Local News

ကြက်ဥအတွက် စိုးရိမ်စရာမရှိ ကြက်တွေမွေးထားတယ်လို့စကစ ပြော

ကြက်ဥဈေးနှုန်းနဲ့ ပတ်သက်ပြီး ကောလာဟလဖြစ်အောင်၊ ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေတာတွေ့ရပြီး ဥစားကြက် မွေးမြူရေးကို မိမိတို့အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတည်းက အားသွန်ခွန်စိုက် လုပ်ခဲ့လို့ စိုးရိမ်စရာမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၁၈ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမမှာ ကျင်းပတဲ့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသွားတာပါ။မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရော သေဆုံးသူတွေပါ အဆမတန်မြင့်တက်လာ ပြီးနောက် ကိုဗစ်လူနာတွေနဲ့ ပြည်သူတွေက ကိုယ်ခံအားကောင်းအောင် ကြက်ဥဝယ်ယူစားသုံးကြရာက ဈေးကွက်ထဲမှာ ဝယ်လိုအား တက်လာကာ ကြက်ဥဈေးနှုန်းတွေမြင့်တက် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရချိန်မှာ

အာဏာသိမ်း စစ်ခေါင်းဆောင်က ကြက်ဥကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပါ။လက်ရှိမြန်မာနိုင်ငံမှာ လူဦး‌ရေ ၁ ဒသမ ၆ သန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးဖို့ ဆောင်ရွက်နေကြောင်း ၊ ဇူလိုင် ၂၂ ရက်မှာ တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံ ရောက်ရှိမှာဖြစ်သလို

ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်နဲ့ ဩဂုတ်လ ပထမအပတ်မှာ ကာကွယ်ဆေးတွေ ဆက်လက် ရောက်ရှိလာမှာဖြစ်လို အခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။အောက်ဆီဂျင်ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပြည်သူ့ဆေးရုံတွေ၊ တပ်မတော် ဆေးရုံတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ Oxygen Plant တွေကနေ အောက်ဆီဂျင်တွေ ထုတ်လုပ်ပေးနေပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တဆင့် တင်သွင်းပေးနေတယ်လို့

စစ်ခေါင်းဆောင်က ပြောပါတယ်။တကယ့်လက်တွေ့ မြေပြင်မှာတော့ အောက်ဆီဂျင် လိုအပ်နေတဲ့ ကိုဗစ်လူနာ မိသားစုတွေဟာ အောက်ဆီဂျင်အိုးတွေကို ဈေးကြီးပေးဝယ်ယူနေကြရတာ အလိမ်ခံရတာတွေရှိနေပြီး တချို့နေရာတွေမှာ ဝယ်မရအောင် ပြတ်လပ်နေတာပါ။

ဒါ့အပြင် အောက်ဆီဂျင်ဖြည့်ဖို့အတွက်လည်း ပြည်သူတွေဟာ နေ့ရောညပါ တန်းစီစောင့်ယူနေကြရပြီး အောက်ဆီဂျင် အချိန်မီမရလို့ သေဆုံးသူတွေလည်း အများအပြား ရှိနေတာပါ။အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ နိုင်ငံတဝန်းမှာ လူဦးရေ ၆၉,၈၀၀ စာအတွက် ကွာရန်တင်းစင်တာပေါင်း ၁၉၃၄ နေရာ ပြင်ဆင်ထားကြောင်း၊ Positive လူနာ ၄၅၉၀၀ မှ ၄၆၀၀၀ လောက် ဝင်ဆံ့တဲ့ နေရာပေါင်း ၁၁၁၄ နေရာရှိကြောင်း။ လူနာ ၂၅၅၀၀ အတွက် ကုသရေးစင်တာပေါင်း ၅၆၀ လုပ်ထားပြီး တပ်မတော်မှာ တက်နေတဲ့ ဆေးရုံ နေရာ ၃ နေရာမှာ အကုန်လုံး ကျွေးမွေးထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်တွေမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိတဲ့အနက် ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ရောဂါအခံရှိတဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူ ၂၃၁ ယောက် ရှိခဲ့ပြီး

နိုင်ငံတဝန်း စုစုပေါင်းသေဆုံးသူ အယောက် ၅,၀၀၀ ထိရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လှိုင်းသစ်ဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတာနဲ့အမျှ သုသာန်တွေမှာ ပုံမှန်ထက် ပိုများတဲ့ လူသေရုပ်အလောင်းတွေ ရာနဲ့ချီပြီး

