Local News

မိသားစုဝင်အားလုံး ရှောင်ပြေးနေရတာမို့ ပြစ်ထားတာမဟုတ်ပါဘူး လို့ပရိသတ်တွေကို ပြောပြလာတဲ့ ဖွေးဖွေး

မိသားစုဝင်အားလုံး ရှောင်ပြေးနေရတာမို့ ပြစ်ထားတာမဟုတ်ပါဘူး လို့ပရိသတ်တွေကို ပြောပြလာတဲ့ ဖွေးဖွေးပရိသတ်ကြီးရေ မင်းသမီးလေး ဖွေးဖွေးကတော့ အားလုံးသိတဲ့အတိုင်းပဲ ချစ်စရာအမူအယာ လေးတှနေဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် လူငယ် ပရိသတ်တွေ အသည်းစွဲအားပေးခံရတဲ့ အနုပညာရှင်လေးပါ

တော်လှန်ရေးမှာ ပြည်သူတွေနဲ့တစ်သားတည်းပါဝင်ပေးခဲ့ပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါသေးတယ် ထို့ကြောင့် ၅၀၅ (က)နဲ့အမှုဖွင့်ခံထားရပြီး လေးလပိုင်းကတည်းက မိသားစုဝင်အားလုံး ရှောင်တိမ်းနေခဲ့ရတာဖြစ်ပါတယ်

ဒီကနေ့ အာဇာနည်နေ့မှာတော့ ဖွေးဖွေးဟာ သူရဲ့လူမှုကွန်ယက်စာမျက်နှာကို ပြန်လည်အသုံးပြုပြီး ပြည်သူတွေအတွက် အားပေးစကားလေးတွေကို အခုလိုပဲ ပြောကြားလာပါတယ်

“ကိုယ့်လူတွေ R.I.P ဖြစ်နေကြရပြီ ကိုယ်လဲ ဖြစ်သွားနိုင်တာပဲမို့ လောကကြီးက ဘာတွေဖြစ်နေမှန်း စဉ်းစားရင်းခေါင်းရှုပ်လာပေမယ့် ချစ်တယ်
ပြန်ဆုံကြမယ် စိတ်မလျှော့လိုက်ကြနဲ့နော် အရာအာလုံးကို စိတ်တူသူတွေ အားလုံး တူတူ ရင်ဆိုင်ကြမယ် ဘာပဲဖြစ်ဖြစ် ပြန်ဆုံ ကြရမယ် လို့တွေးထားပေးပါ…”

ဆိုပြီး သူရဲ့လူမူကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ် လူမှုကွန်ယက်ကနေ အတန်ကြာအောင်ပျောက်နေတဲ့ ကိစ္စကိုလည်း သူရဲ့ပရိသတ်တွေအတွက် အခုလိုမျိုး ပြန်လည်ရှင်းပြထားပါသေးတယ်

ဝင်ရောက်ဖတ်ရှုပေးတဲ့ ပေါ်ပင်ဇုံ ပရိသတ်ကြီးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာ၍ ကပ်ဆိုးကြီးမှ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျ။

Credit

Unicode