မန်းစည်ပင်ပိုင် နိုင်လွန်ကတ္တရာစက်ရုံ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် နိုင်လွန်ကတ္တရာစက်ရုံ ဇူလိုင်လ ၂၀ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က
ပေါက်ကွဲသံနှင့်အတူ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ပေါက်ကွဲသံနှစ်ချက်ကြားအပြီး မီးလောင်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ယခုမီးလောင်သည့် စက်ရုံသည် ပြည်ကြီးတံခွန်မြို့နယ်
စက်မှုပန်းခြံလမ်း ဆင်ဖြူတော်စက်ရုံနားတွင် တည်ရှိသည့် နိုင်လွန်ကတ္တရာစက်ရုံဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ဇူလိုင်လ ၁၄ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်က မန္တလေးစည်ပင်သာယာရေးကော်မတီပိုင် စည်ပင်မော်တော်ယာဉ်ဌာနမှာ အလားတူ
ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ မန္တလေးစည်ပင်ပိုင်ဌာနနှစ်ခုမှာ တစ်ပတ်အတွင်း မီးလောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ယနေ့ မီးလောင်မှုမှာ ၁၀မိနစ်ခန့်ကြာပြီး နိုင်လွန်ကတ္တရာအပူပေးစက် မီးလောင်ပျက်ဆီးခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှ
ာ ကျပ်ငွေ ၅ သိန်းခန့်ဟုဆိုသည်။ ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆီပေပါများနှင့်အတူ ဆီသယ်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။
Credit
Unicode
မန်းစည်ပင်ပိုင် နိုင်လွန်ကတ္တရာစက်ရုံ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်
နိုင်လွန်ကတ္တရာစက်ရုံ ဇူလိုင်လ ၂၀ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲသံနှင့်အတူ Level 2 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ပေါက်ကွဲသံနှစ်ချက်ကြားအပြီး မီးလောင်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ယခုမီးလောင်သည့် စက်ရုံသည်
ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်း ဆင်ဖြူတော်စက်ရုံနားတွင် တည်ရှိသည့် နိုင်လွန်ကတ္တရာစက်ရုံဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်ဇူလိုင်လ ၁၄ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်က မန္တလေးစည်ပင်သာယာရေးကော်မတီပိုင် စည်ပင်မော်တော်ယာဉ်ဌာနမှ
ာ အလားတူ ပေါက်ကွဲသံနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ မန္တလေးစည်ပင်ပိုင်ဌာနနှစ်ခုမှာ တစ်ပတ်အတွင်း မီးလောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ယနေ့ မီးလောင်မှုမှာ ၁၀မိနစ်ခန့်ကြာပြီး နိုင်လွန်ကတ္တရာအပူပေးစက် မီးလောင်ပျက်ဆီးခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ၅ သိန်းခန့်ဟုဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆီပေပါများနှင့်အတူ ဆီသယ်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သည်။
Credit