Local News

အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး ငွေတွေ လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့ သက်သေများအား ပရိသတ်တွေ သိရှိစေဖို့ ချပြလာတဲ့ နှိုင်း ရှင် မြင့် မိုရ်

အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး ငွေတွေ လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့ သက်သေများအား ပရိသတ်တွေသိရှိစေဖို့ ချပြလာတဲ့ နှိုင်းရှင်မြင့်မိုရ်လတ်တလောအခြေအနေမှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် ရောဂါဝေဒနာခံစားနေရတဲ့ ပြည်သူတွေအတော်လေးကို သောကတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။အောက်ဆီဂျင်အိုးလိုအပ်နေကြသူများက ပုံမှန်ဈေးထက် ငွေကြေးမြောက်မြားအကုန်အကျခံကာ ရှာဖွေဝယ်ယူနေမှုတွေကြောင့်မသမာသူတွေ တစ်ချို့က ငွေတွေ လိမ်လည်သွားကြတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။

မနေ့ညက သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ရဲ့လူမှုကွန်ယက်တွင် အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့ သက်သေများအား ပရိသတ်တွေသိရှိစေဖို့ချပြလာခဲ့တာ ဖြစ်ပါတယ်။အောက်ဆီဂျင်အိုးတွေကို ဝယ်ယူလှူဒါန်းလို့ ရတယ်ဆိုပြီး ထို လူလိမ်မှ နှိုင်းရှင်ထံသို့ လာရောက်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။သူမအကောင့်နဲ့ အလွဲသုံးစားလုပ်မှာ စိုးရိမ်တဲ့အတွက် ငွေတွေကြိုမလွှဲပေးဖို့ ပစ္စည်းရောက် ငွေချေစနစ် စရံကြိုပေးစရာ မလိုပါလို့ Facebook တွင် ပို့စ်တင်ပြီးရေးသားပေးခဲ့ပါတယ်။ နှိုင်းရှင်ကိုယ်တိုင် အော်ဒါ တင်ပေးသူတွေ တစ်ယောက်မှ ပိုက်ဆံကြိုမလွှဲလိုက်ကြတာကြောင့် ကံကောင်းသွားခဲ့ပါတယ်။

ပစ္စည်း ရောက်မှငွေချေဖို့ကိုလည်း နှိုင်းရှင်ရဲ့ post တွင် ထည့်ရေးပေးထားတာ ဖြစ်ပါတယ်။မနက်ကျတော့သူမအသိတွေဆီ အိုးတစ်ယောက်ဆီကိုမှ မရောက်ဘဲ အော်ဒါ အသစ် သူ့ဆီတိုက်ရိုက်သွားတဲ့ လူတွေဆီကိုတော့ ငွေတွေကြိုလွှဲခိုင်းခဲ့ပါတယ်။ဒီသတင်းကို သူငယ်ချင်းတစ်ယောက်က လာပြောတဲ့အတွက် တစ်ချို့ လူတွေရဲ့ငွေတွေကို အချိန်မှီ ပြန်လွှဲခိုင်းတာ ပြန်လွှဲပေးသွားခဲ့ပါတယ်။ လူတွေအားလုံးအခုလို ဆင်းရဲဒုက္ခရောက်နေချိန်မှာ ငွေတွေ လိမ်လည်သွားသူကို ကျိန်စာမတိုက်ဘဲ မေတ္တာပို့ပေးနေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

ကဲ မထင်မှတ်လောက်တဲ့ မိန်းမဆန်ဆန် အသံသေးသေးလေး နဲ့ အသံပိုင်ရှင်ညီမလေး ကျိန်စာလည်းမတိုက်ဘူးဆုလည်းမတောင်းပေးပါဘူးငါ့ညီမ လိမ်လို့ရသလောက် လိမ်သွားခဲ့ပြီလူတွေအားလုံးရဲ့ အသက် သောကမျက်ရည်တွေ ငါ့ညီမဆီ အကြွေးဆပ်လိုကိကြပြီ။ဒီဘဝ ‌အစ်မတို့ဆပ်လိုက်ကြတဲ့ အကြွေးဟောင်းကိုယူပြီး ဒီဘဝမှာ ပျော်ရွှင်စွာ မြိန်ယှက်စွာ စားသုံးပါနော်နောင်ဘဝအတွက်လည်း ကြွေးသစ် ယူသွားပါ ညီမရေတော်တော်ကြောက်ဖို့ကောင်းပြီးလူတွေ ဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာ

