Local News

ထောင်ထဲမှာ ကိုဗစ်ရောဂါဆိုးဆိုးရွားရွား ကူးစက်နေတဲ့အကြောင်း အသက်နဲ့ရင်းပြီး ပြောပြလာတဲ့ အကျဉ်းသားတစ်ဦး

ထောင်ထဲမှာ ကိုဗစ်ရောဂါဆိုးဆိုးရွားရွား ကူးစက်နေတဲ့အကြောင်း အသက်နဲ့ရင်းပြီး ပြောပြလာတဲ့ အကျဉ်းသားတစ်ဦးအကျဉ်းထောင်အတွင်းမှာလည်း

ကိုဗစ်ရောဂါတွေ ဆိုးဆိုးရွားရွားကူးစက်နေတဲ့အကြောင်း အကျဉ်းသားတစ်ဦးက အသက်နဲ့ရင်းပြီး ပြောပြလာပါတယ်..။ပဲခူး အကျဉ်းထောင်ထဲက စာပေးပို့ ပြောပြလာတာဖြစ်ပြီး အရိုက်ခံ၊ အသတ်ခံရရင် သူပဲ ခံမှာကြောင့် စာလေးကို မျက်ကွယ်မပြုဘဲ ဖတ်ပေးကြဖို့လည်း ပြောထားပါသေးတယ်..။

လွန်ခဲ့တဲ့ တစ်ပတ်၊ ဆယ်ရက်လောက်က ထောင်ဝန်ထမ်း (၂)ယောက် Positive ဖြစ်ရာကနေ ဖမ်းဆီးခံ အကျဉ်းသားတွေကို ကူးစက်လာတာ ဖြစ်ပါတယ်..။တစ်ခန်းထဲမှာတင် ကူးစက်ခံရသူ(၂၅)ယောက်၊ အယောက်(၄၀) အထက် ဖြစ်နေသလို ကူးစက်ခံရသူတွေကို တိုက်ပိတ်ထားပြီး ဆေးကုသခွင့် အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။.

အခုလို တစ်နိုင်ငံလုံး COVID ရောဂါ ကူးစက်မှု ထိန်းမရဖြစ်နေချိန်မှာ ဖမ်းဆီးထားပြီး ကူးစက်ခံရသူတွေကို ဆေးကုသခွင့်မပေးတာတွေဟာ ထောင်ထဲက ပြည်သူတွေအားလုံးကို သေမိန့်ချလိုက်တာနဲ့ အတူတူပါပဲ။ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ Covid ပြည်သူတွေအားလုံး ရောဂါဆိုးကြီးကို တိုက်ထုတ် ကျော်လွှားနိုင်ဖို့အတွက် ဆုတောင်းလိုက်ပါတယ်နော်။

Credit

Unicode

ထောင်ထဲမှာ ကိုဗစ်ရောဂါဆိုးဆိုးရွားရွား ကူးစက်နေတဲ့အကြောင်း အသက်နဲ့ရင်းပြီး ပြောပြလာတဲ့ အကျဉ်းသားတစ်ဦးအကျဉ်းထောင်အတွင်းမှာလည်း ကိုဗစ်ရောဂါတွေ ဆိုးဆိုးရွားရွားကူးစက်နေတဲ့အကြောင်း အကျဉ်းသားတစ်ဦးက အသက်နဲ့ရင်းပြီး ပြောပြလာပါတယ်..။ပဲခူး အကျဉ်းထောင်ထဲက စာပေးပို့ ပြောပြလာတာဖြစ်ပြီး အရိုက်ခံ၊ အသတ်ခံရရင် သူပဲ ခံမှာကြောင့် စာလေးကို မျက်ကွယ်မပြုဘဲ ဖတ်ပေးကြဖို့လည်း ပြောထားပါသေးတယ်..။လွန်ခဲ့တဲ့ တစ်ပတ်၊ ဆယ်ရက်လောက်က ထောင်ဝန်ထမ်း (၂)ယောက် Positive ဖြစ်ရာကနေ ဖမ်းဆီးခံ အကျဉ်းသားတွေကို ကူးစက်လာတာ ဖြစ်ပါတယ်..။တစ်ခန်းထဲမှာတင် ကူးစက်ခံရသူ(၂၅)ယောက်၊ အယောက်(၄၀) အထက် ဖြစ်နေသလို ကူးစက်ခံရသူတွေကို တိုက်ပိတ်ထားပြီး ဆေးကုသခွင့် အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။.အခုလို တစ်နိုင်ငံလုံး COVID ရောဂါ ကူးစက်မှု ထိန်းမရဖြစ်နေချိန်မှာ ဖမ်းဆီးထားပြီး ကူးစက်ခံရသူတွေကို ဆေးကုသခွင့်မပေးတာတွေဟာ ထောင်ထဲက ပြည်သူတွေအားလုံးကို သေမိန့်ချလိုက်တာနဲ့ အတူတူပါပဲ။ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ Covid ပြည်သူတွေအားလုံး ရောဂါဆိုးကြီးကို တိုက်ထုတ် ကျော်လွှားနိုင်ဖို့အတွက် ဆုတောင်းလိုက်ပါတယ်နော်။

Credit