Knowledge

ကိုယ့်အပေါ် မနာလို ဝန်တိုပြီး မုန်းတီးနေတဲ့သူတွေကို အကောင်းဆုံးတုံ့ပြန်နည်း

တစ်ခါတစ်လေမှာ ကိုယ်ဘာမှ မလုပ်မိပဲ ကိုယ့်ကိုယ် လိုက်တိုက်ခိုက်နေတဲ့သူတွေ၊ ကိုယ်တောင်မသိလိုက်ပဲ ကိုယ့်ကိုယ်မုန်းနေတဲ့သူတွေ ရှိကြလား။ဒီလိုလူမျိုးတွေကို ကိုယ်တိုင်လည်း ကြုံဖူးသလို၊ ပတ်ဝန်းကျင်မှာလည်း တွေ့ဖူးကြမှာပါ။ ဒီလို ကိုယ့်အပေါ် မနာလို ဝန်တိုပြီး မုန်းတီးနေတဲ့သူတွေကို ကိုယ်က အကောင်းဆုံး တုံ့ပြန်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်နော်။

လျစ်လျူရှုလိုက်ပါဒီလိုမျိုး ကိုယ့်အပေါ် မုန်းတီးနေတဲ့သူတွေကို လျစ်လျူရှုလိုက်တာက ကိုယ့်အတွက် အကောင်းဆုံးသော အောင်မြင်မှုတစ်ခုပါ။ သူကိုယ့်ကိုယ် မုန်းတီးနေတာပဲဖြစ်ဖြစ်၊ မနာလိုတာပဲ ဖြစ်ဖြစ်

ဂရုစိုက်မနေပဲ လျစ်လျူရှုတတ်အောင် ကြိုးစားပါ။သင်သူတို့ကို ဂရုမစိုက်တဲ့အခါမှာ သူတို့ကိုယ်သူတို့ တစ်ယောက်တည်း ပြိုင်ဆိုင်နေတယ်ဆိုတာသိပြီး ဒါဟာ ဘယ်လောက်တောင် ရှက်စရာကောင်းတယ်ဆိုတာကို သိသွားပါလိမ့်မယ်။အရိုးသားဆုံး နေထိုင်ပါတစ်ဖက်လူက ကိုယ့်ကို အနိုင်လိုချင်ဇောနဲ့ ကလစ်ကကျစ်နည်းလမ်းတွေသုံး၊ ကိုယ့်ရဲ့အတင်းအဖျင်းတွေ လျှောက်ပြောနေပေမယ့်လို့ သူလိုမျိုး နည်းလမ်းကို အသုံးပြုပြီး ပြန်မချေပသင့်ပါဘူး။ ဒါဟာ သင့်ရဲ့ အဆင့်အတန်းကိုပါ ကျဆင်းစေပြီး သူ့လိုပဲ သင်ဟာလည်း တစ်ယောက်အပါအဝင် ဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ သူဟာ သေချာပေါက်နိုင်ပြီး သင်ကတော့ ဒီပွဲမှာ လုံးဝရှုံးနိမ့်သူဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရိုးသားမှုကို အထိခိုက်မခံပဲ အရိုးသားဆုံးနေထိုင်ပါ။ ရိုးသားမှုက သင့်ရဲ့ ရန်သူကို ချေမှုန်းဖို့ အကောင်းဆုံးသော လက်နက်တစ်ခုပါ။

အရင်ကထက် ပိုကြိုးစားပါအရင်ကထက် ပိုကြိုးစားဖို့ ခိုင်းတာက ကိုယ့်အပေါ် မနာလိုတဲ့ သူတွေ ပိုမနာလိုအောင် လုပ်ခိုင်းတာမျိုး မဟုတ်ပဲ ဒီထက်မက ပိုတော်တဲ့သူတစ်ယောက် ဖြစ်စေချင်လို့ပါ။

ကိုယ့်ကိုယ် မုန်းတဲ့သူပဲ ဖြစ်ဖြစ်၊ ချစ်တဲ့သူပဲဖြစ်ဖြစ် ဒီလူကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိလာနိုင်အောင် ပိုကြိုးစားခိုင်းတာပါ။ ဘဝကတော့ အမြဲတမ်းကြိုးစားနေရမှာပါပဲ။ မသေဆုံးခင်အချိန်အထိ ကြိုးစားရှင်သန်ကြရမှာပါ။ ဒါကြောင့် အရင်ကထက်ပိုကြိုးစားပါ။ခွင့်လွှတ်တတ်ပါစေကိုယ့်ကိုယ် မနာလို ဝန်တိုတဲ့သူတွေ ရှိနေတယ်ဆိုတာဟာ သူတို့ထက် ကိုယ်ဟာ တစ်ခုမဟုတ်တစ်ခု သာလွန်နေလို့ သူတို့ရဲ့ ငြူစူခြင်းကို ခံနေရတာဖြစ်ပါတယ်။ သူတို့ရဲ့ အမုန်းတွေကို သင်မခံယူရင် သင်မပူလောင်ရပါဘူး။ ဒါကြောင့် ခွင့်လွှတ်တတ်ပါစေ။

လူတိုင်းက ကိုယ့်လုပ်တဲ့ လုပ်ရပ်တိုင်းရဲ့ အကျိုးကို ခံစားကြရတတ်ပါတယ်။ လူတိုင်းက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်သလိုပဲ ခွင့်လွှတ်ခြင်းကလည်း အကောင်းဆုံးသော အောင်နိုင်ခြင်းပါ။ ဒါကြောင့် ကိုယ့်အပေါ် မုန်းတဲ့သူပဲဖြစ်နေပါစေ ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

