၇)ရက်သားသမီးများ အတွက်22.July.2021 မှ 28.J uly.2021အထိတစ်ပတ်စာဟောစာတမ်းတနင်္ဂနွေ
ဒီကာလမှာ ဆွေမျိုးသားချင်းတွေ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲရမဲ့ကာလပါပဲ။ မိတ်ဆွေအပေါင်း အသင်း အထက်လူကြီးတွေရဲ့ကူညီမစခြင်းကိုတော့ ရမဲ့ကာလပါ။
တစိမ်းမိန်းမတစ်ယောက်က အကူအညီပေးမဲ့ အချိန်ပါ။ အများနဲ့စုပေါင်းလုပ်ရသောအလုပ်၊အတူတကွတတ်ညီလက်ညီလုပ်ရသောကိစ္စရပ် တွေမှာ အောင်မြင် မှုရပါလိမ့်မယ်။ကိုယ်တိုင်ကိုယ်ကျဦးစီးဦးဆောင်ပြု၍ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းကိစ္စရပ် တို့တွင် လည်းကောင်း၊ သူများဝန်ထမ်းနေရသူတို့တွင်လည်းကောင်း ရပ်တည်နိုင်ဖို့ အထူးကြိုးစားပြီး လုပ်နေရတတ်ပါ သည်။ ဒီကာလဟာတနင်္ဂနွေသားသမီးတွေအတွက် အကောင်းအဆိုးရောထွေးနေတဲ့အချိန်ပါ။
မိမိတွင် ချစ်သူရှိ နေသော်လည်း မိမိအား ချစ်ရေးဆိုသူတို့ ရှိနေတတ်ပါသည်။ ပူပင်မှုအနည်းငယ် ရှိနေ တတ်သော်လည်း အချစ်ရေး ကောင်းမွန်နေတတ်ပါသည်။ အိမ်ထောင်မရှိလျှင် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ရေး သင့်ပေမဲ့ ကြားလူတွေကြောင့်စိတ်ဝမ်းကွဲရတတ်ပါတယ်။ပညာရေးနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေတတ် ပါသည်။ ကျန်းမာ ရေး ကတော့ အဖျားအနာရောဂါ၊ ခေါင်းအုံ၊ ခေါင်းမူးခြင်း၊ ခန္ဓာကိုယ် အရေပြား ပေါ်၌ ယားနာများ၊ အရေပြားရောဂါ၊
မျက်ရိုးကိုက်ခြင်း၊ မျက်စိနာခြင်း၊ ၊ မျက်စိမှုံခြင်းများ စသည်တို့ကို သတိထားသင့်ပါသည်။အကျိုးပေးဂဏန်း -၈၊၅၊၄အထူးဟော -ကျန်းမာရေး ဂရုစိုက်ပါ။ယတြာ -ရဟန်းသံဃာတွေကိုအားဆေးလှူလိုက်ပါ။
တနလၤာ
စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံးဖြတ် ချက် ချ ပါ။ ဒီကာလာဟာ မိမိစိတ်ကူးအတိုင်း ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့ အဆိုးတွေကြုံရဖို့ နည်းမှာပါ။ အလုပ်ထဲမှာ အလွန်စိတ်ညစ်ရမဲ့ကိစ္စတွေကြုံလာရတတ်ပါတယ်။ စီးပွားရေးကံမကောင်းသေးပါဘူး။ ရွှေငွေ လက်ဝတ်ရတနာတွေ ထွက်တတ်ပါတယ်။ မိသားစုအတွင်း မကြေလည်မှုတွေများနေတတ်တယ်။ငွေက ညံ့နေတဲ့အတွက် ရစရာရှိတာတွေမရနိုင်သေးသလို ပေးစရာရှိတာတွေလဲမပေးနိုင်သေးတဲ့အချိန်ပါ။မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် ပတ်သက်သော လူမှုပေါင်းသင်းဆက်ဆံရေးတွင်
