Knowledge

Hair Dryer အမြဲသုံးတတ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀)ချက်

Hair Dryer အမြဲသုံးတတ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀)ချက်ခေါင်းလျှော်တဲ့အခါ dryer သုံးပြီးအခြောက်ခံရင် ဆံပင်ပျက်စီးမှာစိုးလို့

ဆိုတာမျိုးပြောကြတာကို အမြဲလိုလိုကြားနေရပါတယ်။ တကယ်တော့ dryer သုံးတိုင်း ဆံပင်ပျက်စီးတာမဟုတ်ပါဘူး။

နည်းမှန်လမ်းမှန် သုံးမယ်ဆိုရင် ဆံပင်မပျက်စီးတဲ့အပြင် bad hair day ဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒီတော့ dryer သုံးတဲ့အခါ

ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါတယ်(၁) အပူကိုပဲ အမြဲသုံးမယ်ဆိုရင် ဆံသားခြောက်သွေ့ကျိုးကြေစေပြီး အဖျားကွဲတာ၊ပြတ်တာတွေဖြစ်စေနိုင်လို့ hair dryer နဲ့ဆံပင်အခြောက်ခံတဲ့အခါ

အရင်ဆုံးလေပူနဲ့မှုတ်ပြီး ခြောက်ခါနီးဖြစ်သွားရင်တော့ အပူတလှည့်၊အအေးတလှည့်မှုတ်ပေးပါ။

(၂) လေမှုတ်တဲ့အခါ မှုတ်ချင်သလို မှုတ်တာထက် ရေစိုဆံပင်တွေကို ဘီးအကြဲနဲ့ဖြီးလိုက်ပြီး၊ ဆံပင်အရင်းကနေ အဖျားဘက်ကို ဦးတည်ပြီးမှုတ်ပေးပါ။

(၃) ဆိုင်တွေမှာ ပုံသွင်းပေးသလို ဘရပ်ရှ်နဲ့ အတင်းဆွဲပြီး dryer နဲ့ မှုတ်တာမျိုးက ဆံသားကို ဆွဲဆန့်လိုက်သလိုဖြစ်ပြီး အလွယ်လေးပြတ်ထွက်တာ၊ ကျွတ်တာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် လေမှုတ်တဲ့အချိန်မှာ ဘီးအကြဲနဲ့ပဲဖြီးပေးပါ။(၄) ဆံပင်ကို အပိုင်းလေးတွေခွဲပြီး တစ်ပိုင်းချင်း ခြောက်အောင် မှုတ်ပေးတာက ဆံသားပွတ်တိုက်မှုကိုလျော့နည်းစေတာကြောင့် အပျက်အစီးနည်းစေပါတယ်။

(၅) Hair dryer ကို မျက်နှာနဲ့အရမ်းနီး၊ ခေါင်းနဲ့အရမ်းနီးတဲ့နေရာကနေ မမှုတ်ပါနဲ့။ အနည်းဆုံးတစ်ပေလောက်အကွာကနေမှုတ်ပေးပါ။

(၆) Dryer နဲ့အခြောက်မခံခင်မှာ တဘက်နဲ့ အချိန်အကြာကြီးပေါင်းထားတာမျိုး မလုပ်ပါနဲ့။ အများဆုံး ၁၅ မိနစ်လောက်ပဲထားပြီး dryer နဲ့မှုတ်ပေးပါ။

(၇) Dryer နဲ့ အခြောက်မခံခင် ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပေးရင် ဆံပင်ကို ပိုခြောက်သွေ့စေတယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ အဲ့ဒါမဟုတ်ပါဘူး။ Dryer နဲ့ မမှုတ်ခင် ဗီတာမင် အီး၊ အုန််းဆီ၊ သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလေးလိမ်းပြီးမှ dryer နဲ့ မှုတ်ပေးလိုက်မယ်ဆိုရင် ဆံပင်လည်း ပုံကျလှပပြီး ဆံပင်လည်း မပျက်စီးတော့ပါဘူး။(၈) ဆံပင်ကို dryer နဲ့မှုတ်ပြီးပုံသွင်းပြီးရင် အိမ်ထဲမှာ ၁၀ မိနစ်လောက်နေပြီးမှ အပြင်ထွက်သင့်ပါတယ်။ ချက်ချင်းအပြင်ထွက်လိုက်မယ်ဆိုရင် ပြင်ပအပူချိန်က ဆံပင်ကို ပိုခြောက်သွေ့စေပြီး အဖျားကွဲတာ၊ပြတ်တာတွေပိုဖြစ်စေနိုင်လို့ပါ။

(၉) ရေစိုနေတဲ့ ဆံပင်ကို dryer နဲ့ စမှုတ်တော့မယ်ဆိုရင် လေအားနည်းနည်းပျော့တာနဲ့မှုတ်ပါ။ စိုနေတဲ့ဆံပင်က ပျက်စီးဖို့ပိုလွယ်တာကြောင့် ချက်ချင်းကြီးလေအားပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံသားခြောက်တာ၊ကြမ်းတာကိုပိုဖြစ်စေပါလိမ့်မယ်။(၁၀) Dryer ကို သန့်ရှင်းရေးမလုပ်ဘဲ အမြဲသုံးနေမယ်ဆိုရင် ဖုန်တွေပိတ်ဆို့ပြီး ကိုယ်သုံးတဲ့အခါ အဲ့ဒီဖုန်တွေထွက်လာပြီး ဦးရေပြားနဲ့ ဆံပင်မှာကပ်ငြိစေပါတယ််။ ဒါကြောင့် dryer ကို ၂ ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

Credit

Unicode

Hair Dryer အမြဲသုံးတတ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန် အချက် (၁၀)ချက်ခေါင်းလျှော်တဲ့အခါ dryer သုံးပြီးအခြောက်ခံရင်

ဆံပင်ပျက်စီးမှာစိုးလို့ ဆိုတာမျိုးပြောကြတာကို အမြဲလိုလိုကြားနေရပါတယ်။ တကယ်တော့ dryer သုံးတိုင်း ဆံပင်ပျက်စီးတာမဟုတ်ပါဘူး။

နည်းမှန်လမ်းမှန် သုံးမယ်ဆိုရင် ဆံပင်မပျက်စီးတဲ့အပြင် bad hair day ဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။

ဒီတော့ dryer သုံးတဲ့အခါ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါတယ်(၁) အပူကိုပဲ အမြဲသုံးမယ်ဆိုရင် ဆံသားခြောက်သွေ့ကျိုးကြေစေပြီး အဖျားကွဲတာ၊ပြတ်တာတွေဖြစ်စေနိုင်လို့ hair dryer နဲ့ဆံပင်အခြောက်ခံတဲ့အခါ အရင်ဆုံးလေပူနဲ့မှုတ်ပြီး ခြောက်ခါနီးဖြစ်သွားရင်တော့ အပူတလှည့်၊အအေးတလှည့်မှုတ်ပေးပါ။