Knowledge

ကလေးတွေအကြောင်းကို ပိုနားလည်စေနိုင်မယ့် အချက် (၁၇) ချက်

ကလေးတွေအကြောင်းကို ပိုနားလည်စေနိုင်မယ့် အချက် (၁၇) ချက်မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ငယ်ငယ်လေးတည်းက အသေးအဖွဲက စပြီး စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေ ဘာဖြစ်ချင်သလဲ၊ ဘာအဆင်မပြေလဲ ဆိုတာကို မိဘတွေက သိချင်ကြပါတယ်။

ဒါပေမယ့် သင့်မှာ ကလေးမရှိရင် ဒါတွေနားမလည် နိုင်ပါဘူး။ မိဘတွေနဲ့ ကလေးတွေကြား ဆက်သွယ်လို့ရမယ့် အချက် 3 ချက်ကို ကျွမ်းကျင်သူတွေက ဖော်ပြပေးထားပါတယ်။ကလေးငိုပုံငိုနည်းကလေးတွေရဲ့အသက် ပထမ 4 လမှာ သူတို့လိုချင်တာကို ငိုပြီးတော့ ဖော်ပြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေ ဗိုက်ဆာလို့ ငိုတာလား၊ နာလို့ငိုတာလား၊ တစ်ခုခုဖြစ်လို့ ငိုတာလား ဆိုတာ မသိနိုင်ပါဘူး။

1. မိဘတွေကို ခေါ်သည့်ငိုနည်းကလေးတွေက တစ်ယောက်တည်း ဖြစ်နေပြီဆိုရင် မိဘတွေကို လာချီစေချင်ပါတယ်။ ကလေးတွေက 5 စက္ကန့် 6 စက္ကန့်လောက် ငိုပါတယ်။ ပြီးတော မိဘတွေများ လာချီမလားဆိုပြီး စောင့်တဲ့သဘောနဲ့ 20 စက္ကန့်လောက် အငိုရပ်ပါတယ်။ မိဘတွေက လာမချီသေးဘူးဆိုရင် ငိုလိုက်၊ ရပ်လိုက်လုပ်နေဦးမှာပါပဲ။2. ဗိုက်ဆာ၍ငိုခြင်းကလေးတွေက ဗိုက်ဆာနေရင်၊ မိဘတွေကလည်း လာမချီဘူးဆိုရင် သံကုန်ခြစ်ပြီး ငိုပါတယ်။ ဗိုက်ဆာတဲအခါ ခေါင်းကိုလှည့်ပြီး ပါးစပ်ကလည်း ပြွတ်ကနဲမြည်အောင် လုပ်တတ်ပါသေးတယ်။

3. နာ၍ငိုခြင်းအနာတစ်ခုခုဖြစ်နေပြီဆိုရင် ထပ်ခါထပ်ခါရှိုက်ပြီး ငိုသံက ပိုကျယ်ပါတယ်။ ငယ်သံပါအောင် အာခေါင်ခြစ်ပြီး ငိုခြင်းက သူတို့နာကျင်တာပိုခံစားလာရကြောင်း ပြတာပါ။ ကလေးတွေ ဖျားတဲ့အခါလည်း ငိုပါတယ်။ အားမရှိတော့ အသံကျယ်ကျယ်တော့ မငိုနိုင်ပါဘူး။

4. ခန္ဓာကိုယ်က အချက်ပြ၍ငိုခြင်းကလေးတွေက ရှူးပေါက်ချထားတဲ့အခါ၊ အနာတစ်ခုခုဖြစ်တဲ့အခါ ငိုပါတယ်။ ငိုသံက စူးစူးဝါးဝါးပါပဲ။

5. အိပ်ချင်၍ငိုခြင်းကလေးတွေက အိပ်ချင်ပေမယ့် တစ်ခုခုကြောင့် အိပ်မပျော်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ငိုပါတယ်။ မျက်လုံးနဲ့ နားရွက်တွေကို လက်နဲ့ပွတ်ပါလိမ့်မယ်။

6. သက်တောင့်သက်သာမရှိ၍ ငိုခြင်းဒီငိုသံက ပြတ်တောင်းပြတ်တောင်းနဲ့ပါ။ တစ်ခါတလေမှာ ငြိမ်ငြိမ်မနေဘဲ ခြေတွေလက်တွေကိုလည်း ယက်ကန်ယက်ကန် လုပ်တတ်ပါတယ်။ အဲဒီအခါဆိုရင် ကလေးတွေရဲ့ဒိုင်ပါကို ကြည့်ပေးဖို့ လိုပါတယ်။ သူတို့အဝတ်အစားတွေ အရမ်းပူတဲ့အခါ၊အေးတဲ့အခါလည်း ငိုပါတယ်။

