Local News

မူးယစ်၊ လောင်းကစား၊ လက်နက်အပါအဝင် ပြစ်မှုကျူးလွန်သူများအား အာဏာသိမ်းစစ်ကောင်စီက အမှုပိတ်ရသည့်အကြောင်း

အကျဉ်းထောင်များ၊ အချုပ်ခန်းများတွင် လူအများအပြားဖြစ်နေပြီး COVID 19 ကူးစက်မှုလည်းရှိနေချိန်၌ာဏာသိမ်းစစ်ကောင်စီက သစ်တော၊

မူးယစ်၊ လောင်းကစား၊ ပြည့်တန်ဆာ၊ရဲပြစ်မှုနှင့် ရုပ်သံဆိုင်ရာ ဥပဒေတစ်ခုခုကြောင့် အမှုရင်ဆိုင်နေရသူများအား

အမှုပိတ်သိမ်းပေးမည်ဟု ၂၀၂၁ ခုနှစ်၊ဇူလိုင်လ (၂၀) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ မီဒီယာမှတစ်ဆင့် ကြေညာသည်စစ်တပ်က အာဏာသိမ်းသည့်

ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်၊ဆန့်ကျင်ဖွယ်ရှိသည့်သူများကို မတရားဖမ်းဆီးထိန်းသိမ်းနေသည့်အာဏာသိမ်းအဖွဲ့က အကျဉ်းထောင်အချုပ်ထောင်များ၌ COVID 19 ကူးစက်မှုများနှင့် ကြုံနေရချိန်တွင်ဖေဖေါ်ဝါရီလ (၁) ရက်နေ့မတိုင်မီက ပြစ်မှုများကြောင့် အကျဉ်းထောင်၊

အချုပ်ထောင်တို့မှအမှုရင်ဆိုင်နေရသူများအား အမှုပိတ်ပေးမည်ဟု ကြေညာလာသည်ကို တွေ့ရသည်။အာဏာသိမ်းစစ်ကောင်စီက သက်ညှာပိတ်ပေးမည့် အမှုများတွင်

စစ်တပ်အာဏာမသိမ်းမီက သစ်တောဥပဒေ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊

ပြည့်တန်ဆာဥပဒေ၊ရဲပြစ်မှုနှင့် ရုပ်သံဆိုင်ရာဥပဒေများဖြင့် အမှုရင်ဆိုင်နေရသည့်အမှုများ ပါဝင်မည်ဟု သိရသည်။အာဏာသိမ်းပြီးကတည်းက ယနေ့ ဇူလိုင်လ (၂၀) ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီကမတရားဖမ်းဆီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ အသက် (၁၈) နှစ်အောက်ကလေးများ

အပါအဝင် စုစုပေါင်း (၅၃၁၅) ဦးရှိနေပြီး အကျဉ်းထောင်မှ COVID 19 ကူးစက်ခံထားရသူများနှင့်သေဆုံးရသူများလည်း ရှိနေခြင်းဖြစ်သည်။

Credit

Unicode

အကျဉ်းထောင်များ၊ အချုပ်ခန်းများတွင် လူအများအပြားဖြစ်နေပြီး COVID 19 ကူးစက်မှုလည်းရှိနေချိန်၌ာဏာသိမ်းစစ်ကောင်စီက သစ်တော၊ မူးယစ်၊ လောင်းကစား၊ ပြည့်တန်ဆာ၊ရဲပြစ်မှုနှင့် ရုပ်သံဆိုင်ရာ ဥပဒေတစ်ခုခုကြောင့် အမှုရင်ဆိုင်နေရသူများအားအမှုပိတ်သိမ်းပေးမည်ဟု ၂၀၂၁ ခုနှစ်၊ဇူလိုင်လ (၂၀) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ မီဒီယာမှတစ်ဆင့် ကြေညာသည်စစ်တပ်က အာဏာသိမ်းသည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်၊ဆန့်ကျင်ဖွယ်ရှိသည့်သူများကို မတရားဖမ်းဆီးထိန်းသိမ်းနေသည့်အာဏာသိမ်းအဖွဲ့က အကျဉ်းထောင်အချုပ်ထောင်များ၌ COVID 19 ကူးစက်မှုများနှင့် ကြုံနေရချိန်တွင်ဖေဖေါ်ဝါရီလ (၁) ရက်နေ့မတိုင်မီက ပြစ်မှုများကြောင့် အကျဉ်းထောင်၊ အချုပ်ထောင်တို့မှအမှုရင်ဆိုင်နေရသူများအား အမှုပိတ်ပေးမည်ဟု ကြေညာလာသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက သက်ညှာပိတ်ပေးမည့် အမှုများတွင် စစ်တပ်အာဏာမသိမ်းမီက သစ်တောဥပဒေ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ ပြည့်တန်ဆာဥပဒေ၊ရဲပြစ်မှုနှင့် ရုပ်သံဆိုင်ရာဥပဒေများဖြင့် အမှုရင်ဆိုင်နေရသည့်အမှုများ ပါဝင်မည်ဟု သိရသည်။အာဏာသိမ်းပြီးကတည်းက ယနေ့ ဇူလိုင်လ (၂၀) ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီကမတရားဖမ်းဆီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ အသက် (၁၈) နှစ်အောက်ကလေးများအပါအဝင် စုစုပေါင်း (၅၃၁၅) ဦးရှိနေပြီး အကျဉ်းထောင်မှ COVID 19 ကူးစက်ခံထားရသူများနှင့်သေဆုံးရသူများလည်း ရှိနေခြင်းဖြစ်သည်။

Credit