Local News

အသက်ရှင်တုန်း ဘာလုပ်နိုင်လဲ၊ ဘယ်သူ့အတွက် အကျိုးပြုနိုင်လဲ

ပြည်ထောင်စုအတွက် လုပ်တဲ့လူငယ်များဟာ နောင်ကျလို့ရှိရင် ပြည်ထောင်စုအတွက် ဆက်ပြီးတော့ လုပ်နိုင်တဲ့ လူကြီးများ ဖြစ်လာပါလိမ့်မယ်။

ငယ်ငယ်ရွယ်ရွယ်ကတည်းက မှန်မှန်ကန်ကန် လုပ်သွားနိုင်မှ နောင်ကိုဆက်ပြီးတော့ မှန်ကန်မှာပါ။

လွတ်လပ်ရေး ကြိုးပမ်းမှုတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက နိုင်ငံရေးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးက

နိုင်ငံရေးခေါင်းဆောင်များဆိုတာ အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ကနေစပြီးတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာပါ။အမျိုးသားရေးထဲမှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက စပြီး ပါဝင်ခဲ့တာပါ။ဖေဖေဆိုလို့ရှိရင် ၁၈ နှစ်လောက်ကစပြီး နိုင်ငံရေးကို လုပ်တယ်။

အသက်ဆုံးသွားတဲ့ ၃၂ နှစ်အထိ နိုင်ငံရေးပဲ ဆက်ပြီး လုပ်သွားပါတယ်။သူ့တစ်သက်လုံးဟာ တိုင်းပြည်အတွက် နိုင်ငံရေးအတွက်ဆိုပြီး အမျိုးသားရေးပဲဆက်ပြီး လုပ်သွားတာပါ။

ဒီလိုလုပ်သွားတော့ ဘယ့်လောက်ပဲ အသက်ဟာတိုတို သေရကျိုးလည်း နပ်တယ်။ အသက်ရှင်ရကျိုးလည်း နပ်တယ်။ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို စွန့်လွှတ်ရတယ်ဆိုတာ

အင်မတန်မှ မြင့်မြတ်တဲ့ စွန့်လွှတ်ခြင်းပဲ။ဒီလို စွန့်လွှတ်ချင်တဲ့ စိတ်တွေ ရှိရမယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိရမယ်။ လူတိုင်း လူတိုင်းဟာ တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။လူဖြစ်လာတော့မှ သေရမှာပဲဆိုတဲ့ အသိဟာ လူတိုင်းရဲ့ စိတ်ထဲမှာ ရှိရမယ်။ ဒီတော့ ကိုယ်အသက်ရှင်တုန်း ဘာလုပ်နိုင်သလဲ။ဘယ်သူတွေအတွက်

အကျိုးပြုနိုင်သလဲဆိုတာ စဉ်းစားရမယ်။ ကိုယ်အသက်ရှင်နိုင်တုန်းသာ လုပ်နိုင်မယ်။ မသေချင်ဘူးဆိုလို့ မရဘူး။

ဒါပေမဲ့ ကိုယ်အသက်ရှင်နေတုန်းတော့ ဘယ်လိုနေသွားမယ်ဆိုတာ ကိုယ်ရွေးလို့ရတယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက်ကို စွန့်သွားမယ်။ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို

သုံးသွားမယ်ဆိုတာ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။မသေချင်ဘူးဆိုတာတော့ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ လူတွေရဲ့ စိတ်ထဲမှာ သေဖို့ထက် ကြောက်နိုင်တဲ့ကိစ္စ ဘာမှ မရှိဘူး။သေဖို့ဟာ အကြောက်ဆုံးပဲ။ သေဖို့ကို မကြောက်ဘူးဆိုလို့ရှိရင် တစ်ခြားကြောက်စိတ်တွေကို ကျော်လွှားပြီးတော့

ကိုယ်က အောင်မြင်မှု ယူနိုင်ပါတယ်။ သေဖို့ ကြောက်နေလို့ ဘာမှ အကျိုးမရှိဘူး။တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။ဒေါ်အောင်ဆန်းစုကြည် / ၁၉၈၈