သင်္ဂြိုဟ်ပေးနေရပြီး ဒေသအသီးသီးမှ မှတ်တမ်းတွေအရ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးမှုစာရင်းထက် နေ့စဉ်သေဆုံးသူဦးရေက အဆမတန်ပိုမိုများပြားတယ်လို့ မြေပြင်မှာကွင်းဆင်းဆောင်ရွက်နေတဲ့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါတယ်။

Credit

Zawgyi

ၾကက္ဥေဈးႏႈန္းနဲ႔ ပတ္သက္ၿပီး ေကာလာဟလျဖစ္ေအာင္၊ ေဈးႏႈန္းျမင့္တက္ေအာင္ လုပ္ေဆာင္ေနတာေတြ႕ရၿပီး ဥစားၾကက္ ေမြးျမဴေရးကို မိမိတို႔အေနနဲ႔ လြန္ခဲ့တဲ့ ၆ ႏွစ္ ၇ ႏွစ္ကတည္းက အားသြန္ခြန္စိုက္ လုပ္ခဲ့လို႔ စိုးရိမ္စရာမရွိဘူးလို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

ဇူလိုင္ ၁၈ ရက္က ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ အစည္း အေဝးခန္းမမွာ က်င္းပတဲ့ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ တတိယအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသြားတာပါ။ျမန္မာႏိုင္ငံတဝန္းမွာ ကိုဗစ္-၁၉ ကူးစက္ခံရသူေတြေရာ ေသဆုံးသူေတြပါ အဆမတန္ျမင့္တက္လာ ၿပီးေနာက္ ကိုဗစ္လူနာေတြနဲ႔ ျပည္သူေတြက ကိုယ္ခံအားေကာင္းေအာင္ ၾကက္ဥဝယ္ယူစားသုံးၾကရာက ေဈးကြက္ထဲမွာ ဝယ္လိုအား တက္လာကာ ၾကက္ဥေဈးႏႈန္းေတြျမင့္တက္ ျပတ္လပ္မႈနဲ႔ ႀကဳံေတြ႕ေနရခ်ိန္မွာ

အာဏာသိမ္း စစ္ေခါင္းေဆာင္က ၾကက္ဥကိစၥနဲ႔ ပတ္သက္လို႔ ေျပာဆိုလိုက္တာပါ။လက္ရွိျမန္မာႏိုင္ငံမွာ လူဦး‌ေရ ၁ ဒသမ ၆ သန္းေက်ာ္ကို ကိုဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးျဖစ္ၿပီး ဒုတိယအႀကိမ္ထိုးဖို႔ ေဆာင္႐ြက္ေနေၾကာင္း ၊ ဇူလိုင္ ၂၂ ရက္မွာ တ႐ုတ္ႏိုင္ငံမွ ကာကြယ္ေဆး ၇ သိန္းခြဲ ထပ္မံ

ေရာက္ရွိမွာျဖစ္သလို ဇူလိုင္ ၂၃ ရက္၊ ၂၄ ရက္နဲ႔ ဩဂုတ္လ ပထမအပတ္မွာ ကာကြယ္ေဆးေတြ ဆက္လက္ ေရာက္ရွိလာမွာျဖစ္လို အခုႏွစ္အတြင္း လူဦးေရရဲ႕ ၅၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးဖို႔ ေမွ်ာ္မွန္းေဆာင္႐ြက္ေနတယ္လို႔ေျပာပါတယ္။ေအာက္ဆီဂ်င္ကိစၥနဲ႔ ပတ္သက္ၿပီးလည္း ျပည္သူ႔ေဆး႐ုံေတြ၊တပ္မေတာ္ ေဆး႐ုံေတြ၊ စက္႐ုံ၊ အလုပ္႐ုံေတြမွာရွိတဲ့ Oxygen Plant ေတြကေန ေအာက္ဆီဂ်င္ေတြ ထုတ္လုပ္ေပးေနၿပီး ထိုင္းႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔မွလည္း liquid ေအာက္ဆီဂ်င္နဲ႔ ေအာက္ဆီဂ်င္အိုးေတြကို နယ္စပ္ကုန္သြယ္ေရးစခန္းေတြက တဆင့္ တင္သြင္းေပးေနတယ္လို႔ စစ္ေခါင္းေဆာင္က ေျပာပါတယ္။

