Local News

ပရဟိတဆရာဝန် ၅ ဦးကို ကိုဗစ်လူနာ အေယာင်ဆောင်ပြီး စစ်တပ်ဖမ်းဆီး

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ၄၆ ရပ်ကွက်မှာရှိတဲ့ ကိုဗစ် ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြု ယာယီရုံးချုပ်ကို စစ်တပ်က ဒီကနေ့ ဇူလိုင် ၁၉ ရက်မနက်ပိုင်းမှာ ထောင်ချောက်ဆင် ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ပရဟိတဆရာဝန်ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက RFA ကိုပြောပါတယ်။စစ်သားတွေဟာ တောင်ဥက္ကလာပမြို့နယ်က အရေးပေါ်ကုသမှုပေးဖို့လိုအပ်နေတဲ့ ကိုဗစ်ကူးစက်ခံ လူနာတစ်ဦးအသွင်ကိုယူပြီး ဒီကနေ့မနက် ၉ နာရီ မိနစ် ၄၀ မှာ ကိုဗစ် ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုရုံး ကိုဖုန်းဆက်ခဲ့တာလို့ဆိုပါတယ်။

လူနာကိုကုသဖို့ ဆရာဝန်သုံးဦးက သွားရောက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေလှည့်ဖျားခေါ်ဆောင်တဲ့ တိုက်ခန်းအရောက်မှာပဲ ပိတ်ဆို့ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေက ယာယီ ရုံးချုပ်ကိုပါ လာရောက်စီးနင်းပြီး နောက်ထပ်ဆရာဝန်နှစ်ဦးကိုပါဖမ်းဆီးခဲ့တာလို့ ကိုချမ်းလေးက ပြောပါတယ်။လက်ရှိမှာတော့ ကျွန်တော်တို့ နယ်မြေအသီးသီးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ခေတ္တဝန်ဆောင်မှုမပေးနိုင်သေးဘူး။ ကျွန်တော်တို့ပြန်လည်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားသွားမယ်” လို့ ကိုချမ်းလေးက ပြောပါတယ်။ဖမ်းဆီးခံရတဲ့ ဆရာဝန်ငါးဦးထဲမှာ အမျိုးသမီးဆရာဝန်နှစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။

စစ်သားတွေက ရုံးကိုဝင်ရောက်မစီးနင်းခင်မှာ ရုံးမှာရှိနေတဲ့ စေတနာ့ဝန်ထမ်းတွေက အချိန်မီတိမ်းရှောင်လိုက်နိုင်လို့ လွတ်မြောက်ခဲ့ပေမယ့် ဆေးပစ္စည်းတွေနဲ့ အောက်ဆီဂျင်အိုး အလုံး ၂၀ ကျော်ကိုလည်း စစ်တပ်က သိမ်းဆည်းသွားတယ်လို့ ကိုချမ်းလေးကပြောပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန် ငါးဦးထဲကနှစ်ဦးဟာ CDM ဆရာဝန်တွေဖြစ်ပြီး စစ်တပ်က ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ကျန်၃ ဦးကတော့ ပုဂ္ဂလိကဆရာဝန်တွေလို့လည်းပြောပါတယ်။

ပုံမှန်အားဖြင့် ကိုဗစ် ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့အနေနဲ့ လူနာတစ်ဦးကဆက်သွယ်လာရင် မြေပြင်မှာ စုံစမ်းစိစစ်တာတွေလုပ်ပြီးမှ ဆေးအဖွဲ့ကိုလွှတ်တာဖြစ်ပေမယ့် တောင်ဥက္ကာမြို့နယ်မှာ မြေပြင်က စိစစ်ပေးမယ့်လူငယ်အဖွဲ့အစည်း မဖွဲ့ရသေးတာကြောင့် အခုလို ဖြစ်ပေါ်ခဲ့တယ်လို့ သူကပြောပါတယ်။

ကိုဗစ် ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြောက်ဒဂုံမှာ ယာယီရုံးချုပ်ကိုဖွင့်လှစ်ထားတာပါ။ဒီအဖွဲ့ကို ကိုဗစ် ဆရာဝန်တွေ ၊ပုဂ္ဂလိက ဆရာဝန်တွေ၊ သူနာပြုတွေ အပြင် လူမှုရေးအသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ဖွဲ့စည်းထားလည်းဖြစ်ပါတယ်။ကိုဗစ် ကာကွယ်ရေးပြည်သူ့အကျိုးပြုအဖွဲ့အနေနဲ့ ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်တွေမှာ ဆေးကုသမှုတွေပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်း လူနာ ၁၂၈ ဦး ကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ ကိုချမ်းလေးက ပြောပါတယ်။

