Love

ရင့္က်က္စြာခ်စ္ပါ

လူတစ်ယောက်ကိုချစ်မိတာနဲ့သူ့ရဲ့နေမှုထိုင်မှုတွေးခေါ်မှုတွေကိုမထိန်းချုပ်ချင်ပါနဲ့သင်နဲ့မတွေ့ခင်ထဲက သူ့မှာအသားကျနေပြီဖြစ်တဲ့
အမူအကျင့်တွေ ရှိပြီးသားဖြစ်ပါတယ်

ဒါကိုချက်ချင်းပြင်ဖို့ဆိုတာတော်ရုံမဖြစ်နိုင်တဲ့ကိစ္စပါသင်ကရော သင့်အမူအကျင့်တွေသင့်တွေးခေါ်ပုံတွေကိုပြင်ပြီးပြီလား?ပြင်မှာလား?

ငါကပြင်စရာမလိုဘူးဆိုရင်တော့သင်ဟာအတ္တကြီးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

ကိုယ်ချင်းစာပြီးချစ်ပါကိုယ်ချင်းစာစိတ်ဟာ နေရာတိုင်းမှာအရေးကြီးပါတယ်’နင့်ကမ်ဘာမှာငါပဲရှိရမယ်’ဆိုတဲ့အတွေးနဲ့တဖက်သားလူရဲ့မိဘတွေ ဆွေမျိုးတွေ

မိတ်ဆွေသူငယ်ချင်းတွေကို အကန်တွေလိုက်လုပ်နေခြင်းဟာသင့်ကိုပိုချစ်လာမှာမဟုတ်တဲ့အပြင်သူလည်းတဖြေးဖြေးစိတ်ညစ်လာမှာပါ

‘နင့်မိဘတွေထက်ငါသာတယ်”နင့်သူငယ်ချင်းတွေထက်ငါသာတယ်’စတဲ့ဥစ္စာရူးဆန်ဆန်အာဏာရှင်ဆန်ဆန်အတွေးတွေဟာသူနဲ့

သူ့ပတ်ဝန်းကျင်ကြားမှာ တကယ်ကိုကျဉ်းထဲကြပ်ထဲရောက်လာစေမှာပါရေရှည်မှာ သင့်ကိုစိတ်ပျက်လာစေမှာပါ။

သူ့ကိုပျော်ရွှင်ပါစေတကယ်ချစ်မိလာတဲ့အခါသူပျော်ရွှင်ဖို့ကိုပဲ သင်ကဖန်တီးပေးတော့မှာပါဒါဟာ အပေးအယူတစ်ခုလည်းမဟုတ်သလိုတပါးသူ

စေခိုင်းလို့လုပ်ရတာမျိုးလည်းမဟုတ်ပါဘူး’ငါကဒါလုပ်ပေးရတယ်”နင်ကတော့ဒါပြန်မလုပ်ပေးဘူး’စတဲ့

Give & Take ဆန်ဆန်အယူအဆတွေဟာအခ်စ္မရွိတဲ့ အတ္တသမားမှာပဲရှိတတ်ကြတာမျိုးပါတကယ်ချစ်မိသွားရင်ကိုယ့်ကိုကိုယ်ထက် သူပျော်ရွှင်စေဖို့ကိုပဲခေါင်းထဲရှိတော့တာပါ
ဒါကြောင့်သူပျော်ရွင်စေဖို့ တာဝန်တစ်ခုအနေနဲ့လုပ်နေရတယ်ဆိုကတည်းကသင်တကယ်မချစ်သေးလို့ပါ။

သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့သင့်အနေနဲ့မကြိုက်ခင်ထဲကသေချာစဉ်းစားပါကြိုက်ပြီးမှ သူ့ကိုတခြားသူများနဲ့ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့သူများတွေခန္ဓာကိုယ်လှတယ်သူများတွေက ရာထူးမြင့်တယ်