တကယ့္လက္ေတြ႕ ေျမျပင္မွာေတာ့ ေအာက္ဆီဂ်င္ လိုအပ္ေနတဲ့ ကိုဗစ္လူနာ မိသားစုေတြဟာ ေအာက္ဆီဂ်င္အိုးေတြကို ေဈးႀကီးေပးဝယ္ယူေနၾကရတာ အလိမ္ခံရတာေတြရွိေနၿပီး တခ်ိဳ႕ေနရာေတြမွာ ဝယ္မရေအာင္ ျပတ္လပ္ေနတာပါ။ ဒါ့အျပင္ ေအာက္ဆီဂ်င္ျဖည့္ဖို႔အတြက္လည္း ျပည္သူေတြဟာ ေန႔ေရာညပါ

တန္းစီေစာင့္ယူေနၾကရၿပီး ေအာက္ဆီဂ်င္ အခ်ိန္မီမရလို႔ ေသဆုံးသူေတြလည္း အမ်ားအျပား ရွိေနတာပါ။အာဏာသိမ္း စစ္ေခါင္းေဆာင္ကေတာ့ ႏိုင္ငံတဝန္းမွာ လူဦးေရ ၆၉,၈၀၀ စာအတြက္ ကြာရန္တင္းစင္တာေပါင္း ၁၉၃၄ ေနရာ ျပင္ဆင္ထားေၾကာင္း၊ Positive လူနာ ၄၅၉၀၀ မွ ၄၆၀၀၀ ေလာက္ ဝင္ဆံ့တဲ့ ေနရာေပါင္း ၁၁၁၄ ေနရာရွိေၾကာင္း။ လူနာ ၂၅၅၀၀ အတြက္ ကုသေရးစင္တာေပါင္း ၅၆၀ လုပ္ထားၿပီး တပ္မေတာ္မွာ တက္ေနတဲ့ ေဆး႐ုံ ေနရာ ၃ ေနရာမွာ အကုန္လုံး ေကြၽးေမြးထားတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္းရွိ အက်ဥ္းေထာင္ေတြမွာလည္း ကိုဗစ္-၁၉ ေရာဂါပိုးအတည္ျပဳလူနာ ၃၁၅ ဦးရွိတဲ့အနက္ ေဆး႐ုံ ဆင္းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦး၊ ေရာဂါအခံရွိတဲ့ ေသဆုံးသူ ၅ ဦးရွိတယ္လို႔လည္းဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ တရက္အတြင္း ကိုဗစ္-၁၉ ကူးစက္ခံရၿပီး ေသဆုံးသူ ၂၃၁ ေယာက္ ရွိခဲ့ၿပီး ႏိုင္ငံတဝန္း စုစုေပါင္းေသဆုံးသူ အေယာက္ ၅,၀၀၀ ထိရွိလာခဲ့ၿပီလို႔ စစ္ေကာင္စီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇူလိုင္ ၁၈ ရက္ညမွာ ထုတ္ျပန္ပါတယ္။ဒီစစ္ေဆးမႈမွာေတာ့ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္ေနၾကတဲ့ ေဆး႐ုံေတြ၊ ဓာတ္ခြဲစမ္းသပ္ခန္းေတြ မပါဝင္ဘဲ စစ္အုပ္စုလက္ေအာက္ခံ တပ္မေတာ္ေဆး႐ုံေတြ အမ်ားစုမွာ စမ္းသပ္စစ္ေဆးခဲ့တာမို႔ ေရာဂါကူးစက္မႈတိက်တဲ့ ပမာဏအတိုင္းအဆကိုေတာ့ မသိႏိုင္ေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္လႈိင္းသစ္ဟာ ႏိုင္ငံတဝန္း ပ်ံ႕ႏွံ႔ေနတာနဲ႔အမွ် သုသာန္ေတြမွာ ပုံမွန္ထက္ ပိုမ်ားတဲ့ လူေသ႐ုပ္အေလာင္းေတြ ရာနဲ႔ခ်ီၿပီး သၿဂႋဳဟ္ေပးေနရၿပီး ေဒသအသီးသီးမွ မွတ္တမ္းေတြအရ စစ္ေကာင္စီထုတ္ျပန္တဲ့ ေသဆုံးမႈစာရင္းထက္ ေန႔စဥ္ေသဆုံးသူဦးေရက အဆမတန္ပိုမိုမ်ားျပားတယ္လို႔ ေျမျပင္မွာကြင္းဆင္းေဆာင္႐ြက္ေနတဲ့ ပရဟိတအသင္းအဖြဲ႕ေတြက ေျပာပါတယ္။

Credit