ဒါ့အပြင် အရမ်းငယ်သေးတဲ့ ကလေးတွေက တစ်နေရာထဲမှာ နေရတာ ပျင်းလာတဲ့အခါ ငိုတတ်ပါတယ်။ကလေးတွေ လုပ်တတ်တဲ့အသံ
ဩစတေးလျ ကလေးအထူးကုဆရာဝန် ဒေါက်တာ Priscilla Dunstan က 3 လ ကနေ 4 လ အရွယ် ကလေးတွေရဲ့ အသံကို နှစ် 20 ကြာ သုတေသန ပြုခဲ့ပါတယ်။ သူမရဲ့ သုတေသနထဲမှာ လူမျိုးပေါင်းစုံ ကလေးတွေတစ်ထောင်ကျော် ပါဝင်ပါတယ်။ အသက် 4 လ အရွယ် ကလေးတွေက သူတို့လိုချင်တာကို အသံနဲ့ ဖော်ပြကြ ပါတယ်။ Priscilla က ကလေးတွေ အကြောင်းကို မိဘတွေ နားလည်နိုင်ဖို့ ကျောင်းဖွင့်ထား ပါတယ်။

1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက်ဆာတယ်လို့ ပြောတာပါ။ ကလေးတွေကို ဒီအသံကို လျှာကို အာခေါင်ရှေ့ကိုထိပြီး လုပ်တတ်ပါတယ်။2. ‘အာ့’ ဆိုတဲ့ အသံက လေတက်ချင်တဲ့အသံပါ။ ကလေးတွေရဲ့ အစာပြွန်ထဲကနေ လေထွက်ချင်တဲ့အခါ ဒီလိုအသံထွက်ပါတယ်။3. ‘အို့’ ဆိုတဲ့အသံက အိပ်ချင်လာပြီလို့ ပြောချင်တာပါ။ ကလေးတွေက သမ်းဝေခြင်းမပြုခင်မှာ နှုတ်ခမ်းကိုပိတ်ပြီး လုပ်ပြတတ်ပါတယ်။4. ‘ဟာ့’ ဆိုတဲ့အသံက နေရထိုင်ရ အဆင်မပြေဘူး ဆိုတဲ့ သဘောပါ။ ကလေးတွေမှာ အထိအတွေ့တစ်ခုခုက အဆင်မပြေဘူးဆိုရင် ခြေတွေလက်တွေကို ဆတ်ခနဲ လှုပ်ပြတတ်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ ပါးစပ်ကလည်း ‘ဟာ့’ ဆိုတဲ့အသံ ထွက်လာတတ်ပါတယ်။5. ကလေးတွေဗိုက်ထဲမှာ မအီမသာဖြစ်နေရင် ‘အဲ့အာ’ ဆိုတဲ့အသံ ထွက်ပါတယ်။ ကလေးတွေရဲ့ဗိုက်ထဲမှာ နေလို့မကောင်းရင် ညည်းတွားရင်းနဲ့ ထွက်လာတဲ့အသံပါ။လှုပ်ရှားတတ်တဲ့အမူအရာတွေကလေးတွေရဲ့ အမူအရာကလည်း ကလေးတွေအကြောင်းကို ပြောပြပါတယ်။

1. ခန္ဓာကိုယ်ကို တွန့်လိမ်ခြင်းနှစ်လအောက်ကလေးတွေက လေထိုးလေအောင့်တဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြတတ်ပါတယ်။ ထမင်းစားပြီးတဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ဗိုက်ပြည့်နေတဲ့သဘောပါ။ထမင်းစားနေတဲ့အချိန်မှာ တွန့်လိမ်ပြရင် အစာမကြေတဲ့သဘောပါ။ 2 လထက် ကျော်တဲ့ကလေးတွေက ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ပင်ပန်းပြီး အိပ်ချင်တယ်လို့ ပြောချင်တာပါ။

2. ခေါင်းကို လှည့်ပြခြင်းဒါကတော့ ကလေးတွေအတွက် အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတာ ပြတာပါ။ သူတို့အိပ်မပျော်ခင်မှာလည်း ခေါင်းကို လှည့်တတ်ပါတယ်။ ဘေးနားမှာ သူတို့မသိတဲ့သူရှိရင်လည်း ခေါင်းကို လှည့်ပြီး ကြည့်တတ်ပါသေးတယ်။