သူများတွေက ချမ်းသာတယ်သူများတွေက ရုပ်ရည်ချောမောတယ်သူများတွေက ပိုနားလည်မှုရှိကြတယ် စတဲ့နှိုင်းယှဉ်မှုတွေနဲ့သူ့ကိုနှိုင်းယှဉ်ပါနဲ့လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြပါတယ်

သင့်အနေနဲ့Gym မြာ body လှသူကိုသွားရှာနိုင်ပါတယ်ရာထူးကြီးသူကိုချဉ်းကပ်နိုင်တယ်ချမ်းသာတဲ့သူကို ပိုင်းလုံးဝင်လုပ်လို့ရပါတယ်

ချောမောသူတွေကို fb ကနေရှာဖွေနိုင်ပါတယ်

ဒါကသင့်အခွင့်အရေးပါဒါပေမယ့် သူ့ကိုရွေးချယ်ပြီးပြီဆိုရင်တော့သူတပါးနဲ့မနှိုင်းယှဉ်ပါနဲ့သင်ကရော အရာရာပြည့်စုံပြီလား?

တကယ်ချစ်မှသာချစ်ပါပုံလေးမြင်ရုံနဲ့ချစ်တာစာကြောင်းတွေနဲ့ chat ဖူးရုံနဲ့ချစ်မိတာအပြင်မှာခဏတာမြင်ဖူးရုံနဲ့ချစ်မိတာသူများတွေရဲ့

မှတ်ချက်ကောင်းတွေကြောင့်ချစ်မိတာသင်လိုချင်တစ်ခုခုပိုင်ဆိုင်ထားလို့ချစ်နေတာ…စတာတွေဟာတကယ့်အချစ်မဟုတ်ပါဘူး

ဒါတွေကို”အချစ်”လို့ယူဆပြီးRelationship တစ်ခုခုကိုခပ်မြန်မြန်တည်ဆောက်ခြင်းဟနှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်မှာပြဿနာတွေတက်လာနိုင်ပါတယ်

ဒါကြောင့် မချစ်ခင်အရင်စဉ်းစားသင့်ပါတယ်ချစ်နေတုန်းမှာလည်း လေ့လာသင့်ပါတယ်ချစ်ရတာလွယ်ပါတယ်တည်ဆောက်ရတာခက်ခဲလွန်းတယ်

မှန်ပါတယ်ဘယ်လိုပဲချစ်ချစ်ဘယ်သူ့ကိုပဲချစ်ချစ်ချစ်ရတာလွယ်ပါတယ်ဒါပေမယ့် အဲဒီအချစ်၆လသက်တမ်းရဖို့တစ်နှစ်သက်တမ်းရဖို့၃နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ

ပြဿနာပေါင်းမြောက်များစွာကိုကျော်ဖြတ်ပြီးမှ ရောက်ကြတာပါဒီလိုမှမဟုတ်ရင်သွေးပူတုန်းချစ်ကြပြီးသွေးအေးသွားတဲ့အခါ

နောက်တစ်ယောက်ပေါ်လာတဲ့အခါတည်ဆောက်ထားတဲ့အချစ်တွေဟာမိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ်ဒါ့ကြောင့် ခဲယဉ်းစွာတည်ဆောက်ကြပါအမြဲတမ်းလည်းချစ်နေနိုင်ကြပါစေ…

တကယ်တော့လူအားလုံးမှာအချစ်စိတ်ရှိကြပါတယ်ချစ်ပုံချစ်နည်းလွဲမှားနေတာရယ်အချစ်ကိုပုံမဖော်တတ်ကြတာရယ်အချစ်အပေါ်မှာ အတ္တနဲ့မာနဖုံးနေကြတာရယ်အချစ်ဟာ ရလာဒ်တွေမတူညီကြတော့တာပါ။အများကြီးပြင်ဆင်ပြီးအကြီးကြီးချစ်နိုင်ကြပါစေဗျာ

Credit

Unicode