Local News

အာဏာရွင္မွာ ေက်းဇူးတင္စရာ ရွိဦးမွာလား

တစ္ခါက အာဏာရွင္ႀကီးတစ္ေယာက္ ေသခါနီးမွာ သူ႔တျပည့္ ႏွစ္ေယာက္တည္းက တစ္ေယာက္ကို သူ႔ေနရာလႊဲေပးခဲ့ဖို႔ စစ္ေဆးမႈ တစ္ခုလုပ္တယ္တဲ့။

အဲ့ဒီ အာဏာရွင္ႀကီးက သူေသခါနီး သူ႔တပည့္ ႏွစ္ေယာက္ကို သူ႔အနားေခၚၿပီးငါေသရင္မင္းတို႔ ႏွစ္ေယာက္တည္းက တစ္ေယာက္က ငါ့ အ႐ိုက္အရာ ဆက္ခံရမယ္။

ဒါေၾကာင့္ မင္းတို႔ကို ငါ စာေမးပြဲ စစ္မယ္ဆိုၿပီး ပထမ တျပည့္ တစ္ေယာက္ရဲ႕ လက္ထဲကို ငွက္ေလး တစ္ေကာင္ ထည့္ေပးၿပီး

အဲ့ဒီ ငွက္ေလးလဲ မေသေစနဲ႔ ပ်ံလဲ မထြက္သြားေစနဲ႔ မင္းလက္ထဲမွာ အဲ့ဒီ ငွက္ေလးကို ထိန္းထား ဆိုၿပီး ေပးလိုက္တယ္တဲ့။ပထမ တျပည့္ကလဲ အဲ့ဒီ ငွက္ေလး လြတ္သြားမွာ စိုးလို႔ လက္ကို အတင္းညႇစ္ထားေတာ့ အဲ့ဒီ ငွက္ေလးက ေသသြားေရာတဲ့။အဲ့ဒါနဲ႔ အာဏာရွင္ႀကီးက

ဒုတိယ တပည့္ရဲ႕ လက္ထဲ ငွက္ကေလးတစ္ေကာင္ ထပ္ထည့္ လိုက္ျပန္တယ္တဲ့။

ဒုတိယ တပည့္ကေတာ့ ငွက္ကေလး ေသသြားမွာစိုးလို႔ ဖြဖြေလး ကိုင္ထားတယ္တဲ့။အဲ့ဒီမွာပဲ ငွက္ေလးက ျပန္ေျပးပါေလေရာတဲ့။အဲ့ဒီေတာ့မွ

အာဏာရွင္ႀကီးက သူကိုယ္တိုင္ ငွက္ေလးတစ္ေကာင္ကို သူ႔လက္ထဲ ထည့္လိုက္ၿပီး အေမႊးေတြ အကုန္ ဆြဲႏႈတ္ပစ္လိုက္ေရာတဲ့။ေနာက္ၿပီးေတာ့မွ ေသခါနီး အအာဏာရွင္ႀကီးက ငွက္ေလးကို အေမႊးေတြ ႏႈတ္ခဲ့တဲ့ သူ႔လက္ေတြနဲ႔ပဲ အေမႊးေတြ အႏႈတ္ခံရလို႔ေၾကာက္လဲေၾကာက္

အေမႊးေတြ မရွိေတာ့လို႔ ခ်မ္းလဲ ခ်မ္းေနတဲ့ ငွက္ကေလးကို အုပ္ၿပီး အေႏြးဓါတ္ေလးေပးလိုက္သတဲ့။

အဲ့ေတာ့ ငွက္ေလးက အာဏာရွင္ႀကီးရဲ႕ လက္အေႏြးဓါတ္ေလးထဲမွာပဲ ဘယ္ကိုမွ မသြားႏိုင္ ျဖစ္ေနေတာ့သတဲ့။အဲ့ေတာ့မွ အာဏာရွင္ႀကီးက

မင္းတို႔ေတြ အာဏာၿမဲခ်င္ရင္ အေၾကာက္တရားကို အရင္ထည့္ ရတယ္ဆိုတဲ့ သင္ခန္းစာ ေပးသတဲ့။(ပုံျပင္ေလးကေတာ့ ေဆာင္းပါးရွင္ ဆရာ ရဲႏိုင္မိုး ေရးခဲ့တဲ့ ေဆာင္းပါးတစ္ခုထဲ က ေကာက္ႏႈတ္ခ်က္ပါ။ အေရးအသားမ်ား လြဲေကာင္း လြဲႏိုင္ပါတယ္။)

အခုလဲ စစ္အာဏာရွင္ေတြက ေအာက္ဆီဂ်င္ေတြ ရဖို႔ လုပ္ေနၿပီ ဘာျဖစ္တယ္ ညာျဖစ္တယ္ေတြ လုပ္ေနၾကတယ္။

တစ္စက္ကေလးမွ ေက်းဇူးမတင္မိၾကပါနဲ႔အေမႊးေတြ အကုန္ႏႈတ္ၿပီးမွ လက္ဖဝါးကေလးနဲ႔ ေပးတဲ့ အေႏြးဓါတ္ပါ။

အေၾကာက္တရားကို အရင္ထည့္ၿပီးမွ ေပးတဲ့ ဟန္ေဆာင္ပန္ေဆာင္ အေႏြးဓါတ္ပါ။

Credit

Unicode

တစ်ခါက အာဏာရှင်ကြီးတစ်ယောက် သေခါနီးမှာသူ့တပြည့် နှစ်ယောက်တည်းက တစ်ယောက်ကို သူ့နေရာလွှဲပေးခဲ့ဖို့ စစ်ဆေးမှု တစ်ခုလုပ်တယ်တဲ့။

အဲ့ဒီ အာဏာရှင်ကြီးက သူသေခါနီး သူ့တပည့် နှစ်ယောက်ကို သူ့အနားခေါ်ပြီးငါသေရင်မင်းတို့ နှစ်ယောက်တည်းက တစ်ယောက်က ငါ့ အရိုက်အရာ ဆက်ခံရမယ်။

ဒါကြောင့် မင်းတို့ကို ငါ စာမေးပွဲ စစ်မယ်ဆိုပြီး ပထမ တပြည့် တစ်ယောက်ရဲ့ လက်ထဲကို ငှက်လေး တစ်ကောင် ထည့်ပေးပြီး

အဲ့ဒီ ငှက်လေးလဲ မသေစေနဲ့ ပျံလဲ မထွက်သွားစေနဲ့ မင်းလက်ထဲမှာ အဲ့ဒီ ငှက်လေးကို ထိန်းထား ဆိုပြီး ပေးလိုက်တယ်တဲ့။ပထမ တပြည့်ကလဲ အဲ့ဒီ ငှက်လေး လွတ်သွားမှာ စိုးလို့ လက်ကို အတင်းညှစ်ထားတော့ အဲ့ဒီ ငှက်လေးက သေသွားရောတဲ့။အဲ့ဒါနဲ့ အာဏာရှင်ကြီးက

ဒုတိယ တပည့်ရဲ့ လက်ထဲ ငှက်ကလေးတစ်ကောင် ထပ်ထည့် လိုက်ပြန်တယ်တဲ့

ဒုတိယ တပည့်ကတော့ ငှက်ကလေး သေသွားမှာစိုးလို့ ဖွဖွလေး ကိုင်ထားတယ်တဲ့။အဲ့ဒီမှာပဲ ငှက်လေးက ပြန်ပြေးပါလေရောတဲ့။အဲ့ဒီတော့မှ

အာဏာရှင်ကြီးက သူကိုယ်တိုင် ငှက်လေးတစ်ကောင်ကို သူ့လက်ထဲ ထည့်လိုက်ပြီး အမွှေးတွေ အကုန် ဆွဲနှုတ်ပစ်လိုက်ရောတဲ့။နောက်ပြီးတော့မှ သေခါနီး အအာဏာရှင်ကြီးက ငှက်လေးကို အမွှေးတွေ နှုတ်ခဲ့တဲ့ သူ့လက်တွေနဲ့ပဲ အမွှေးတွေ အနှုတ်ခံရလို့ကြောက်လဲကြောက် အမွှေးတွေ မရှိတော့လို့ ချမ်းလဲ ချမ်းနေတဲ့ ငှက်ကလေးကို အုပ်ပြီး အနွေးဓါတ်လေးပေးလိုက်သတဲ့။အဲ့တော့ ငှက်လေးက အာဏာရှင်ကြီးရဲ့ လက်အနွေးဓါတ်လေးထဲမှာပဲ

ဘယ်ကိုမှ မသွားနိုင် ဖြစ်နေတော့သတဲ့။အဲ့တော့မှ အာဏာရှင်ကြီးက မင်းတို့တွေ အာဏာမြဲချင်ရင် အကြောက် တရားကို အရင်ထည့် ရတယ်ဆိုတဲ့ သင်ခန်းစာ ပေးသတဲ့။(ပုံပြင်လေးကတော့ ဆောင်းပါးရှင် ဆရာ ရဲနိုင်မိုး ရေးခဲ့တဲ့ ဆောင်းပါးတစ်ခုထဲ က ကောက်နှုတ်ချက်ပါ။

အရေးအသားများ လွဲကောင်း လွဲနိုင်ပါတယ်။)အခုလဲ စစ်အာဏာရှင်တွေက အောက်ဆီဂျင်တွေ ရဖို့ လုပ်နေပြီ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ လုပ်နေကြတယ်။တစ်စက်ကလေးမှ ကျေးဇူးမတင်မိကြပါနဲ့အမွှေးတွေ အကုန်နှုတ်ပြီးမှ လက်ဖဝါးကလေးနဲ့ ပေးတဲ့ အနွေးဓါတ်ပါ။အကြောက်တရားကို အရင်ထည့်ပြီးမှ ပေးတဲ့ ဟန်ဆောင်ပန်ဆောင် အနွေးဓါတ်ပါ။

Credit