3. နားရွက်ကိုင်ခြင်းကလေးတွေက သူတို့ခန္ဓာကိုယ်ကို စူးစမ်းတဲ့အနေနဲ့ နားရွက်ကို ကိုင်တတ်ကြပါတယ်။ ကလေးတွေ ငိုရင်းနဲ့ နားရွက်ကို ခဏခဏ ကိုင်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

4. လက်သီးဆုပ်ခြင်းလက်သီးဆုပ်ပြတာက ဗိုက်ဆာနေပြီလို့ ပြောတာပါ။ ကလေးတွေ လက်သီးဆုပ်ပြတာကို အချိန်မီ သတိထားမိရင် ဗိုက်ဆာပြီး မငိုတော့ပါဘူး။

5. ခြေထောက်မြောက်ပြခြင်းကလေးက ခြေထောက်ကို မြောက်ပြရင် လေထိုးလေအောင့်နေတယ်လို့ ပြောတာပါ။ နာကျင်မှုကို သက်သာအောင်လို့ ခြေထောက်ကို မြောက်ပြပါတယ်။

6. လက်ကို ဆတ်ခနဲဆတ်ခနဲ မြောက်ခြင်းကလေးတွေက လက်ကို ဆတ်ခနဲ ဆတ်ခနဲမြောက်ရင် သူတို့ကြောက်နေတာလို့ ပြောတာပါ။ ဆူညံသံတွေ၊ မီးရောင်စူးစူးတွေ

၊ ရုတ်တရက် အိပ်ယာနိုးလာတာတွေက ကလေးတွေကို လန့်စေပါတယ်။ အဲဒီအခါမှာ ကလေးအကြောက်အလန့် ပြေသွားအောင် လုပ်ပေးဖို့ လိုပါတယ်။
ကလေးတွေက သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမယ့် အမူအရာတွေမဲ့ ပြတတ်တယ်လို့ ကလေးအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ခြေဟန်လက်ဟန်

အမူအရာပြခြင်းက မိဘနဲ့ကလေးကြား ဆက်သွယ်မှုကို တိုးစေပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းစေပါတယ်။

Zombie (Lovemedia)

Credit

Unicode

ကလေးတွေအကြောင်းကို ပိုနားလည်စေနိုင်မယ့် အချက် (၁၇) ချက်မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ငယ်ငယ်လေးတည်းက အသေးအဖွဲက စပြီး စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေ ဘာဖြစ်ချင်သလဲ၊ ဘာအဆင်မပြေလဲ ဆိုတာကို မိဘတွေက သိချင်ကြပါတယ်။ဒါပေမယ့် သင့်မှာ ကလေးမရှိရင် ဒါတွေနားမလည် နိုင်ပါဘူး။

မိဘတွေနဲ့ ကလေးတွေကြား ဆက်သွယ်လို့ရမယ့် အချက် 3 ချက်ကို ကျွမ်းကျင်သူတွေက ဖော်ပြပေးထားပါတယ်။ကလေးငိုပုံငိုနည်း


ကလေးတွေရဲ့အသက် ပထမ 4 လမှာ သူတို့လိုချင်တာကို ငိုပြီးတော့ ဖော်ပြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေ ဗိုက်ဆာလို့ ငိုတာလား၊ နာလို့ငိုတာလား၊ တစ်ခုခုဖြစ်လို့ ငိုတာလား ဆိုတာ မသိနိုင်ပါဘူး။

1. မိဘတွေကို ခေါ်သည့်ငိုနည်းကလေးတွေက တစ်ယောက်တည်း ဖြစ်နေပြီဆိုရင် မိဘတွေကို လာချီစေချင်ပါတယ်။ ကလေးတွေက 5 စက္ကန့် 6 စက္ကန့်လောက် ငိုပါတယ်။ ပြီးတော မိဘတွေများ လာချီမလားဆိုပြီ

း စောင့်တဲ့သဘောနဲ့ 20 စက္ကန့်လောက် အငိုရပ်ပါတယ်။ မိဘတွေက လာမချီသေးဘူးဆိုရင် ငိုလိုက်၊ ရပ်လိုက်လုပ်နေဦးမှာပါပဲ။2. ဗိုက်ဆာ၍ငိုခြင်း

