ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ်။အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး
ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ် ။ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့
သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ်။
ဒီနေ့ ဖြစ်တဲ့ အဖြစ်ပျက်လေးကျွန်တော်တို့က ပရဟိတ သမားတွေပါဗျာကိုယ့်စရိတ်ကိုယ်စားပီး ပြည်သူတွေကိုကူညီနေတာပါဗိုက်ဆာလို့ထမင်းဆိုင်ရှေ့မှ
ာ ကားရပ်လိုက်တယ်ဆိုင်ရှင် အမကြီးက ဘာမှမရှိတော့ဘူးတဲ့ ကြည့်လိုက်တော့ဟင်းရောထမင်းရောအများကြီး…မရောင်းရဲဘူးတဲ့ ကြောက်လို့တဲ့ကျွန်တော်တို့ ညီအကိုတွေစိတ်ညစ်ပီး ဘာလုပ်ရမလဲမသိဖြစ်ကြတယ်ပါဆယ် လေးတော့ရောင်းပေးပါဗျာလို့ တောင်းပန်ပြီးဝယ်ရတယ်အရင်ရက်တွေကကျွန်တော်တို့ကိုယ့်ပါသာကို ချက်စားကြတာပါ
ဒီနေ့ က မနက်ထဲက ဘယ်သူမှမအားကြလို့ ဝယ်တာပါဗျာကျွန်တော်တို့လဲ အသက်အပိုမပါပါဘူးဗျာအသက်တွေရင်းပီးကူညီပေးနေကြတာပါပြန်ကူညီပေးကြပါလို့
ပြောပါရစေသူရအောင်09444556569သကျနွယ်လူမှုကူညီရေးအသင်းပဲခူးမြို့Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး
ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် “ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာအသက်တွေရင်းပြီးကူညီပေးနေကြတာပပြန်ကူညီပေးကြပါလို့ ပြောပါရစေဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။
Source & Photo Credit-Thura Aung’s FB Acc
Credit
Unicode