လိမ်ရဲတဲ့ စိတိဓာတ်ကိုတော့ အရမ်းအံ့ဩမိတယ်ဘယ်လိုစိတ်မျိုး နှလုံးသားမျိုးနဲ့များ လူဖစ်လာသလဲ ညီမရေထားလိုက်ပါ ဒီဘဝမှာညီမအေးချမ်းပါစေဒီဘဝမှာ ညီမပျော်ရွှင်ပါစေဒီဘဝမှာ ညီမ ဒီရောဂါကြီးကကင်းပြီး အသက်ရှင် ကျန်ရစ်ပါစေညီမရေ အစ်မတို့မေတ္တာပို့နေပါပြီငါ့ညီမကိုကျွန်မရဲ့ အားနာတဲ့စိတ် သနားတဲ့စိတ် လူတွေကို ကူညီလွန်းအားကြီးတဲ့စိတ် လှူချင်ပေးကမ်းချင်တဲ့စိတ်တွေကိုခုတုံးလုပ်သွားတာပါကိုယ်စောင့်နတ်ကတော့အမြဲသတိပေးနေတယ်ညက တင်ရမလို မတင်ရမလိုနဲ့ ဇဝေဇဝါဖစ်နေတယ်ဪ ငါတင်ပေးလိုက်ရင်လူတွေ ဈေးသက်သက်သာသာနဲ့ ရသွားမယ်ရောင်းပြီးသွားရင် မဝယ်နိုင်တဲ့သူတွေကို ထပ်လှူပေးမယ် ဆိုတော့

ကိုယ်မလှူနိုင်ပေမယ့် တစ်ဖက်တစ်လမ်းက ငါကူညီ ပေးရာရောက်ပါတယ်ဆိုပြီး တင်ပေးလိုက်မိတယ်ဘာအခကြေးငွေမှ မယူပါဘဲဒါပေမယ့် ငွေကြိုမလွှဲဖို့စရံ မလွှဲဖို့ကျွန်မအထပ်ထပ် ရေးထားခဲ့ပါတယ်.။တချို့တွေ အရမ်း လိုအပ်နေတဲ့သူတွေရဲ့ စိတ်တွေကို ခုတုံးလုပ်ပြီး ကိုယ်မသိအောင် ငွေတွေကြိုတောင်းနေတယ်ဆိုပြီးသတင်းတွေလာပေးကြတော့ နေ့လည်ထဲက ရင်တမမနဲ့ ငါ့ကို ဘယ်အချိန် Block မလဲလို့စောင့်နေတာပါ

အိုကေညီမလေး သံသရာမှာ ပြန်တွေ့ကြတာပေါ့သူ့အကောင့်ထဲမှာတော့ ဒီကောင်မလေးပုံတင်ထားတာ တွေ့ပါတယ်သူများပုံယူသုံးထားလား သူ့ပုံအစစ်လားတော့မသိပါဘူး ” ဆိုပြီး အလိမ်ခံခဲ့ရတဲ့ အကြောင်းအား သေချာ ရှင်းပြထားတာ ဖြစ်ပါတယ်။ဒီကာလမှာ လူတွေဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး လိမ်လည်နေကြသူတွေ များစွာ ရှိနေကြပါတယ်။စိတ်ချယုံကြည်လို့ရသူတွေထံမှသာ အောက်ဆီဂျင်အိုးတွေ ဝယ်ယူကြပါရန်နဲ့ လိမ်လည်သူတွေရဲ့ ဒုက္ခမှ ကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit

Unicode

အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး ငွေတွေ လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့ သက်သေများအား ပရိသတ်တွေသိရှိစေဖို့ ချပြလာတဲ့ နှိုင်းရှင်မြင့်မိုရ်လတ်တလောအခြေအနေမှာ အောက်ဆီဂျင် ပြတ်လပ်မှုတွေကြောင့် ရောဂါဝေဒနာခံစားနေရတဲ့ ပြည်သူတွေအတော်လေးကို သောကတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။အောက်ဆီဂျင်အိုးလိုအပ်နေကြသူများက ပုံမှန်ဈေးထက် ငွေကြေးမြောက်မြားအကုန်အကျခံကာ ရှာဖွေဝယ်ယူနေမှုတွေကြောင့် မသမာသူတွေ တစ်ချို့က ငွေတွေ လိမ်လည်သွားကြတာကိုလည်း စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။မနေ့ညက သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ရဲ့လူမှုကွန်ယက်တွင် အောက်ဆီဂျင်ဝယ်လို့ ရတယ်ဆိုပြီး လိမ်လည်သွားသူနဲ့ ပြောထားခဲ့တဲ့

သက်သေများအား ပရိသတ်တွေသိရှိစေဖို့ ချပြလာခဲ့တာ ဖြစ်ပါတယ်။အောက်ဆီဂျင်အိုးတွေကို ဝယ်ယူလှူဒါန်းလို့ ရတယ်ဆိုပြီး ထို လူလိမ်မှ နှိုင်းရှင်ထံသို့ လာရောက်ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။သူမအကောင့်နဲ့ အလွဲသုံးစားလုပ်မှာ စိုးရိမ်တဲ့အတွက် ငွေတွေကြိုမလွှဲပေးဖို့ ပစ္စည်းရောက် ငွေချေစနစ် စရံကြိုပေးစရာ မလိုပါလို့ Facebook တွင်ပို့စ်တင်ပြီး ရေးသားပေးခဲ့ပါတယ်။ နှိုင်းရှင်ကိုယ်တိုင် အော်ဒါ တင်ပေးသူတွေ တစ်ယောက်မှ ပိုက်ဆံကြိုမလွှဲလိုက်ကြတာကြောင့် ကံကောင်းသွားခဲ့ပါတယ်။

ပစ္စည်း ရောက်မှငွေချေဖို့ကိုလည်း နှိုင်းရှင်ရဲ့ post တွင် ထည့်ရေးပေးထားတာ ဖြစ်ပါတယ်။မနက်ကျတော့ သူမအသိတွေဆီ အိုးတစ်ယောက်ဆီကိုမှ မရောက်ဘဲ အော်ဒါ အသစ် သူ့ဆီတိုက်ရိုက်သွားတဲ့ လူတွေဆီကိုတော့ ငွေတွေကြိုလွှဲခိုင်းခဲ့ပါတယ်။

ဒီသတင်းကို သူငယ်ချင်းတစ်ယောက်က လာပြောတဲ့အတွက် တစ်ချို့ လူတွေရဲ့ငွေတွေကို အချိန်မှီ ပြန်လွှဲခိုင်းတာ ပြန်လွှဲပေးသွားခဲ့ပါတယ်။လူတွေအားလုံး အခုလို ဆင်းရဲဒုက္ခရောက်နေချိန်မှာ ငွေတွေ လိမ်လည်သွားသူကို ကျိန်စာမတိုက်ဘဲ မေတ္တာပို့ပေးနေကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