ကလေးတွေက ဗိုက်ဆာနေရင်၊ မိဘတွေကလည်း လာမချီဘူးဆိုရင် သံကုန်ခြစ်ပြီး ငိုပါတယ်။ ဗိုက်ဆာတဲအခါ ခေါင်းကိုလှည့်ပြီး ပါးစပ်ကလည်း ပြွတ်ကနဲမြည်အောင် လုပ်တတ်ပါသေးတယ်။

3. နာ၍ငိုခြင်း

အနာတစ်ခုခုဖြစ်နေပြီဆိုရင် ထပ်ခါထပ်ခါရှိုက်ပြီး ငိုသံက ပိုကျယ်ပါတယ်။ ငယ်သံပါအောင် အာခေါင်ခြစ်ပြီး ငိုခြင်းက သူတို့နာကျင်တာ

ပိုခံစားလာရကြောင်း ပြတာပါ။ ကလေးတွေ ဖျားတဲ့အခါလည်း ငိုပါတယ်။ အားမရှိတော့ အသံကျယ်ကျယ်တော့ မငိုနိုင်ပါဘူး။

4. ခန္ဓာကိုယ်က အချက်ပြ၍ငိုခြင်း

ကလေးတွေက ရှူးပေါက်ချထားတဲ့အခါ၊ အနာတစ်ခုခုဖြစ်တဲ့အခါ ငိုပါတယ်။ ငိုသံက စူးစူးဝါးဝါးပါပဲ။5. အိပ်ချင်၍ငိုခြင်း

ကလေးတွေက အိပ်ချင်ပေမယ့် တစ်ခုခုကြောင့် အိပ်မပျော်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ငိုပါတယ်။ မျက်လုံးနဲ့ နားရွက်တွေကို လက်နဲ့ပွတ်ပါလိမ့်မယ်။

6. သက်တောင့်သက်သာမရှိ၍ ငိုခြင်း

ဒီငိုသံက ပြတ်တောင်းပြတ်တောင်းနဲ့ပါ။ တစ်ခါတလေမှာ ငြိမ်ငြိမ်မနေဘဲ ခြေတွေလက်တွေကိုလည်း ယက်ကန်ယက်ကန် လုပ်တတ်ပါတယ်။ အဲဒီအခါဆိုရင် ကလေးတွေရဲ့ဒိုင်ပါကို ကြည့်ပေးဖို့ လိုပါတယ်။ သူတို့အဝတ်အစားတွေ အရမ်းပူတဲ့အခါ၊

အေးတဲ့အခါလည်း ငိုပါတယ်။ ဒါ့အပြင် အရမ်းငယ်သေးတဲ့ ကလေးတွေက တစ်နေရာထဲမှာ နေရတာ ပျင်းလာတဲ့အခါ ငိုတတ်ပါတယ်။ကလေးတွေ လုပ်တတ်တဲ့အသံဩစတေးလျ ကလေးအထူးကုဆရာဝန် ဒေါက်တာ Priscilla Dunstan က 3 လ ကနေ 4 လ အရွယ် ကလေးတွေရဲ့ အသံကို နှစ် 20 ကြာ သုတေသန ပြုခဲ့ပါတယ်။ သူမရဲ့ သုတေသနထဲမှာ လူမျိုးပေါင်းစုံ ကလေးတွေ

တစ်ထောင်ကျော် ပါဝင်ပါတယ်။ အသက် 4 လ အရွယ် ကလေးတွေက သူတို့လိုချင်တာကို အသံနဲ့ ဖော်ပြကြ ပါတယ်။ Priscilla က ကလေးတွေ အကြောင်းကို မိဘတွေ နားလည်နိုင်ဖို့ ကျောင်းဖွင့်ထား ပါတယ်။

1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက်ဆာတယ်လို့ ပြောတာပါ။ ကလေးတွေကို ဒီအသံကို လျှာကို အာခေါင်ရှေ့ကိုထိပြီး လုပ်တတ်ပါတယ်။2. ‘အာ့’ ဆိုတဲ့ အသံက လေတက်ချင်တဲ့အသံပါ။ ကလေးတွေရဲ့ အစာပြွန်ထဲကနေ လေထွက်ချင်တဲ့အခါ ဒီလိုအသံထွက်ပါတယ်။

3. ‘အို့’ ဆိုတဲ့အသံက အိပ်ချင်လာပြီလို့ ပြောချင်တာပါ။ ကလေးတွေက သမ်းဝေခြင်းမပြုခင်မှာ နှုတ်ခမ်းကိုပိတ်ပြီး လုပ်ပြတတ်ပါတယ်။

