Local News

သမ္မတဖြစ်ရေး ဆန္ဒပြင်းပြနေတဲ့ တပ်ချုပ်မင်းအောင်လှိုင် သမ္မတဖြစ်နိုင်လား

ဒီရက်ပိုင်း ဒီမေးခွန်းက ပြည်သူလူထုအကြားမှာ အတော့်ကို ရေပန်းစားနေပါတယ်။ဒီမေးခွန်းဘယ်ကဖြစ်ပေါ်လာသလဲဆိုရင် “ပြည်သူလူထုရဲ့ဆန္ဒအရ နိုင်ငံရေးဆက်လုပ်သွားဖို့ရှိနေပါတယ်ဆိုတဲ့ မအလ ရဲ့ပြောစကားရယ်၊

ဗိုလ်ချုပ်မှူးကြီးဟာ ဒီ့ထက်မြင့်မားတဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ဖို့ရှိပါတယ်”ဆိုတဲ့ အများသိကြတဲ့ နက်ဂေးတစ် (ခေါ်) ဗိုလ်မှူးချုပ်ဇော်မင်းထွန်းရဲ့ ပြောစကားကြောင့် ဒီမေးခွန်းဖြစ်ပေါ်လာရတာပါ။နိုင်ငံ့အကျိုးကိုမကြည့်တဲ့ ဘောမမီဒီယာအချို့ကလည်း ဝိုင်းလှော်ကြတာလည်းပါတာပေါ့။နောက်တစ်ခုက အခုနောက်ပိုင်း မအလ ကိုယ်တိုင်က စစ်သားဖြစ်ပြီးစစ်သားစကားမပြော ၊စစ်သားအလုပ်မလုပ်ပဲ နိုင်ငံရေးစကားနိုင်ငံရေးအလုပ်တွေကိုပဲလုပ်နေတာကြောင့်ပါ။ဥပမာ-ဗလီတွေပြုပြင်မွမ်းမံတာ လှူဒါန်းတာ၊YMBAလို

အသင်းကြီးကို ငွေကြေးထောက်ပံ့တာ ၊ညှိုးနွမ်းချို့တည့်တဲ့ ဘယ် မိဘမဲ့ဂေဟာ ဘယ်ဘိုးဘွားရိပ်သာမှ မလှူဒါန်းပါပဲ လူသိများတဲ့ အရမ်းချမ်းသာတဲ့သီတဂူဆရာတော်ကြီးချည်းပဲလှူဒါန်းတာတို့၊ လက်ရှိကြုံနေတဲ့ Covid 19ကပ်ဘေးကာလမှာတောင် ကူညီရေးတွေကို အစိုးရလက်အောက်ကလုပ်တာမဟုတ်ပဲ တပ်မတော်

ကဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်ကသီးသန့်လုပ်နေတာတွေ စတဲ့ ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် သူ့ခြေလှမ်းတွေ ဘယ်ကိုဦးတည်နေလဲဆိုတာ သိသာကြီးပါ။ဟုတ်ပြီ သမ္မတဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ ဆက်တွေးကြည့်မယ်။ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သမ္မတဆိုတာ ပြည်သူကရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ နိုင်ငံရေးအင်အားစု သို့မဟုတ် ပါတီတစ်ခုကနေပြီး ဖြစ်ပေါ်လာတာပါ။ဒီလိုရွေးချယ်တင်မြှောက်ခံရဖို့ဆိုရင် ပြည်သူလူထုအားပေးထောက်ခံမှုရှိဖို့လိုပါတယ်။

