Nhi ဆိုတဲ့ခလေးမလေးဟာအာဟာရချို့တဲ့မှုကြောင့်၊ပိန်ချုံးပီးကိုယ်အလေးချိန်(3.5ပေါင်)သာရှိပီး၊ကျန်းမာရေးမကောင်းတဲ့ခလေးမလေးတစ်ဦးဖြစ်ပါတယ်။တနေ့မှာတော့Tamဆိုတဲ့အသက်(24)နှစ်
အရွယ်ကောလိပ်ကျောင်းသူလေးဟာ၊Nhiကိုခလေးစောင့်ရှောက်ရေးဂေဟာတခုမှာတွေ့ရှိခဲ့ပါတယ်။ထို့နောက်Tamဟာကျန်းမာရေးချို့တဲ့ပီး၊ပိန်ချုံးနေတဲ့Nhiကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။Tamဟာမိခင်တစ်ယောက်အတွေ့ကြုံမရှိဖူးပေမဲ့လဲ၊Nhiကိုသမီးရင်းတစ်ယောက်လိုသေချာပြုစုစောင့်ရှောက်ပီး၊လိုအပ်တဲ့ဆေးဝါးကုသမှုတွေကိုလဲပြုလုပ်ပေးခဲ့ပါတယ်။
Nhiကိုလဲသူမကိုယ်တိုင်ပဲတစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့တာပါ။အစပိုင်းမှာတော့Tamရဲ့မိဘတွေဟာ၊Nhiကိုမွေးစားဖို့သဘောမတူခဲ့ကြပါဘူး။
အချိန်ကြာလာတာနဲ့အမျှTamရဲ့လုပ်ရပ်ကိုတဖြည်းဖြည်းလက်ခံခဲ့ကြပါတယ်။အခြားသူများကတော့Tamကိုအိမ်ထောင်ကျရင်၊
Nhiကြောင့်အိမ်ထောင်ဖက်နဲ့အဆင်မပြေဖြစ်ရမှာကိုစိတ်ပူခဲ့ကြပါတယ်။Tamရဲ့အိမ်ထောင်ဘက်က၊မွေးစားထားတဲ့ခလေးနဲ့Tamကိုစိတ်ပျက်မိမှာကိုစိုးရိမ်ခဲ့ကြတာပါ။
Tamကတော့Nhiကိုလိုအပ်တဲ့ဆေးကုသမှုမျိုးစုံနဲ့၊အာဟာရပြည့်တဲ့အစားစာတွေနဲ့ပြုစုခဲ့တဲ့အခါမှာတော့Nhiဟာတဖြည်းဖြည်းနဲ့
ဝဖြိုးပီး၊ကျန်းမာတဲ့ချစ်စရာကောင်မလေးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့Tamဟာအိမ်ထောင်ကျခဲ့ပီး၊ယခုအခါမှာတော့အိမ်ထောင်ဘက်နဲ့အတူNhiလေးနဲ့ပါအတူတကွပျော်ရွှင်စွာနေထိုင်ခဲ့ကြပါပီ။Tamရဲ့အမျိုးသားကလဲ၊Nhiလေးကိုသမီးရင်းသဖွယ်
ချစ်ခင်ပီးထိန်းကူပေးတဲ့အတွက်ကြောင့်၊Tamခမျာအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။Nhiလေးရဲ့တဘဝလုံးကိုပြောင်းလဲပေးခဲ့တဲ့၊Tamရဲ့လုပ်ရပ်လေးကိုလဲအများကချီးကျူးမဆုံးဖြစ်ခဲ့ကြပါတယ်။
Credit
Unicode
အရိုးပေါ်အရေတင်ဖြစ်နေပီးအာဟာရချို့တဲ့နေတဲ့ခလေးငယ်ကိုမွေးစားခဲ့ပီးနောက်၊ချစ်စရာကောင်းပီးကျန်းမာသန်စွမ်းတဲ့ခလေးဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့တဲ့မိန်းခလေးငယ်တစ်ဦးရဲ့လေးစားဖွယ်လုပ်ရပ်
Nhi ဆိုတဲ့ခလေးမလေးဟာအာဟာရချို့တဲ့မှုကြောင့်၊ပိန်ချုံးပီးကိုယ်အလေးချိန်(3.5ပေါင်)သာရှိပီး၊ကျန်းမာရေးမကောင်းတဲ့ခလေးမလေးတစ်ဦးဖြစ်ပါတယ်။တနေ့မှာတော့Tamဆိုတဲ့အသက်(24)နှစ်အရွယ်
ကောလိပ်ကျောင်းသူလေးဟာ၊Nhiကိုခလေးစောင့်ရှောက်ရေးဂေဟာတခုမှာတွေ့ရှိခဲ့ပါတယ်။ထို့နောက်Tamဟာကျန်းမာရေးချို့တဲ့ပီး၊ပိန်ချုံးနေတဲ့Nhiကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
Tamဟာမိခင်တစ်ယောက်အတွေ့ကြုံမရှိဖူးပေမဲ့လဲ၊Nhiကိုသမီးရင်းတစ်ယောက်လိုသေချာပြုစုစောင့်ရှောက်ပီး၊လိုအပ်တဲ့ဆေးဝါးကုသမှုတွေကိုလဲပြုလုပ်ပေးခဲ့ပါတယ်။Nhiကိုလဲသူမကိုယ်တိုင်ပဲတစ်ယောက်တည်းပြုစုစောင့်ရှောက်ခဲ့တာပါ။
အစပိုင်းမှာတော့Tamရဲ့မိဘတွေဟာ၊Nhiကိုမွေးစားဖို့သဘောမတူခဲ့ကြပါဘူး။အချိန်ကြာလာတာနဲ့အမျှTamရဲ့လုပ်ရပ်ကိုတဖြည်းဖြည်းလက်ခံခဲ့ကြပါတယ်။အခြားသူများကတော့Tamကိုအိမ်ထောင်ကျရင်၊
Nhiကြောင့်အိမ်ထောင်ဖက်နဲ့အဆင်မပြေဖြစ်ရမှာကိုစိတ်ပူခဲ့ကြပါတယ်။Tamရဲ့အိမ်ထောင်ဘက်က၊မွေးစားထားတဲ့ခလေးနဲ့Tamကိုစိတ်ပျက်မိမှာကိုစိုးရိမ်ခဲ့ကြတာပါ။Tamကတော့Nhiကိုလိုအပ်တဲ့ဆေးကုသမှုမျိုးစုံနဲ့၊အာဟာရပြည့်တဲ့အစားစာတွေနဲ့ပြုစုခဲ့တဲ့အခါမှာတော့Nhiဟာတဖြည်းဖြည်းနဲ့ဝဖြိုးပီး၊
ကျန်းမာတဲ့ချစ်စရာကောင်မလေးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့Tamဟာအိမ်ထောင်ကျခဲ့ပီး၊ယခုအခါမှာတော့အိမ်ထောင်ဘက်နဲ့အတူNhiလေးနဲ့ပါအတူတကွပျော်ရွှင်စွာနေထိုင်ခဲ့ကြပါပီ။Tamရဲ့အမျိုးသားကလဲ၊Nhiလေးကိုသမီးရင်းသဖွယ်ချစ်ခင်ပီးထိန်းကူပေးတဲ့အတွက်ကြောင့်၊Tamခမျာအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်။Nhiလေးရဲ့တဘဝလုံးကိုပြောင်းလဲပေးခဲ့တဲ့၊Tamရဲ့လုပ်ရပ်လေးကိုလဲအများကချီးကျူးမဆုံးဖြစ်ခဲ့ကြပါတယ်။
Credit