4. ‘ဟာ့’ ဆိုတဲ့အသံက နေရထိုင်ရ အဆင်မပြေဘူး ဆိုတဲ့ သဘောပါ။ ကလေးတွေမှာ အထိအတွေ့တစ်ခုခုက အဆင်မပြေဘူးဆိုရင် ခြေတွေလက်တွေကို ဆတ်ခနဲ လှုပ်ပြတတ်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ ပါးစပ်ကလည်း ‘ဟာ့’ ဆိုတဲ့အသံ ထွက်လာတတ်ပါတယ်။

5. ကလေးတွေဗိုက်ထဲမှာ မအီမသာဖြစ်နေရင် ‘အဲ့အာ’ ဆိုတဲ့အသံ ထွက်ပါတယ်။ ကလေးတွေရဲ့ဗိုက်ထဲမှာ နေလို့မကောင်းရင် ညည်းတွားရင်းနဲ့ ထွက်လာတဲ့အသံပါ။လှုပ်ရှားတတ်တဲ့အမူအရာတွေကလေးတွေရဲ့ အမူအရာကလည်း ကလေးတွေအကြောင်းကို ပြောပြပါတယ်။1. ခန္ဓာကိုယ်ကို တွန့်လိမ်ခြင်းနှစ်လအောက်ကလေးတွေက လေထိုးလေအောင့်တဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြတတ်ပါတယ်။ ထမင်းစားပြီးတဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ဗိုက်ပြည့်နေတဲ့သဘောပါ။

ထမင်းစားနေတဲ့အချိန်မှာ တွန့်လိမ်ပြရင် အစာမကြေတဲ့သဘောပါ။ 2 လထက် ကျော်တဲ့ကလေးတွေက ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ပင်ပန်းပြီး အိပ်ချင်တယ်လို့ ပြောချင်တာပါ။

2. ခေါင်းကို လှည့်ပြခြင်းဒါကတော့ ကလေးတွေအတွက် အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတာ ပြတာပါ။ သူတို့အိပ်မပျော်ခင်မှာလည်း ခေါင်းကို လှည့်တတ်ပါတယ်။ ဘေးနားမှာ သူတို့မသိတဲ့သူရှိရင်လည်း ခေါင်းကို လှည့်ပြီး ကြည့်တတ်ပါသေးတယ်။

3. နားရွက်ကိုင်ခြင်းကလေးတွေက သူတို့ခန္ဓာကိုယ်ကို စူးစမ်းတဲ့အနေနဲ့ နားရွက်ကို ကိုင်တတ်ကြပါတယ်။ ကလေးတွေ ငိုရင်းနဲ့ နားရွက်ကို ခဏခဏ ကိုင်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။4. လက်သီးဆုပ်ခြင်းလက်သီးဆုပ်ပြတာက ဗိုက်ဆာနေပြီလို့ ပြောတာပါ။ ကလေးတွေ လက်သီးဆုပ်ပြတာကို အချိန်မီ သတိထားမိရင် ဗိုက်ဆာပြီး မငိုတော့ပါဘူး။

5. ခြေထောက်မြောက်ပြခြင်းကလေးက ခြေထောက်ကို မြောက်ပြရင် လေထိုးလေအောင့်နေတယ်လို့ ပြောတာပါ။ နာကျင်မှုကို သက်သာအောင်လို့ ခြေထောက်ကို မြောက်ပြပါတယ်။

6. လက်ကို ဆတ်ခနဲဆတ်ခနဲ မြောက်ခြင်းကလေးတွေက လက်ကို ဆတ်ခနဲ ဆတ်ခနဲမြောက်ရင် သူတို့ကြောက်နေတာလို့ ပြောတာပါ။ ဆူညံသံတွေ၊ မီးရောင်စူးစူးတွေ၊ ရုတ်တရက် အိပ်ယာနိုးလာတာတွေက ကလေးတွေကို လန့်စေပါတယ်။ အဲဒီအခါမှာ ကလေးအကြောက်အလန့် ပြေသွားအောင် လုပ်ပေးဖို့ လိုပါတယ်။ကလေးတွေက သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမယ့် အမူအရာတွေမဲ့ ပြတတ်တယ်လို့ ကလေးအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ခြေဟန်လက်ဟန်အမူအရာပြခြင်းက မိဘနဲ့ကလေးကြား ဆက်သွယ်မှုကို တိုးစေပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းစေပါတယ်။

Zombie (Lovemedia)

Credit