(ဒီလိုပြောလို့ အမေစုကိုပြည်သူလူထုကအားပေးထောက်ခံတာပဲ ဘာကြောင့်သမ္မတမဖြစ်တာလဲဆိုပြီး ကပ်သပ်မေးချင်ပါလိမ့်မယ်… အဲ့ဒါကတော့ခင်များတို့ကျုပ်တို့သိထားတဲ့အတိုင်း မတရားတဲ့ 2008 ခြေဥကြောင့်ပေါ့ဗျာ)ကဲ ခုနကအကြောင်း ဆက်ရအောင်မအလ သမ္မတဖြစ်ဖို့ ပြည်သူလူထု ဘယ်လောက်အထိထောက်ခံမှုရှိလဲလို့ ကြည့်လိုက်တဲ့အခါမှာ….ဒီနေရာမှာ စာဖတ်သူတို့ ပြုံးစိစိဖြစ်သွားလိမ့်မယ်သာမာန်အားဖြင့်ကြည့်လျှင် စစ်တပ်ဆိုတာ နိုင်ငံတစ်ခုရဲ့ ကာကွယ်ရေးကိစ္စအဝဝကိုတာဝန်ယူထားရတဲ့ ဌာနတစ်ခုရယ်ပါ…ဒါက ဒီမိုကရေစီကျင့်သုံးနေတဲ့နိုင်ငံတိုင်းရဲ့ စံချိန်ပါ။

ကျနော်တို့နိုင်ငံမှာတော့ အဲ့လိုမဟုတ်ပါဘူး။သူတို့အလိုကျရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥကြီးကိုအကြောင်းပြုပြီး (အခန်းတွေ ပုဒ်မတွေနဲ့မရေးတော့ဘူး ခနခနရေးနေတာဆိုတော့ လူ အမြင်ကပ်မှာစိုးလို့) ဒုသမ္မတတစ်ယောက် တပ်မတော်ကတင်မြှောက်ခွင့်ရှိတယ်၊နိုင်ငံရဲ့အရေးအကြီးဆုံး ဝန်ကြီးဌာန သုံးခုရဲ့ဝန်ကြီး ဒုဝန်ကြီးတွေခန့်

အပ်ခွင့်ရှိတယ်(ဒဲ့ပြောရရင် ဝန်ကြီးဌာနသုံးခု ကွပ်ကဲပိုင်ခွင့်ရှိတယ်)၊ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကမှ ရွေးချယ်စရာမလိုပဲ လွှတ်တော်ထဲကို ၂၅ ရာခိုင်နှုံးသောတပ်မတော်သားကိုယ်စားလှယ် တွေ အော်တို အခန့်သား ထိုင်ခွင့်ရှိတယ်(ကန့်လန့်တိုက်ခွင့်ရှိတယ်)။

အထက်ပါအချက်တွေလောက်နဲ့ကို တပ်မတော်ဟာပြည်သူလူထုထောက်ခံမှု ဘယ်လောက်ရှိတယ်မရှိဘူး သိကြလောက်ပါပြီ။အဲ့ဒီအချက်တွေကိုမကြိုက်လို့လည်း၂၀၀၈ခြေဥ ပြင်ဆင်ရေးထောက်ခံပွဲကြီးတွေ နိုင်ငံနဲ့အဝှမ်းကျင်းပနေကြတာ အပိုစာသားတွေဖွဲ့စရာမလိုတော့ဘူးထင်ပါတယ်။ဒါက ပြည်တွင်းအခြေအနေပါ။ပြည်ပ

နိုင်ငံတွေက အခြေအနေရောတင်ပြရမယ်ဆိုလျှင်မြန်မာနိုင်ငံမှာ စစ်ပွဲတွေနေ့စဥ်နှင့်အမျှဖြစ်ပွားနေတာရယ်၊ဒီမိုကရေစီစနစ်ကိုအဟန့်အတားဖြစ်စေတဲ့ ၂၀၀၈ ခြေဥကို ပြင်တင်ဖို့ တပ်မတော်က ကန့်ကွက်နေတာရယ်၊ ရခိုင်မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီး မအလ အပါအဝင်စစ်တပ်ထိပ်ပိုင်းကလူတွေကို နိူင်ငံတကာက အရေးယူမှုတွေရယ် ၊အစိုးရနဲ့အပြိုင် အာဏာတည်ဆောက်နေတာရယ်ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် မအလ သမ္မတဖြစ်ဖို့ နိုင်ငံတကာကဘယ်လောက်လိုလားတယ်မလိုလားဘူးဆိုတာ ရှင်းပါတယ်နော်။ဟျောင့် ငါတို့နိုင်ငံကသမ္မတခန့်တာပဲကွာ နိုင်ငံတကာနဲ့ဘာဆိုင်လို့လဲလို့ ဒူးမနာသားလေးတွေက မေးချင်ကြပါလိမ့်မယ်။

