Local News

အုန်းသီးမှုန့်နှင့် ပဲငံပြာရည်ကိုသာ စားသုံးနေရပြီး တစ်ခါတစ်လေ ဘာမှမစားရဘဲ နေနေရတဲ့ မိဘမဲ့မောင်နှမသုံးယောက်

ကျွန်တော်တို့အားလုံးဟာ မိဘဆိုလို့ဖြစ်လာတာနဲ့ ကလေးများကို ပြုစုစောင့်ရှောက်ရန်၊အစားအစာ၊အဝတ်အထည်၊ အိမ်တစ်လုံးနှင့် ၎င်းတို့လိုအပ်သမျှကို ဖြည့်ဆည်းပေးကာ ထောက်ပံ့ပေးရမယ်လို့ မျှော်လင့်ထားရပါတယ်။

သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက အချို့သော ကလေးများစွာဟာ ၎င်းတို့ရဲ့မိဘများကို ဆုံးရှုံးသွားရတာကြောင့် ထိုကဲ့သို့သော ခံစားခွင့်မျိုးကို မခံစားနိုင်ကြသလို ရပိုင်ခွင့်လေးလည်း မရှိကြရပါဘူး။ခုလည်း ဒီကလေးသုံးယောက်ဟာ

ဖိလစ်ပိုင်နိုင်ငံ Camarines Norte ပြည်နယ် San Roque မြို့ရှိ Brgyရပ်ကွက်မှာ မိဘမရှိဘဲ မောင်နှမသုံးယောက်သား အတူတူနေထိုင်နေကြပါတယ်။၎င်းတို့ရဲ့မိခင်ဖြစ်သူဟာ သူမရဲ့ရည်းစားအသစ်နောက်ကို လိုက်သွားကာ ၎င်းတို့အား ဖခင်ဖြစ်သူနှင့် ကျန်ထားခဲ့ပါတယ်။ကလေးများဟာ ဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုကို ခံခဲ့ရပေမဲ့လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုဏ်လ ၁၇ရက်မှာ ဖခင်ဖြစ်သူကို ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ကြရပါတယ်။ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်မှာတော့ မောင်နှမထဲမှ အကြီးဆုံးတစ်ယောက်က

ကျန်တဲ့အငယ်တွေကို ထောက်ပံ့ရန် အလုပ်ရှာခဲ့ပေမဲ့ သူကိုယ်တိုင်ကလည်း အငယ်နေသေးတာကြောင့် သူ့နဲ့သင့်တော်တဲ့အလုပ်အချို့ကိုသာ လုပ်နိုင်ကာ ပိုက်ဆံအနည်းငယ်သာ ရရှိခဲ့ပါတယ်။ထို့ကြောင့် ၎င်းမောင်နှမများအနေဖြင့်

အုန်းသီးနှင့် ပဲငံပြာရည်သာလျှင် ၎င်းတို့အတွက် အလွယ်တကူရရှိနိုင်တဲ့အစားအစာများဖြစ်လာခဲ့ရပါတယ်။အခုလိုအချိန်မျိုးမှာ ၎င်းကလေးများဟာ သူတို့ရဲ့မိခင်ကို အမှန်ပင် လိုအပ်နေသော်လည်း ၎င်းတို့ကို အိမ်နီးချင်းများကသာ ကူညီပေးနေခဲ့ရပါတယ်။သို့ပေမဲ့ အိမ်နီးချင်းများက ဆင်းရဲပြီး အနည်းငယ်မျှသာ ကူညီနိုင်ကြတာကြောင့် ကလေးများဟာ များသောအားဖြင့် အစားအစာမစားရတဲ့အချိန်တွေလည်း ရှိနေခဲ့ပါတယ်။၎င်းကလေးငယ်များကို သနားသောအားဖြင့် အိမ်နီးချင်းဖြစ်သူ

Jopay T De Guia ဟာ netizen များထံမှ အကူအညီများတောင်းခံပေးခဲ့ပါတယ်။သို့ပေမဲ့ လှူဒါန်းမှုများက နည်းလွန်းပြီး ရပ်လိုက်တာနဲ့ ကုန်သွားတာကြောင့် ၎င်းတို့အတွက် အစားအစာနှင့် ပိုက်ဆံများက မလုံလောက်နေခဲ့ပါဘူး။

အဆိုပါကလေးများဟာ ထင်ထားတာထပ် အကူအညီအများကြီးလိုအပ်နေတာကြောင့် netizen များက ကလေးများရဲ့မိခင်ဖြစ်သူက သူမရဲ့အမှားကို အမြန်သုံးသပ်နိုင်ပြီး သူမရဲ့ကလေးများထံသို့ အမြန်ပြန်လာစေရန်အတွက်ဘဲ မျှော်လင့်ထားခဲ့ကြပါတော့တယ်။

Credit

Unicode

ကျွန်တော်တို့အားလုံးဟာ မိဘဆိုလို့ဖြစ်လာတာနဲ့ ကလေးများကို ပြုစုစောင့်ရှောက်ရန်၊အစားအစာ၊အဝတ်အထည်၊ အိမ်တစ်လုံးနှင့် ၎င်းတို့လိုအပ်သမျှကို ဖြည့်ဆည်းပေးကာ ထောက်ပံ့ပေးရမယ်လို့ မျှော်လင့်ထားရပါတယ်။

သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက အချို့သော ကလေးများစွာဟာ ၎င်းတို့ရဲ့မိဘများကို ဆုံးရှုံးသွားရတာကြောင့် ထိုကဲ့သို့သော ခံစားခွင့်မျိုးကို မခံစားနိုင်ကြသလို ရပိုင်ခွင့်လေးလည်း မရှိကြရပါဘူး။

ခုလည်း ဒီကလေးသုံးယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ Camarines Norte ပြည်နယ် San Roque မြို့ရှိ Brgy ရပ်ကွက်မှာ မိဘမရှိဘဲ မောင်နှမသုံးယောက်သား အတူတူနေထိုင်နေကြပါတယ်။၎င်းတို့ရဲ့မိခင်ဖြစ်သူဟာ သူမရဲ့ရည်းစားအသစ်နောက်ကို လိုက်သွားကာ ၎င်းတို့အား ဖခင်ဖြစ်သူနှင့် ကျန်ထားခဲ့ပါတယ်။ကလေးများဟာ ဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုကို ခံခဲ့ရပေမဲ့လည်း ၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုဏ်လ ၁၇ရက်မှာ ဖခင်ဖြစ်သူကို ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ကြရပါတယ်။ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်မှာတော့ မောင်နှမထဲမှ အကြီးဆုံးတစ်ယောက်က