Local News

တားမြစ်ဖမ်းဆီးမှုများကြောင့် ပြည်သူလူထု အောက်ဆီဂျင်ပြတ်၍ ဒုက္ခရောက်နေချိန်မှ အခမဲ့ဖြည့်ပေးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပြော

တားမြစ်ဖမ်းဆီးမှုများကြောင့် ပြည်သူလူထု အောက်ဆီဂျင်ပြတ်၍ ဒုက္ခရောက်နေချိန်မှ အခမဲ့ဖြည့်ပေးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပြော

စစ်ကောင်စီမှ ပုဂ္ဂလိကပိုင် အောက်ဆီဂျင် စက်ရုံများမှ အများပြည်သူသို့ အောက်ဆီဂျင်ရောင်းချမှုကို ပိတ်ပင်ခြင်း၊ ပရဟိတအဖွဲ့များမှ အောက်ဆီဂျင်အိုးများ သိမ်းယူခြင်း၊

အရေးတကြီးလိုအပ်၍ အောက်ဆီဂျင်ဖြည့်နေသော ပြည်သူများအားဖမ်းဆီးခြင်း၊ အောက်ဆီဂျင်အိုးများ မတရားသိမ်းယူခြင်းများပြုလုပ်သောကြောင့်အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်ရောဂါသည် အများအပြား သေဆုံးခဲ့ရပြီးနောက် ရန်ကုန်မြို့တွင် မကြာခင် အောက်ဆီဂျင် အခမဲ့ ပေးဝေဖြန့်ဖြူးပေးသွားမှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောပါတယ်။

ထိုသို့ဖြန့်ဖြူးပေးရာတွင် Volunteer ဆိုသူများနှင့် ပူးပေါင်းကာ ၎င်းတို့ သတ်မှတ်ထားသော နေရာမှာတွင် အိုးများကိုလက်ခံ၊ စက်ရုံမှာအောက်ဆီဂျင်ဖြည့်ပေး၊ ပိုင်ရှင်ကို ဆက်သွယ်ပြန်ရွေးတဲ့စံနစ်ဖြင့် အခမဲ့ပေးလှူမှာဖြစ်ပါသည်ဟု ဦးလှစိုးက သူ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် ပြည်သူများအတွင်း အောက်ဆီဂျင် အရေးပေါ်လိုအပ်မြင့်မားကာ ဒုက္ခပင်လယ်ဝေနေသောအချိန်တွင်လည်း နွေဦးတော်လှန်ရေးတလျှောက် အချိန်ကြာမြင့်စွာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသော စစ်ကောင်စီနှင့် နီးစပ်သည့် ပရဟိတလုပ်ငန်းများလုပ်လေ့ရှိသော Volunteer ဆို

သူများမှ အောက်ဆီဂျင်အိုးလှူသည့်သတင်းများကို ၎င်းတို့နှင့်နီးစပ်သည့် မီဒီယာအချို့တွင် အချိန်ကိုက် ဖော်ပြခဲ့သည်။
တကယ်လိုအပ်နေသော ပြည်သူများ၊ ပရဟိတအဖွဲ့များ၏ အောက်ဆီဂျင်အိုးများ ဖမ်းဆီးသိမ်းဆည်းခံနေရချိန်တွင် စစ်ကောင်စီနှင့် နီးစပ်သူများ မည်သည့်နည်းဖြင့်အောက်ဆီဂျင်များရရှိနေသည်ကို မသိရှိပါ။ ပြည်သူအများစုကတော့ အောက်ဆီဂျင် လွတ်လပ်စွာ ဝယ်ယူ၍ လိုအပ်နေသူများကို

အချိန်မီကယ်ဆယ်နိုင်ရန် စစ်ကောင်စီ၏ ဖမ်းဆီးပိတ်ပင်မှုများကို မလိုလားကြပေ။

ယခုအချိန်ထိ အောက်ဆီဂျင် အချိန်မီမရရှိနိုင်သောကြောင့် ရန်ကုန်နှင့် မန္တလေးအပါအဝင် နိုင်ငံတဝှမ်း သေဆုံးသူ အများအပြားရှိနေသောကြောင့် သုသာန်များတွင် အလောင်းများ မီးသင်္ဂြိုဟ်ရန် အခက်အခဲများ ရင်ဆိုင်နေရပါသည်။