တောင်ဥက္ကာလပမြို့နယ်ဟာ ဆေးကုသတဲ့ဝန်ဆောင်မှုပေးမယ့်နယ်မြေအဖြစ် တိုးချဲ့ဖို့စီစဉ်နေတုန်း အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့က မြို့နယ်အများစုက ဒေသခံပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်ကူးစက်မှု အကြီးအကျယ် ခံစားနေကြရပြီး သေဆုံးမှု အများအပြားရှိနေပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ကုသဖို့ မဖြစ်နိုင်တဲ့အတွက် ကိုယ်ထူကိုယ်ထ အိမ်မှာနေပြီး ရောဂါ သက်သာပျောက်ကင်းအောင် ကုသနေရပြီး အရေးပေါ် လိုအပ်ရင် ပရဟိတအဖွဲ့တွေကို အားထားနေရပါတယ်။ဒီလို ကပ်ဘေးကျရောက်နေချိန် စစ်သားတွေက ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာအသွင်ယူပြီး ဆရာဝန်တွေကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လိ်ု့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကနေ့ညပိုင်းမှာ RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်လို့မရပါဘူး။

Credit

Unicode

ရန္ကုန္တိုင္း ေျမာက္ဒဂုံၿမိဳ႕နယ္က ၄၆ ရပ္ကြက္မွာရွိတဲ့ ကိုဗစ္ ကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳ ယာယီ႐ုံးခ်ဳပ္ကို စစ္တပ္က ဒီကေန႔ ဇူလိုင္ ၁၉ ရက္မနက္ပိုင္းမွာ ေထာင္ေခ်ာက္ဆင္ ဝင္ေရာက္စီးနင္းခဲ့တဲ့အတြက္ ပရဟိတဆရာဝန္ငါးဦး ဖမ္းဆီးခံလိုက္ရတယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ကိုခ်မ္းေလးက RFA ကိုေျပာပါတယ္။စစ္သားေတြဟာ ေတာင္ဥကၠလာပၿမိဳ႕နယ္က အေရးေပၚကုသမႈေပးဖို႔လိုအပ္ေနတဲ့ ကိုဗစ္ကူးစက္ခံ လူနာတစ္ဦးအသြင္ကိုယူၿပီး ဒီကေန႔မနက္ ၉ နာရီ မိနစ္ ၄၀ မွာ ကိုဗစ္ ကာကြယ္ေရးနဲ႔ ျပည္သူ႔အက်ိဳးျပဳ႐ုံး ကိုဖုန္းဆက္ခဲ့တာလို႔ဆိုပါတယ္။

လူနာကိုကုသဖို႔ ဆရာဝန္သုံးဦးက သြားေရာက္ခဲ့ရာမွာ စစ္ေကာင္စီတပ္ေတြလွည့္ဖ်ားေခၚေဆာင္တဲ့ တိုက္ခန္းအေရာက္မွာပဲ ပိတ္ဆို႔ဖမ္းဆီးခံလိုက္ရတာပါ။ အဲဒီေနာက္ စစ္ေကာင္စီတပ္သားေတြက ယာယီ ႐ုံးခ်ဳပ္ကိုပါ လာေရာက္စီးနင္းၿပီး ေနာက္ထပ္ဆရာဝန္ႏွစ္ဦးကိုပါဖမ္းဆီးခဲ့တာလို႔ ကိုခ်မ္းေလးက ေျပာပါတယ္။လက္ရွိမွာေတာ့ ကြၽန္ေတာ္တို႔ နယ္ေျမအသီးသီးမွာ က်န္းမာေရးဝန္ေဆာင္မႈေတြ ေခတၱဝန္ေဆာင္မႈမေပးႏိုင္ေသးဘူး။ ကြၽန္ေတာ္တို႔ျပန္လည္ဝန္ေဆာင္မႈေပးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ႀကိဳးစားသြားမယ္” လို႔ ကိုခ်မ္းေလးက ေျပာပါတယ္။ဖမ္းဆီးခံရတဲ့ ဆရာဝန္ငါးဦးထဲမွာ အမ်ိဳးသမီးဆရာဝန္ႏွစ္ဦးလည္းပါဝင္တယ္လို႔ဆိုပါတယ္။

