Local News

ရန်ကုန်မှာ ဆရာဝန်တွေကိုဖမ်းတဲ့ကိစ္စ လုံးဝမရှိဘူးလို့ ဇော်မင်းထွန်း ဗြောင်လိမ်

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ကိုဗစ် ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းဆည်းသွားကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က ပရဟိတ ဆရာဝန် ငါးဦးကို ဖမ်းဆီးခြင်းမရှိသလိုအဆိုပါဖြစ်စဉ်မျိုး အမှန်တကယ် မဖြစ်ပွားခဲ့ဟု အာဏာသိမ်းစစ်တပ်ပိုင် မြဝတီက ယနေ့ညနေသတင်းတွင် ငြင်းဆိုလိုက်သည်။

ငွေကျပ် ၃၂ သိန်းရှိ ဆေးဝါးနဲ့ အောက်ဆီဂျင်အိုးတွေ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံရကြောင်းအဖွဲ့ခေါင်းဆောင် ဦးချမ်းလေး ပြောကြားချက်အရဆိုပြီး သတင်းဌာနတွေက ထုတ်ပြန်ထားတဲ့ အဲဒီသတင်းဟ

အမှန်တကယ် ဖြစ်ပွားမှု မရှိတဲ့ သတင်းဖြစ်ပြီး မြောက်ဒဂုံမှာ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးထားတာ မရှိပါဘူး”ဟု မြဝတီရုပ်မြင်သံကြားက စာတမ်းထိုးဖော်ပြခဲ့သည်ကို တွေ့ရသည်။ရန်ကုန်ဆေးရုံကြီး ရောက်လာတဲ့ကိုဗစ်လူနာတစ်ဦးလူနာတစ်ဦး အောက်ဆီဂျင်ကျ၍ အသည်းအသန်ဖြစ်နေသည်ဟုဆိုကာ ပရဟိတအဖွဲ့ကို ဖုန်းဆက်ခေါ်ပြီဆရာဝန်သုံးဦးတိုက်ခန်းအရောက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။ထို့အပြင် အွန်လိုင်းမှတဆင့်ကုသမှုပေးနေသော ဆရာဝန်နှစ်ဦးကိုလည်း ရုံးခန်းသို့လာရောက်ဖမ်းဆီးခဲ့သည်ဟု

ပြည်သူ့အကျိုးပြုအဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ကြောင်း မဇ္ဈိမကိုသတင်းတွင်ဖော်ပြခဲ့ပါတယ်။စစ်ကောင်စီ၏ငြင်းဆိုချက်အပေါ် ပရဟိတအဖွဲ့ တာဝန်ရှိသူက “လက်ရှိမှာတော့ သူတို့က ဟုတ်တယ်ဆိုတဲ့

အရာကိုလည်းမဟုတ်ဘူးဆိုပြီး ငြင်းနေမှာပဲ။ သူတို့ရဲ့ ဌာနဆိုင်ရာ ဧရိယာတွေကို ဘယ်သွားမေးမေး ဒါကတော့ ငြင်းနေကြမှာပဲ။ဒါတွေကို ကျနော်တို့က သိပြီးသား” ဟု ပြောသည်။Photo: CJဖမ်းဆီးခံထားရသော ဆရာဝန်ငါးဦး၏အမည်များကို ဓာတ်ပုံနှင့်တကွထုတ်ပြန်နိုင်ကြောင်းလည်း အဖွဲ့က ပြောသည်။ကျွန်တော်တို့က ကာယကံရှင် မိသားစုခွင့်ပြုချက် ရယူနေတယ်။ သူတို့ရဲ့ ခွင့်ပြုချက်ယူပြီးတာနဲ့နာမေတွေ ဓာတ်ပုံတွေကို ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များက ပရဟိတဆရာဝန်များ၏ရုံးကိုဝင်စီးပြီး အောက်ဆီဂျင်အိုးများ၊PPE ဝတ်စုံများနှင့် ကုသရေးဆေးပုံးများကို သိမ်းဆည်းသွားသော်လည်း မြဝတီရုပ်သံသတင်းတွင် အဆိုပါပစ္စည်းများသိမ်းဆည်းမှုမရှိဟုလည်း ငြင်းပြန်သည်။ဗိုလ်ချုပ်ဇော်မင်းထွန်းရန်ကုန်တိုင်းမှာ CDM ဝင်ပြီး ပရဟိတလုပ်နေတဲ့ ဆရာဝန်တွေ ဖမ်းတဲ့ကိစ္စ ပြန်ကြားရေးဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM သတင်းထောက် ကိုထွန်းက မေးကြည့်တော့ဆရာဝန် ၅ ဦးအောက်စီဂျင်အိုးတွေနဲ့ဖမ်းခံရတယ်ဆိုပြီး BBC တို့က သတင်းတွေတက်နေတာတွေ့ရတယ် ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းက တာဝန်ရှိသူတွေကိုအကုန်မေးပြီးပါပြီ၊ဒီလိုဖြစ်စဥ်တွေမရှိပါဘူး၊ဖမ်းဆီးမှုလည်းမရှိပါဘူး” လို့ VOM ကိုဖြေထားကြောင်း တွေ့ရပါတယ်သို့သော် မြဝတီထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်တပ်ကိုထောက်ခံသူအချို့၏

လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားချက်နှင့်ပင် ကွဲလွဲနေသည်၎င်းတို့က မြောက်ဒဂုံဖမ်းဆီးမှုဖြစ်စဉ်သည် မီဒီယာများထုတ်ပြန်သလိုမဟုတ်ဘဲ ကိုဗစ်လူနာတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းမှ၁၅ သိန်းအထိ တောင်းပြီးဆေးကုသမှုကြောင့် အိမ်နီးချင်းများက တိုင်တန်းသဖြင့် ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။Getty Images၎င်းတို့၏ရေးသားချက်များတွင် တရားမဝင်ဆေးလှည့်ကုသနေသည့် ဆရာဝန်ငါးဦးကို အောက်ဆီဂျင်အိုး ၂၃ လုံးနဲ့အတူဖမ်းဆီးရမိခဲ့သည်ဟုအချက် တူညီစွာ ပါရှိသည်။မြဝတီသတင်းတွင် CDM ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာများထံမှဆေးဖိုးအဆမတန်တောင်းယူနေတာတွေရှိနေသည်ဟုလည်း စွပ်စွဲထားသည်။

ပရဟိတ ဆရာဝန်တစ်ဦးကတော့ “အဲဒါလုံးဝ မှားယွင်းတယ်ဗျ။ လူနာတွေဆီက ငွေကြေးတစ်စုံတစ်ရာ တောင်းယူပြီးကုသပေးတဲ့အလုပ်က လုံးဝမလုပ်ပါဘူး။ လူနာရှင်က ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ပြီးကန်တော့တာပေါ့။သောင်းဂဏန်းလောက်ပါပဲ စိတ်ဆန္ဒအရ ကန်တော့တာကို လက်ခံတာပဲ ရှိတယ်” ဟု ပြောသည်။Ref: Mizzima and VOM

Credit

Unicode