အဆင်ပြေဆုံးဖြစ် အောင် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်စွမ်းများရှိဖို့လိုသည်။ စီးပွားဖက်များနှင့်လဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား၍ လိုက်လျော ညီထွေစွာ ပြောဆိုပေါင်းသင်း ဆက်ဆံနိုင်စွမ်းရှိမှာသာ အဆင်ပြေ လိမ့်မယ်။ချစ်သူမရှိလျှင် ချစ်သူတွေ့ရ တတ် သလို ချစ်သူရှိပြီးလျှင်လည်း ချစ်သူသစ်ကို တွေ့ရ တတ်ပါ သည်။
မိမိအားချစ်ခင်နှစ်သက်သူတို့ ရှိနေတတ်ပါသည်။ ချစ်သူနှင့် မထင်မှတ်ပဲ မှားယွင်းတတ် ပါသည်။ အိမ်ထောင်ရေး အညံ့ဆုံးမဟုတ်သော်လည်း မကောင်းသေးပါ။ ကျန်းမာရေးကတော့ကြီးကြီးကျယ်ကျယ် ရောဂါဝေဒနာများ မရှိတတ်သော်လည်း အနည်းငယ်တော့ သတိထားရ တတ် ပါသည်။အကျိုးပေးဂဏန်း ၂၊၅၊၄အထူးဟော ကံညံနေသည်။ယတြာ ကိတ်မုန့်ဝယ်ပြီးခွေးစာကျွေးလိုက်ပါ
အဂၤါ
ဒီကာလဟာအလုပ်တာဝန်တွေပိနေချိန်ပါပဲ။ ဒါကြောင့်ပဲ လူလဲပင်ပန်းရသလို စိတ်လဲပင်ပန်းရတတ်ပါ တယ်။ အိပ်ချိန်ကလွဲပြီးကျန်အချိန်တွေအလုပ်ရှုပ်နေရမယ်။ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းကိစ္စ ရပ်များ အရှိန်အဟုန်မပျက် ဆက်လက် လည် ပတ်နိုင်ရန်အတွက် တစ်ချို့သော လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍
လုပ်ကိုင်ဆောင်ရွက် နေရတတ် ပါ သည်။ ချစ်သူ၊ ခင်သူ ပေါများနေတတ်သော်လည်း အချစ်ရေးတွင် စိတ်တိုင်းကျမှု နည်းပါးနေတတ် ပါ သည်။သစ္စာရှိသော ချစ်သူ ရှားပါးနေတတ်ပါသည်။ အချစ်ရေး မကောင်းသေးသော်လည်း သင့်ပါသည်။ အိမ်ထောင် ရေးတွင် အခက်အခဲအနည်းငယ် ရှိနေတတ်ပါသည်။အိမ်ထောင်ရှိပြီးသူများလည်း မောင် တစ် ရွာ၊ မယ်တစ်မြို့ ခွဲခွာ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေရတတ်ပါသည်။ မိမိသင်ကြားမှုပြုနေသော ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ တွင် သဘောမပေါက် မရှင်းလင်းသော ဘာသာရပ်ဆိုင်ရာများအတွက် ကျွမ်းကျင်လိမ်မာသော ဆရာကောင်းများ ထံတွင်ဖြစ်စေ၊
နားလည်တဲ့ သူငယ်ချင်းထံတွင်ဖြစ်စေလေ့လာဖို့ အထူးလိုအပ်ပါတယ်။ကျန်းမာရေးတွင် ကြီးမား သော ရောဂါဝေဒနာများ မဖြစ်ပေါ်တတ်ပါ။ သို့သော် နားနှင့် ပတ်သက်သော ရောဂါ၊ နှာခေါင်းနှင့် ပတ်သက်သော ရောဂါ၊
ရေနှင့်ပတ်သက်သော အန္တရာယ် စသည်တို့ကို အထူးသတိပြုပါ။အကျိုးပေးဂဏန်း ၇၊၆၊၃အထူးဟော အလုပ်ရှုပ်မည်။ယတြာ ရွက်လှလေးညွှန့် ဘုရားလှူ ပါ။ဗုဒၶဟူး၊ရာဟု