စဥ်းစားကြည့်ပါ အဲ့လို လူမုန်းများတဲ့ နိုင်ငံကသမ္မတတစ်ယောက်ကိုဘယ်နိုင်ငံက အဖက်လုပ်ပြီး လူမူ့ရေး၊စီပွားရေး အတူပူးပေါင်းမလဲအကူအညီလိုရင်ဘယ်နိုင်ငံကကူညီကြမလဲ။အဲ့ဒီလို လူရာမဝင်တဲ့ လူ့အတ္တသမားတွေအုပ်ချုပ်ခဲ့ကြလို့လည်း အတိုးနှုံးများစွာနဲ့ပြည်ပအကြွေးမြည်တွေ နောင်နှစ်ပေါင်းများစွာအထိ ဆပ်လို့မကုန်ဖြစ်နေတာ။စဥ်းစားကြပေါ့။လူတွေထင်နေကြတာက လာမဲ့ 2020 Electionမှာ NLDက အရင်၂၀၁၅ကလောက် အမတ်အရေအတွက်လွှတ်တော်ထဲကိုမရောက်တော့ဘူး တိုင်းရင်သားတွေကွဲထွက်ကုန်မယ်၊ပြည်ခိုင်ဖြိုး ရာခိုင်နှုံံးတက်လာမယ် စစ်တပ်က၂၅%ရှိတယ် … ညွန့်ပေါင်းအစိုးရဖွဲ့ရမယ် အဲ့ဒါကြောင့် စစ်တပ်နဲ့ပြည်ခိုင်ဖြိုးပေါင်းပြီးတော့ မအလ က

သမ္မတဖြစ်နိုင်တယ် ဒီလိုတွေတွေးနေကြတယ်ထင်ပါရဲ့။အဲ့လောက်အထိလည်း ကိုယ့်ကိုယ်ကိုစွန်းအထင်တွေကြီးပြီး ပြိုင်ဘက်ကို စွန်းအထင်တွေသေးမနေကြပါနဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မေ့နေပြီထင်တယ် ပြည်သူရဲ့ထောက်ခံမှုကို ယနေ့အချိန်ထိ သိမ်းပိုက်ထားနိုင်တဲ့ DASSK ဆိုတာသတိမူမှပေါ့။တစ်နေ့ကပဲ NLDရဲ့ ဗဟိုအစည်းအဝေးမှာ ဒေါက်တာဇော်မြင့်မောင်ကပြောသွားတာ ၂၀၂၀မှာ ညွန့်ပေါင်းအစိုးရလုံးဝအဖြစ်မခံနိုင်ဘူး NLDပဲအစိုးရပြန်ဖွဲ့နိုင်အောင် ကြိုးစားသွားမှာပါတဲ့။

အချုပ်ပြောချင်တာက ကာချုပ် မအလ သမ္မတဖြစ်နိုင်လား ဆိုတဲ့မေးခွန်းကို ဒဲ့ပဲဖြေပါမယ်။လုံးဝ (လုံးဝ)မဖြစ်နိုင်ပါဘူး။ပြည်သူတစ်ယောက်အနေနဲ့လည်း လုံးဝအဖြစ်မခံနိုင်ပါဘူး။ဒါဟာ ပြည်သူတစ်ယောက်ရဲ့ ပြတ်သားတိကျတဲ့အဖြေပါ။သမ္မတဖြစ်ချင်ရင် အများနီးတူ ပါတီထောင်ပြီ မဲပုံးထောင်လိုက်ပါ။

Credit Original

Unicode