ကဲ မထင်မှတ်လောက်တဲ့ မိန်းမဆန်ဆန် အသံသေးသေးလေး နဲ့ အသံပိုင်ရှင်ညီမလေး ကျိန်စာလည်းမတိုက်ဘူးဆုလည်းမတောင်းပေးပါဘူး ငါ့ညီမလိမ်လို့ရသလောက် လိမ်သွားခဲ့ပြီလူတွေအားလုံးရဲ့ အသက် သောကမျက်ရည်တွေ ငါ့ညီမဆီ အကြွေးဆပ်လိုကိကြပြီ။ဒီဘဝ ‌အစ်မတို့ဆပ်လိုက်ကြတဲ့ အကြွေးဟောင်းကိုယူပြီး ဒီဘဝမှာ ပျော်ရွှင်စွာ မြိန်ယှက်စွာ စားသုံးပါနော်နောင်ဘဝအတွက်လည်း ကြွေးသစ် ယူသွားပါ ညီမရေတော်တော်ကြောက်ဖို့ကောင်းပြီးလူတွေ ဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာ လိမ်ရဲတဲ့ စိတိဓာတ်ကိုတော့ အရမ်းအံ့ဩမိတယ်ဘယ်လိုစိတ်မျိုး နှလုံးသားမျိုးနဲ့များ လူဖစ်လာသလဲ

ညီမရေထားလိုက်ပါ ဒီဘဝမှာ ညီမအေးချမ်းပါစေဒီဘဝမှာ ညီမပျော်ရွှင်ပါစေဒီဘဝမှာ ညီမဒီရောဂါကြီးကကင်းပြီး အသက်ရှင် ကျန်ရစ်ပါစေညီမရေ အစ်မတို့မေတ္တာပို့နေပါပြီငါ့ညီမကိုကျွန်မရဲ့ အားနာတဲ့စိတ် သနားတဲ့စိတ် လူတွေကို ကူညီလွန်းအားကြီးတဲ့စိတ် လှူချင်ပေးကမ်းချင်တဲ့စိတ်တွေကိုခုတုံးလုပ်သွားတာပါ

ကိုယ်စောင့်နတ်ကတော့အမြဲသတိပေးနေတယ်ညက တင်ရမလို မတင်ရမလိုနဲ့ဇဝေဇဝါဖစ်နေတယ်ဪ ငါတင်ပေးလိုက်ရင် လူတွေ ဈေးသက်သက်သာသာနဲ့ ရသွားမယ်ရောင်းပြီးသွားရင် မဝယ်နိုင်တဲ့သူတွေကို ထပ်လှူပေးမယ် ဆိုတော့

ကိုယ်မလှူနိုင်ပေမယ့် တစ်ဖက်တစ်လမ်းက ငါကူညီ ပေးရာရောက်ပါတယ်ဆိုပြီး တင်ပေးလိုက်မိတယ်ဘာအခကြေးငွေမှ မယူပါဘဲဒါပေမယ့် ငွေကြိုမလွှဲဖို့ စရံ မလွှဲဖို့ ကျွန်မအထပ်ထပ် ရေးထားခဲ့ပါတယ်.။တချို့တွေ အရမ်း လိုအပ်နေတဲ့သူတွေရဲ့ စိတ်တွေကို ခုတုံးလုပ်ပြီး ကိုယ်မသိအောင် ငွေတွေကြိုတောင်းနေတယ်ဆိုပြီး သတင်းတွေလာပေးကြတော့ နေ့လည်ထဲက ရင်တမမနဲ့ ငါ့ကို ဘယ်အချိန် Block မလဲလို့စောင့်နေတာပါ

အိုကေညီမလေး သံသရာမှာ ပြန်တွေ့ကြတာပေါ့သူ့အကောင့်ထဲမှာတော့ ဒီကောင်မလေးပုံတင်ထားတာ တွေ့ပါတယ် သူများပုံယူသုံးထားလား သူ့ပုံအစစ်လားတော့မသိပါဘူး ” ဆိုပြီး အလိမ်ခံခဲ့ရတဲ့ အကြောင်းအား သေချာ ရှင်းပြထားတာ ဖြစ်ပါတယ်။

ဒီကာလမှာ လူတွေဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး လိမ်လည်နေကြသူတွေ များစွာ ရှိနေကြပါတယ်။ စိတ်ချယုံကြည်လို့ရသူတွေထံမှသာအောက်ဆီဂျင်အိုးတွေ ဝယ်ယူကြပါရန်နဲ့ လိမ်လည်သူတွေရဲ့ ဒုက္ခမှ ကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit