Local News

ဝူဟန်ဓါတ်ခွဲခန်းကို စစ်ဆေးမယ်ဆိုတဲ့ WHO ရဲ့ပြောဆိုမှုကို တရုတ်က လက်မခံ

ကမ္ဘာတဝန်း ကူးစက်ရောဂါဖြစ်ပွားပြီး တနှစ်ခွဲကြာသည်အထိ ကိုဗစ်-၁၉ ဖြစ်ပွားစေသောSARS-CoV-2 ဗိုင်းရပ်စ် မည်သည့်နေရာမှလာသည်ကို မိမိတို့ မသိရသေးပေ။အများစုအမြင်မှာ ထိုဗိုင်းရပ်စ်သည် လင်းနို့များမှလူသားများသို့ ကူးစက်လာသည်ဆိုသည့် အယူအဆဖြစ်သည်။သို့သော် ထိုဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ်ကုန်က ကိုဗစ် စတင်ပေါ်ပေါက်လာသောတရုတ်နိုင်ငံ ဝူဟန်မြို့မှ ဓါတ်ခွဲခန်းတခုမှလုံခြုံရေးစည်း ပေါက်ထွက်လာသည်ဆိုသည့်အယူအဆကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ပိုမိုများပြားလာသည်။ကိုဗစ်ပိုးအစကို ဒုတိယအဆင့်စုံစမ်းဖေါ်ထုတ်ဖို့ဝူဟန်ဓါတ်ခွဲခန်းကိုသေချာစစ်ဆေးရမယ်လို့WHO အကြီးအကဲရဲ့ပြောဆိုမှုအပေါ် အံ့အားသင့်မိတယ်လို့တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ဒုတိယအကြီးအကဲ Zeng Yixin က ပြောပါတယ်။ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zeng Yixin ကပြောခဲ့တာပါ။WHO နဲ့တရုတ်ပညာရှင်တွေ ပူးပေါင်းစစ်ဆေးပြီး ထုတ်ပြန်ထားတဲ့ပထမအဆင့်စုံစမ်းစစ်ဆေးမှုတွေကို

WHO အဖွဲ့ဝင်နိုင်ငံတွေက အတညိပြုထားပြီးဖြစ်လို အဲဒီအစီရင်ခံစာကိုအခြေခံပြီး လုပ်သင့်တယ်လို့ Zeng Yixin ကပြောပါတယ်။အစီရင်ခံစာမှာ ရောဂါပိုးဟာ ဓါတ်ခွဲခန်းစမ်းသပ်မှုကစခဲ့တာမဟုတ်ပဲတရိစ္ဆာန်ကကူးစက်ခဲ့တာဆိုတာ ဖေါ်ပြပြီးဖြစ်တယ်ဆိုပါတယ်။ဓါတ်ခွဲခန်းတွေစစ်ချင်ရင် ပထမအဆင့်မှာ မစစ်ဆေးရသေးတဲ့ဓါတ်ခွဲခန်းတွေကိုပဲ စစ်သင့်တယ်ဆိုပါတယ်။ဝူဟန်ဓါတ်ခွဲခန်းကပညာရှင်တွေ ပထမဆုံးရောဂါကူးစက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကလည်းမဟုတ်မမှန်ဘူးလို့ သူကပြောပါတယ်။ဝူဟန်ဓါတ်ခွဲခန်းဟာ လူသားတွေထိခိုက်စေမဲ့ စမ်းသပ်မှုတွေတခါမှ မလုပ်ခဲ့ဘူးလို့တရုတ်အမျိုးသားဇီဝလုံခြုံ​ရေးဓါတ်ခွဲခန်း ပါမောက္ခ , Yuan Zhiming က ပြောပါတယ်။

ပိုးကူးခံရတယ်ဆိုတဲ့ ဝူဟန်ဓါတ်ခွဲခန်းပညာရှင်တွေရဲ့အမည်ကိုတောင် နိုင်ငံတကာကမပြောနိုင်ပဲနဲ့တဖက်သပ် စွတ်စွဲနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။အမေရိကန်နဲ့အနောက်နိုင်ငံတွေကတော့ တရုတ်အနေနဲ့ရိုးသားပွင့်လင်းမှုရှိရင် ဝူဟန်ဓါတ်ခွဲခန်းကို စစ်ဆေးမှာပေးမတွေ့ရဲရတာလည်းလို့ မေးထားပါတယ်။WHO အကြီးအကဲကိုယ်တိုင်ကလည်း ပထမအကြိမ်စစ်ဆေးခဲ့တုန်းကတရုတ်အာဏာပိုင်တွေဟာ ဝူဟန်ဓါတ်ခွဲခန်းကိုအပြည့်အဝစစ်ဆေးခွင့်မပေးခဲ့ဘူးလို့ပြောထားပါတယ်။

Credit

Unicode