Local News

မိခင်ဝမ်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားရတဲ့ မွေးကင်းစကလေးငယ်

တတိယလှိုင်း Covid 19 ရောဂါရဲ့ ကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေအများအပြားသေဆုံးနေကြရတာ တွေ့ရပါတယ်..။

ထိရောက်တဲ့ဆေးကုသမှု မရတာတွေကြောင့်လည်း ကြွေလွင့်ခဲ့ရတဲ့ အသက်ပေါင်းများစွာ ရှိသလို လူကြီးလူငယ်မရွေး သေဆုံးနေကြရတာ ဖြစ်ပါတယ်..။အခုတစ်ခါမှာလည်း မွေးကင်းစကလေးငယ်တစ်ဦးဟာ မိခင်ဝမ်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့ရပြန်ပါပြီ။ကလေးငယ်ရဲ့ မိခင်ဖြစ်သူမှာ

ကိုဗစ်ကူးစက်ခံထားရသူတစ်ဦးဖြစ်ပြီး ဇူလိုင်လ(၁၈)ရက်နေ့ မီးဖွားပြီးချိန်မှာ ကလေးငယ်လေးဟာ ကရင်ပြည်နယ်၊

သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့  မိခင်က ကိုဗစ်ရောဂါနဲ့ သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး ကလေးငယ်ရဲ့

ရုပ်အလောင်းကိုတော့ သင်္ကန်းညီနောင်  မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ကိုးလလုံးလုံး မျှော်လင့်ချက်အပြည့်နဲ့ ကိုယ်ဝန်လွယ်ထားခဲ့ပေမယ့် မွေးဖွားပြီးချင်းချင်း ကိုဗစ်ရောဂါဆိုးကြီးကြောင့်

သေဆုံးသွားရတဲ့ ရင်သွေးလေးအတွက် မိဘတွေကတော့ ရင်နင့်အောင် ဝမ်းနည်းကြေကွဲရသလို ပြည်သူတွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

Credit

Unicode

တတိယလှိုင်း Covid 19 ရောဂါရဲ့ ကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေအများအပြားသေဆုံးနေကြရတာ တွေ့ရပါတယ်..။

ထိရောက်တဲ့ဆေးကုသမှု မရတာတွေကြောင့်လည်း ကြွေလွင့်ခဲ့ရတဲ့ အသက်ပေါင်းများစွာ ရှိသလို လူကြီးလူငယ်မရွေး သေဆုံးနေကြရတာ ဖြစ်ပါတယ်..။အခုတစ်ခါမှာလည်း မွေးကင်းစကလေးငယ်တစ်ဦးဟာ မိခင်ဝမ်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့ရပြန်ပါပြီ။ကလေးငယ်ရဲ့ မိခင်ဖြစ်သူမှာ

ကိုဗစ်ကူးစက်ခံထားရသူတစ်ဦးဖြစ်ပြီး ဇူလိုင်လ(၁၈)ရက်နေ့ မီးဖွားပြီးချိန်မှာ ကလေးငယ်လေးဟာ ကရင်ပြည်နယ်၊

သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့  မိခင်က ကိုဗစ်ရောဂါနဲ့ သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့

သင်္ကန်းညီနောင်  မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ကိုးလလုံးလုံး မျှော်လင့်ချက်အပြည့်နဲ့ ကိုယ်ဝန်လွယ်ထားခဲ့ပေမယ့် မွေးဖွားပြီးချင်းချင်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် သေဆုံးသွားရတဲ့

ရင်သွေးလေးအတွက် မိဘတွေကတော့ ရင်နင့်အောင် ဝမ်းနည်းကြေကွဲရသလို ပြည်သူတွေလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

Credit