ရပ်ဝေးမှ ဧည့်ကောင်းဆောင်ကောင်းများလဲ ရောက်လာတတ်ပါတယ်။ စီးပွားရေးတွေ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ အထိုင်အလုပ်များ၊ကိုယ်ပိုင်စီးပွားရေးများ အထူးပဲ အကျိုးဖြစ်ထွန်းမဲ့အချိန်ပါပဲ။ အထက်အလူကြီးများနှင့် ပတ်သက်၍ လည်းကောင်း၊အောက်လက်ငယ်သားများနှင့်ပတ်သက်၍လည်းကောင်း အဆင်ပြေမှုရှိစေရန် ကြား ကနေ စေ့စပ်ညှိနှိုင်း ပြုရတတ်ပါသည်။
သို့သော် မိမိနှင့် အဆင့်တူ၊ အတန်းတူ ရှိသော သူများ၏ အထင်လွဲခြင်း၊ အမြင်မကြည်ခြင်းနှင့် မကောင်း ပြောခြင်းများကို ကြုံတွေ့ရတတ် ပါသည်။ ယှဉ်ပြိုင်တိုက် ခိုက် မှုများကြားမှ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲ အနည်းငယ် ရှိနေတတ်ပါ သည်။
အရှိန် အဟုန်မပျက် ဆက်လက်လည်ပတ်နိုင်ရန် သည်းခံပြီးဆက်သွားနိုင်ဖို့လိုပါ တယ်။ ချစ်ရေးဆိုသူတို့ ရှိနေတတ် ပါသည်။ အချစ်ရေး အပြောင်းအလဲ ဖြစ်တတ်ပါသည်။အချစ်ရေးကောင်းနေတတ်ပါသည်။ လူသိ ရှင်ကြား မဟုတ်သော်လည်း မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါသည်။ဇွဲ၊ ဝီရိယ အားစိုက်မှု ကောင်းနေခြင်း ကြောင့်လည်း ပညာရေးတွင် အောင်မြင်မှုများ ရရှိတတ်ပါသည်။ ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပါ။ သို့သော် အနည်းငယ်တော့ သတိထားရတတ်ပါသည်။ ရာသီ အပြောင်းအလဲတွင်
ဖြစ်တတ်သော ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးတုန်၊ ရင်ခုန်၊ မောပန်းနွမ်းနယ်ခြင်းများကြုံရနိုင်ပါတယ်။အကျိုးပေးဂဏန်း ၇၊၄၊၈အထူးဟော ဆွတ်ပျံကြည်နူးစရာကောင်းတဲ့အချိန်ပါ။ယတြာ ရဟန်းသံဃာတွေကို ထန်းလျက်များများလှူပါ။
ကြာသပတေး
ရှယ်ယာအလုပ်များအထူးအလုပ်များရမဲ့အချိန်ပါပဲ။အရာရာကိုအမှန်အတိုင်းပြောဆိုတာက အကောင်းဆုံး အခြေ အနေတစ်ခုကိုဖန်တီးပေးပါလိမ့်မယ်။ အိုးအိမ်ကိစ္စ ၊နေရာထိုင်ခင်းကိစ္စ ၊အမွေကိစ္စတွေ အဆင်ပြေမဲ့ အချိန် ပါ။ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများတွင် အတိုက်အခံများနှင့်အခက်အခဲများ ကြုံနေရ တတ်ပါ သည်။ အများနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းကိစ္စရပ်များတွင် အဆင်ပြေနိုင်သည်။မိမိနေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ပြောဆိုပေါင်းသင်းရမှုများတွင် များသောအားဖြင့် အဆင်ပြေမှုများ ရရှိနေတတ်ပါ သည်။ တစ်ခါတစ်ရံ အထင်လွဲခံရတတ်ခြင်းနှင့် မကောင်းပြောဆိုခြင်း များကို ကြုံတွေ့ရတတ်ပါ သည်။
စီးပွားရေး ကိစ္စများ၊ လုပ်ငန်းတာဝန်များတစ်ဖက်နှင့် ပညာရေးကို ကြိုးစားနေရတတ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြားမှ ပညာသင်ကြားမှုပြုနေရသည့်အတွက်အပင်ပန်းခံရတတ်ပါသည်။ကျန်းမာ ရေးတွင်လေထိုးလေ အောင့် ဖြစ်ခြင်း၊ ဆေးထိုးဆေးစားမှား၍ ရောဂါဖြစ်ခြင်း၊ စသည်တို့ကို သတိပြုရတတ် ပါသည်။
မိမိ၏ အချစ်ရေးတွင် ကြားလူ ဝင်ရှုပ်မှုများ၊အနှောက်အယှက်များလည်း ဖြစ်နေတတ်ပါသည်။ သို့သော် အချစ်ရေး သင့် ပါသည်။ မုဆိုးဖို၊ မုဆိုးမ ၊တစ်ခုလတ်တို့က လာရောက်ချစ်ရေးဆိုတာမျိုးကြုံရ တတ်ပါတယ်။
အိမ်ထောင်ရေးမှာ တော့ အဘက်ဘက်က စိတ်ချမ်းသာစရာများပါတယ်။အကျိုးပေးဂဏန်း ၂၊၁၊၅အထူးဟော စုတ်(သို့) လာဘ်ဝင်မည်။ယတြာ မြေပဲကြော် ဘုရားကပ်ပါ။သောကြာ
ပြောဆို ဆုံးမရခက်တဲ့ သားသမီးတွေကြောင့် စိတ်ညစ်ရမယ်။ မိသားစုအတွင်း မပြေလည်မှုတွေ များ နေမယ်။ စကားအပြောအဆိုမဆင်ခြင်တာမျိုး ၊သတိမမူဘဲ ပြောမိလိုက်သောစကားတစ်ခွန်းကြောင့် ဖြေရှင်း ရလိမ့်မယ်။ ကံကြမ္မာ အနည်းငယ်ညံ့နေချိန်ပါပဲ။
အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ သေချာကြံစည်လုပ်ကိုင် ထားသောအလုပ်တွေပျက်ရတတ်တယ်။ ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ ကာလပါ။ကျန်းမာရေးနှင့် ပတ်သက်၍ ထွေထွေထူးထူးရောဂါများ မဖြစ်ပေါ်တတ်သော်လည်း အနည်းငယ် တော့ သတိထားရတတ်ပါသည်။
သည်းခြေမှစ၍ဖြစ်သောရောဂါ၊ အပူကြောင့်ဖြစ်သောရောဂါများ ဖြစ်ရ တတ် ပါ တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်မယ်။ နောက်ကျောကို ဓားနဲ့ထိုးမဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက်သတိထားပါ။ အချစ်ရေးကောင်း နေတတ်ပါသည်။လုပ်ဖေါ်ကိုင်ဖက် အပေါင်းအသင်းများထဲမှ ချစ်သူ တွေ့ရတတ် ပါသည်။ သို့သော် ဘာသာမတူ၊ လူမျိုးကွဲဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရေး မကောင်း သေး ပါ။ အိမ်ထောင်ဘက်နှင့် ပဋိပက္ခဖြစ်နေတတ်ပါ သည်။ ပညာရေးအတွက် အကူအညီ အထောက်အပံ့များ ရရှိ တတ်ပါသည်။
ပညာရေးအတွက် ဇွဲ၊ ဝီရိယ စွမ်းအား စိုက်ထုတ်မှုများသာ မိမိကအားစိုက်ဖို့လိုပါတယ်။အကျိုးပေးဂဏန်း ၈၊၄၊၅အထူးဟော စကားပြောဆင်ခြင်တာအညံ့အဆိုးတွေ ကင်းပါလိမ့်မယ်။ယတြာ ဝါဆိုသင်္ကန်းကပ်လှူ ပေးပါ။
စေန