Credit

unicode

တစ်ခါတစ်လေမှာ ကိုယ်ဘာမှ မလုပ်မိပဲ ကိုယ့်ကိုယ် လိုက်တိုက်ခိုက်နေတဲ့သူတွေ၊ ကိုယ်တောင်မသိလိုက်ပဲ ကိုယ့်ကိုယ်မုန်းနေတဲ့သူတွေ ရှိကြလား။ဒီလိုလူမျိုးတွေကို ကိုယ်တိုင်လည်း ကြုံဖူးသလို၊ ပတ်ဝန်းကျင်မှာလည်း တွေ့ဖူးကြမှာပါ။ ဒီလို ကိုယ့်အပေါ် မနာလို ဝန်တိုပြီး မုန်းတီးနေတဲ့သူတွေကို ကိုယ်က အကောင်းဆုံး တုံ့ပြန်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်နော်။

လျစ်လျူရှုလိုက်ပါဒီလိုမျိုး ကိုယ့်အပေါ် မုန်းတီးနေတဲ့သူတွေကို လျစ်လျူရှုလိုက်တာက ကိုယ့်အတွက် အကောင်းဆုံးသော အောင်မြင်မှုတစ်ခုပါ။ သူကိုယ့်ကိုယ် မုန်းတီးနေတာပဲဖြစ်ဖြစ်၊ မနာလိုတာပဲ ဖြစ်ဖြစ် ဂရုစိုက်မနေပဲ လျစ်လျူရှုတတ်အောင် ကြိုးစားပါ။

သင်သူတို့ကို ဂရုမစိုက်တဲ့အခါမှာ သူတို့ကိုယ်သူတို့ တစ်ယောက်တည်း ပြိုင်ဆိုင်နေတယ်ဆိုတာသိပြီး ဒါဟာ ဘယ်လောက်တောင် ရှက်စရာကောင်းတယ်ဆိုတာကို သိသွားပါလိမ့်မယ်။အရိုးသားဆုံး နေထိုင်ပါတစ်ဖက်လူက ကိုယ့်ကို အနိုင်လိုချင်ဇောနဲ့ ကလစ်ကကျစ်နည်းလမ်းတွေသုံး၊

ကိုယ့်ရဲ့အတင်းအဖျင်းတွေ လျှောက်ပြောနေပေမယ့်လို့ သူလိုမျိုး နည်းလမ်းကို အသုံးပြုပြီး ပြန်မချေပသင့်ပါဘူး။ ဒါဟာ သင့်ရဲ့ အဆင့်အတန်းကိုပါ ကျဆင်းစေပြီး သူ့လိုပဲ သင်ဟာလည်း တစ်ယောက်အပါအဝင် ဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်တော့ သူဟာ သေချာပေါက်နိုင်ပြီး သင်ကတော့ ဒီပွဲမှာ လုံးဝရှုံးနိမ့်သူဖြစ်သွားမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရိုးသားမှုကို အထိခိုက်မခံပဲ အရိုးသားဆုံးနေထိုင်ပါ။ ရိုးသားမှုက သင့်ရဲ့ ရန်သူကို ချေမှုန်းဖို့ အကောင်းဆုံးသော လက်နက်တစ်ခုပါ။

အရင်ကထက် ပိုကြိုးစားပါအရင်ကထက် ပိုကြိုးစားဖို့ ခိုင်းတာက ကိုယ့်အပေါ် မနာလိုတဲ့ သူတွေ ပိုမနာလိုအောင် လုပ်ခိုင်းတာမျိုး မဟုတ်ပဲ ဒီထက်မက ပိုတော်တဲ့သူတစ်ယောက် ဖြစ်စေချင်လို့ပါ။ကိုယ့်ကိုယ် မုန်းတဲ့သူပဲ ဖြစ်ဖြစ်၊ ချစ်တဲ့သူပဲဖြစ်ဖြစ် ဒီလူကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ သိလာနိုင်အောင် ပိုကြိုးစားခိုင်းတာပါ။ ဘဝကတော့ အမြဲတမ်းကြိုးစားနေရမှာပါပဲ။ မသေဆုံးခင်အချိန်အထိ ကြိုးစားရှင်သန်ကြရမှာပါ။ ဒါကြောင့် အရင်ကထက်ပိုကြိုးစားပါ။

ခွင့်လွှတ်တတ်ပါစေကိုယ့်ကိုယ် မနာလို ဝန်တိုတဲ့သူတွေ ရှိနေတယ်ဆိုတာဟာ သူတို့ထက် ကိုယ်ဟာ တစ်ခုမဟုတ်တစ်ခု သာလွန်နေလို့ သူတို့ရဲ့ ငြူစူခြင်းကို ခံနေရတာဖြစ်ပါတယ်။ သူတို့ရဲ့ အမုန်းတွေကို သင်မခံယူရင် သင်မပူလောင်ရပါဘူး။ ဒါကြောင့် ခွင့်လွှတ်တတ်ပါစေ။လူတိုင်းက ကိုယ့်လုပ်တဲ့ လုပ်ရပ်တိုင်းရဲ့ အကျိုးကို ခံစားကြရတတ်ပါတယ်။ လူတိုင်းက ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်သလိုပဲ ခွင့်လွှတ်ခြင်းကလည်း အကောင်းဆုံးသော အောင်နိုင်ခြင်းပါ။ ဒါကြောင့် ကိုယ့်အပေါ် မုန်းတဲ့သူပဲဖြစ်နေပါစေ ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

Credit