စစ္သားေတြက ႐ုံးကိုဝင္ေရာက္မစီးနင္းခင္မွာ ႐ုံးမွာရွိေနတဲ့ ေစတနာ့ဝန္ထမ္းေတြက အခ်ိန္မီတိမ္းေရွာင္လိုက္ႏိုင္လို႔ လြတ္ေျမာက္ခဲ့ေပမယ့္ ေဆးပစၥည္းေတြနဲ႔ ေအာက္ဆီဂ်င္အိုး အလုံး ၂၀ ေက်ာ္ကိုလည္း စစ္တပ္က သိမ္းဆည္းသြားတယ္လို႔ ကိုခ်မ္းေလးကေျပာပါတယ္။ဖမ္းဆီးခံလိုက္ရတဲ့ ဆရာဝန္ ငါးဦးထဲကႏွစ္ဦးဟာ CDM ဆရာဝန္ေတြျဖစ္ၿပီး စစ္တပ္က ရာဇသတ္ႀကီးပုဒ္မ- ၅၀၅(က)နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသူေတြျဖစ္တယ္လို႔ဆိုပါတယ္။ က်န္၃ ဦးကေတာ့ ပုဂၢလိကဆရာဝန္ေတြလို႔လည္းေျပာပါတယ္။

ပုံမွန္အားျဖင့္ ကိုဗစ္ ကာကြယ္ေရးျပည္သူ႔အက်ိဳးျပဳအဖြဲ႕အေနနဲ႔ လူနာတစ္ဦးကဆက္သြယ္လာရင္ ေျမျပင္မွာ စုံစမ္းစိစစ္တာေတြလုပ္ၿပီးမွ ေဆးအဖြဲ႕ကိုလႊတ္တာျဖစ္ေပမယ့္ ေတာင္ဥကၠာၿမိဳ႕နယ္မွာ ေျမျပင္က စိစစ္ေပးမယ့္လူငယ္အဖြဲ႕အစည္း မဖြဲ႕ရေသးတာေၾကာင့္ အခုလို ျဖစ္ေပၚခဲ့တယ္လို႔ သူကေျပာပါတယ္။ကိုဗစ္ ကာကြယ္ေရးျပည္သူ႔အက်ိဳးျပဳအဖြဲ႕ကို ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္မွာ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ေျမာက္ဒဂုံမွာ ယာယီ႐ုံးခ်ဳပ္ကိုဖြင့္လွစ္ထားတာပါ။ဒီအဖြဲ႕ကို ကိုဗစ္ ဆရာဝန္ေတြ ၊ပုဂၢလိက ဆရာဝန္ေတြ၊ သူနာျပဳေတြ အျပင္ လူမႈေရးအသင္းအဖြဲ႕ေတြက ေစတနာ့ဝန္ထမ္းလူငယ္ေတြနဲ႔ဖြဲ႕စည္းထားလည္းျဖစ္ပါတယ္။

ကိုဗစ္ ကာကြယ္ေရးျပည္သူ႔အက်ိဳးျပဳအဖြဲ႕အေနနဲ႔ ရန္ကုန္တိုင္း ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ ေျမာက္ဥကၠလာ၊ သာေကတ၊ ေ႐ႊျပည္သာ၊ လႈိင္သာယာ ၿမိဳ႕နယ္ေတြမွာ ေဆးကုသမႈေတြေပးေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ လအတြင္း လူနာ ၁၂၈ ဦး ကို ေဆးကုသေပးႏိုင္ခဲ့တယ္လို႔ ကိုခ်မ္းေလးက ေျပာပါတယ္။ေတာင္ဥကၠာလပၿမိဳ႕နယ္ဟာ ေဆးကုသတဲ့ဝန္ေဆာင္မႈေပးမယ့္နယ္ေျမအျဖစ္ တိုးခ်ဲ႕ဖို႔စီစဥ္ေနတုန္း အခုလို ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္အမ်ားစုက ေဒသခံျပည္သူေတြဟာ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈ အႀကီးအက်ယ္ ခံစားေနၾကရၿပီး ေသဆုံးမႈ အမ်ားအျပားရွိေနပါတယ္။

ေဆး႐ုံေဆးခန္းေတြမွာ ကုသဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ကိုယ္ထူကိုယ္ထ အိမ္မွာေနၿပီး ေရာဂါ သက္သာေပ်ာက္ကင္းေအာင္ ကုသေနရၿပီး အေရးေပၚ လိုအပ္ရင္ ပရဟိတအဖြဲ႕ေတြကို အားထားေနရပါတယ္။ဒီလို ကပ္ေဘးက်ေရာက္ေနခ်ိန္ စစ္သားေတြက ကိုဗစ္ကူးစက္ခံထားရတဲ့ လူနာအသြင္ယူၿပီး ဆရာဝန္ေတြကို ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္လိ္ု႔ ေမးျမန္းဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဒီကေန႔ညပိုင္းမွာ RFA က ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလိုင္းဆက္သြယ္လို႔မရပါဘူး။

Credit