Credit

Unicode

ပြည်ထောင်စုအတွက် လုပ်တဲ့လူငယ်များဟာ နောင်ကျလို့ရှိရင် ပြည်ထောင်စုအတွက် ဆက်ပြီးတော့ လုပ်နိုင်တဲ့ လူကြီးများ ဖြစ်လာပါလိမ့်မယ်။

ငယ်ငယ်ရွယ်ရွယ်ကတည်းက မှန်မှန်ကန်ကန် လုပ်သွားနိုင်မှ နောင်ကိုဆက်ပြီးတော့ မှန်ကန်မှာပါ။

လွတ်လပ်ရေး ကြိုးပမ်းမှုတုန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂက နိုင်ငံရေးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးက

နိုင်ငံရေးခေါင်းဆောင်များဆိုတာ အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ကနေစပြီးတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာပါ။အမျိုးသားရေးထဲမှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက စပြီး ပါဝင်ခဲ့တာပါ။ဖေဖေဆိုလို့ရှိရင် ၁၈ နှစ်လောက်ကစပြီး နိုင်ငံရေးကို လုပ်တယ်။

အသက်ဆုံးသွားတဲ့ ၃၂ နှစ်အထိ နိုင်ငံရေးပဲ ဆက်ပြီး လုပ်သွားပါတယ်။သူ့တစ်သက်လုံးဟာ တိုင်းပြည်အတွက် နိုင်ငံရေးအတွက်ဆိုပြီး အမျိုးသားရေးပဲဆက်ပြီး လုပ်သွားတာပါ။

ဒီလိုလုပ်သွားတော့ ဘယ့်လောက်ပဲ အသက်ဟာတိုတို သေရကျိုးလည်း နပ်တယ်။ အသက်ရှင်ရကျိုးလည်း နပ်တယ်။ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို စွန့်လွှတ်ရတယ်ဆိုတာ

အင်မတန်မှ မြင့်မြတ်တဲ့ စွန့်လွှတ်ခြင်းပဲ။ဒီလို စွန့်လွှတ်ချင်တဲ့ စိတ်တွေ ရှိရမယ်။ စွန့်လွှတ်ရဲတဲ့ သတ္တိတွေ ရှိရမယ်။ လူတိုင်း လူတိုင်းဟာ တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။လူဖြစ်လာတော့မှ သေရမှာပဲဆိုတဲ့ အသိဟာ လူတိုင်းရဲ့ စိတ်ထဲမှာ ရှိရမယ်။ ဒီတော့ ကိုယ်အသက်ရှင်တုန်း ဘာလုပ်နိုင်သလဲ။ဘယ်သူတွေအတွက် အကျိုးပြုနိုင်သလဲဆိုတာ

စဉ်းစားရမယ်။ ကိုယ်အသက်ရှင်နိုင်တုန်းသာ လုပ်နိုင်မယ်။ မသေချင်ဘူးဆိုလို့ မရဘူး။

ဒါပေမဲ့ ကိုယ်အသက်ရှင်နေတုန်းတော့ ဘယ်လိုနေသွားမယ်ဆိုတာ ကိုယ်ရွေးလို့ရတယ်။ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အသက်ကို စွန့်သွားမယ်။ကိုယ့်တိုင်းပြည်အတွက် ကိုယ့်ဘဝကို

သုံးသွားမယ်ဆိုတာ ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။မသေချင်ဘူးဆိုတာတော့ ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ လူတွေရဲ့ စိတ်ထဲမှာ သေဖို့ထက် ကြောက်နိုင်တဲ့ကိစ္စ ဘာမှ မရှိဘူး။သေဖို့ဟာ အကြောက်ဆုံးပဲ။ သေဖို့ကို မကြောက်ဘူးဆိုလို့ရှိရင် တစ်ခြားကြောက်စိတ်တွေကို ကျော်လွှားပြီးတော့ ကိုယ်က အောင်မြင်မှု ယူနိုင်ပါတယ်။

သေဖို့ ကြောက်နေလို့ ဘာမှ အကျိုးမရှိဘူး။တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာပဲ။ဒေါ်အောင်ဆန်းစုကြည် / ၁၉၈၈

Credit