Local News

ပရိသတ်တွေမမြင်ဘူးသေးတဲ့ သူမရဲ့အထက်တန်းကျောင်းသူဘဝက ကာယအလှမယ်အမှတ်တရပုံရိပ်လေးတွေကိုပြန်လည်မျှဝေလိုက်တဲ့ နီနီခင်ဇော်

နီနီခင်ဇော်ကတော့ပရိသတ်အရွယ်သုံးပါးရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာငယ်ငယ်ကတည်းက အနုပညာဝါသနာပါလာခဲ့ပြီးပြိုင်ပွဲများစွာမှာလည်း အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အထက်တန်းကျောင်းသူဘဝတုန်းကလည်း ကာယအလှမယ်ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များစွာကိုသိမ်းပိုက်ရရှိထားနိုင်ခဲ့ပါသေးတယ်။ ၂၀၀၇ခုနှစ်ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲမှာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့နီနီခင်ဇော်ဟာ ပရိသတ်တွေမမြင်ဖူးသေးတဲ့၂၀၀၅-၂၀၀၆ခုနှစ်က အထက်တန်းကျောင်းသူဘဝက ကာယအလှမယ်အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာခဲ့ပါတယ်။ အဲဒီပုံရိပ်လေးတွေကိုတော့နီနီခင်ဇော်ကသန်မာထွားကြိုင်းတယ်ယှဉ်တကိုယ်မယ်အစချီတဲ့သီချင်းလေးနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်က ပရိသတ်တွေမမြင်ဖူးသေးတဲ့ အထက်တန်းကျောင်းသူဘဝအမှတ်တရပုံလေးတွေပါကျောင်းသူဘဝထဲကအားကစားလုပ်ဖို့ မေမေကတိုက်တွန်းပေးခဲ့ပါတယ် ရေကူး,ကိုယ်ကာယအလှတွေဆော့ခဲ့ရတယ်။

၂၀၀၇ ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲစပြိုင်ဖြစ်တာပါ (ပြိုင်ပွဲတွေပြိုင်ဖူးသမျှ ရဖူးခဲ့တဲ့အမှတ်တရဆုတွေထဲမှာမှ တချိန်တခါကကာယအလှမယ်ဆိုတဲ့ပြိုင်ပွဲလေးတွေလည်းအများကြီးပြိုင်ခဲ့ဖူးလေရဲ့အခုတော့သီချင်းအသစ်တွေအသံသွင်းနေတယ် ကျန်တာမသိတော့ဘူးဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Credit ငြိမ်းနိုင်