင့်အမျှများပြားနေတာကိုစိတ်မကောင်းစွာဖြင့် ကြားသိနေရပါတယ်။

မြို့ပေါ်တွင်နေထိုင်ကြသူတွေသာမကဘဲတောထဲမှာတိမ်းရှောင်နေကြရတဲ့စစ်ဘေးရှောင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများပါကိုဗစ်ရောဂါကူးစက်ခံနေရပြီးအသက်ဆုံးရှုံးမှုတွေကိုပကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။

ဒါ့ကြောင့်အတတ်နိုင်ဆုံးဘယ်မှမသွားဘဲအိမ်ထဲမှာနေထိုင်ခြင်းဟာကပ်ရောဂါဆိုးကြီးကိုထိန်းချုပ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ရောဂါခံစားနေရသူများလည်းအမြန်ဆုံးသက်သာပျောက်ကင်းပြီးချစ်ခင်ရသူတွေနဲ့ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Credit

Unicode