လူအများကြား ထင်ပေါ်ပါလိမ့်မယ်။ လူအများရဲ့ယုံကြည်ခြင်းခံရမည်။ဒီကာလအတွင်းမိမိတို့ဖြစ်ချင်တာ တွေကို ဖြစ်အောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင် ဖြစ်ရ တတ်ပါတယ်။ အတွေးမှန် အမြင်မှန် အယူအဆမှန်ကန်မှုကြောင့် ကောင်းကျိုးတွေဖြစ်ထွန်းနေမှာပါပဲ။ ခရီး သွားဖို့လဲ အကြောင်းဖန် လာပါလိမ့်မယ်။ အယူအဆမတူ အတွေးအခေါ်မတူသူတွေကြား မိမိကစေ့စပ်ညှိုနှိုင်း ပေးလိုက် ခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။ဒီကာလအတွင်း အမှုကိစ္စကြုံရသူတွေ အမှုအခင်းနိုင်ပါလိမ့်မယ်။ စိတ်ဝမ်းကွဲနေသူများအားနားဝင်အောင်ပြောပြခြင်းဖြင့်အဆင်ပြေပါလိမ့်မယ်။စုပေါင်းလုပ်ကိုင်ဆောင်ရွက်နေသေ
ာ စီးပွားရေး လုပ်ငန်းကိုင်ငန်းတို့တွင် အောင်မြင်မှု၊ မြက်စွန်းမှု ရရှိနေတတ်ပါသည်။ သူများကဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ တွင် အနည်းငယ်မှေးမှိန်နေတတ်ပါသည်။ ချစ်သူဟောင်း၏ စွန့်ခွာမှုကို ခံရတတ်ပါသည်။ ချစ်သူအသစ်၏ ချစ်ရေးဆိုမှုကိုလည်း ခံရတတ် ပါသည်။
အိမ်ထောင်ရေးမှာတော့ အသောက်အစားများနေတဲ့အိမ်ထောင်ဘက်ကြောင့်စိတ်ညစ်ရတတ်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်းစွမ်းမှု ရှိနေ တတ်သလို ကျန်းမာရေး ဝေဒနာ လည်း နည်းပါးနေတတ်ပါသည်။သို့သော်သွေးသားမသန့်ရှင်းမှုတို့ကြောင့် ဖြစ်တတ် သော အရေပြားရောဂါကိုတော့သတိထားပါ။အကျိုးပေးဂဏန်း ၇၊ဝ၊၄အထူးဟော လိမ်မပြောပါနဲ့။ယတြာ ပေါင်မုန့် ၅ချပ်ဘုရားကပ်လှူပါ။၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ) အားခရက်ဒစ်ပေးပါသည်
Credit
Unicode
၇)ရက်သားသမီးများ အတွက်22.July.2021 မှ 28.J uly.2021အထိတစ်ပတ်စာဟောစာတမ်းတနင်္ဂနွေ
ဒီကာလမှာ ဆွေမျိုးသားချင်းတွေ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲရမဲ့ကာလပါပဲ။ မိတ်ဆွေအပေါင်း အသင်း အထက်လူကြီးတွေရဲ့ကူညီမစခြင်းကိုတော့ ရမဲ့ကာလပါ။တစိမ်းမိန်းမတစ်ယောက်က အကူအညီပေးမဲ့ အချိန်ပါ။ အများနဲ့စုပေါင်းလုပ်ရသောအလုပ်၊အတူတကွတတ်ညီလက်ညီလုပ်ရသောကိစ္စရပ် တွေမှာ အောင်မြင် မှုရပါလိမ့်မယ်။ကိုယ်တိုင်ကိုယ်ကျဦးစီးဦးဆောင်ပြု၍ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းကိစ္စရပ် တို့တွင် လည်းကောင်း၊ သူများဝန်ထမ်းနေရသူတို့တွင်လည်းကောင်း ရပ်တည်နိုင်ဖို့ အထူးကြိုးစားပြီး လုပ်နေရတတ်ပါ သည်။ ဒီကာလဟာတနင်္ဂနွေသားသမီးတွေအတွက် အကောင်းအဆိုးရောထွေးနေတဲ့အချိန်ပါ။