Credit Original upload

Unicode

တားမြစ်ဖမ်းဆီးမှုများကြောင့် ပြည်သူလူထု အောက်ဆီဂျင်ပြတ်၍ ဒုက္ခရောက်နေချိန်မှ အခမဲ့ဖြည့်ပေးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌပြော

စစ်ကောင်စီမှ ပုဂ္ဂလိကပိုင် အောက်ဆီဂျင် စက်ရုံများမှ အများပြည်သူသို့ အောက်ဆီဂျင်ရောင်းချမှုကို ပိတ်ပင်ခြင်း၊ ပရဟိတအဖွဲ့များမှ အောက်ဆီဂျင်အိုးများ သိမ်းယူခြင်း၊ အရေးတကြီးလိုအပ်၍ အောက်ဆီဂျင်ဖြည့်နေသော ပြည်သူများအားဖမ်းဆီးခြင်း၊ အောက်ဆီဂျင်အိုးများ မတရားသိမ်းယူခြင်းများပြုလုပ်သောကြောင့်အောက်ဆီဂျင်လိုအပ်နေသော ကိုဗစ်ရောဂါသည် အများအပြား သေဆုံးခဲ့ရပြီးနောက် ရန်ကုန်မြို့တွင် မကြာခင် အောက်ဆီဂျင် အခမဲ့ ပေးဝေဖြန့်ဖြူးပေးသွားမှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောပါတယ်။

ထိုသို့ဖြန့်ဖြူးပေးရာတွင် Volunteer ဆိုသူများနှင့် ပူးပေါင်းကာ ၎င်းတို့ သတ်မှတ်ထားသော နေရာမှာတွင် အိုးများကိုလက်ခံ၊ စက်ရုံမှာအောက်ဆီဂျင်ဖြည့်ပေး၊ ပိုင်ရှင်ကို ဆက်သွယ်ပြန်ရွေးတဲ့စံနစ်ဖြင့် အခမဲ့ပေးလှူမှာဖြစ်ပါသည်ဟု ဦးလှစိုးက သူ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးပြောကြားထားပါတယ်။စ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် ပြည်သူများအတွင်း အောက်ဆီဂျင် အရေးပေါ်လိုအပ်မြင့်မားကာ ဒုက္ခပင်လယ်ဝေနေသောအချိန်တွင်လည်း နွေဦးတော်လှန်ရေးတလျှောက် အချိန်ကြာမြင့်စွာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသော စစ်ကောင်စီနှင့် နီးစပ်သည့် ပရဟိတလုပ်ငန်းများလုပ်လေ့ရှိသော Volunteer ဆို

သူများမှ အောက်ဆီဂျင်အိုးလှူသည့်သတင်းများကို ၎င်းတို့နှင့်နီးစပ်သည့် မီဒီယာအချို့တွင် အချိန်ကိုက် ဖော်ပြခဲ့သည်။
တကယ်လိုအပ်နေသော ပြည်သူများ၊ ပရဟိတအဖွဲ့များ၏ အောက်ဆီဂျင်အိုးများ ဖမ်းဆီးသိမ်းဆည်းခံနေရချိန်တွင် စစ်ကောင်စီနှင့် နီးစပ်သူများ မည်သည့်နည်းဖြင့်

အောက်ဆီဂျင်များရရှိနေသည်ကို မသိရှိပါ။ ပြည်သူအများစုကတော့ အောက်ဆီဂျင် လွတ်လပ်စွာ ဝယ်ယူ၍

လိုအပ်နေသူများကို အချိန်မီကယ်ဆယ်နိုင်ရန် စစ်ကောင်စီ၏ ဖမ်းဆီးပိတ်ပင်မှုများကို မလိုလားကြပေ။ယခုအချိန်ထိ အောက်ဆီဂျင် အချိန်မီမရရှိနိုင်သောကြောင့် ရန်ကုန်နှင့် မန္တလေးအပါအဝင် နိုင်ငံတဝှမ်း သေဆုံးသူ အများအပြားရှိနေသောကြောင့်

သုသာန်များတွင် အလောင်းများ မီးသင်္ဂြိုဟ်ရန် အခက်အခဲများ ရင်ဆိုင်နေရပါသည်။

Credit Original upload