Knowledge

ဒုက္ခဆိုတာ ကိုယ့်ကို ရင့်ကျက်သွားစေမယ့် အရာတခုပါ

ဒဏ်ရာဆိုတာ ထုတ်ပြနေဖို့မှမဟုတ်တာအချိန်ဆိုတဲ့ သမားတော်နဲ့ကုစားရမယ့်အရာပါဒဏ်ရာကို ပွတ်သပ်နေရုံနဲ့ရင့်ကျက်လာမှာမှ မဟုတ်တာကိုယ့်ဒုက္ခကိုယ်ရှင်း ကိုယ့်အပူ ကိုယ်ပဲညှိမ်းရမှာမို့ဘယ်သူ့ကိုမှ လက်သည်မဖော်ချင်ဘူး။ဘယ်သူကမှ ကိုယ့်ရဲ့မျက်ရည် ကိုယ့်ရဲ့ဒုက္ခတွေကိုစာနာနားလည်ပေးနိုင်ကြမှာမှမဟုတ်တာ ကိုယ့်ဝေဒနာ ကိုယ့်ရဲ့ခံစားချက်ကိုဘယ်သူကမှ ကိုယ့်လောက်မသိနိုင်ပါဘူး…ကိုယ့်ဒဏ်ရာရဲ့ အတိမ်အနက်ကိုကိုယ်ကိုယ်တိုင်သာအသိဆုံးပါ

ကိုယ့်ရဲ့ ဒုက္ခဆိုတာလည်းအများသိအောင် ချပြနေဖို့ မလိုပါဘူးကိုယ့်ဒုက္ခကို အများသိသွားတော့လည်းဒုက္ခက လျော့သွားမှာမှ မဟုတ်တာလူသိရှင်ကြား ခံစားပြပေမယ့်စာနာ သနားတဲ့သူက နည်းနည်းရယ်ကြိတ်ပြီး ဝမ်းသာမယ့်သူက ခပ်များများဘာဖြစ်လို့လဲဆိုတော့လူဆိုတာ သူများအရေးထက်ကိုယ့်အရေးကိုပဲဦးစားပေးတတ်တာ များပါတယ်လေဒီတော့ ကိုယ့်အပူကိုယ်သိပြီးကိုယ့်မီးကိုယ် ညှိမ်းတာပဲ ကောင်းပါတယ်တကယ်တော့ ဒုက္ခဆိုတာကိုယ့်ကို ရင့်ကျက်သွားစေမယ့် အရာတခုပါဒုက္ခတစ်ခုကို ကျော်ဖြတ်ပြီးတိုင်းတခါရင့်ကျက်သန်မာလာခဲ့ကြတယ်လေအရင်က ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဒုက္ခတွေဟာ။

အခုချိန်ပြန်တွေးကြည့်ရင်ဟာသတွေဖြစ်နေတတ်တယ်အရင်က ကိုယ်အရူးအမူး စွဲလမ်းခဲ့တဲ့အရာတွေက အခုချိန်ပြန်တွေးကြည့်ရင်ဟာသတွေဖြစ်နေတတ်တယ်ဒဏ်ရာဆိုတာလည်းနာကျင်နေတုန်းခဏပါပဲအချိန်က ကုစားပြီးတဲ့နောက်ကြာတော့လည်း သက်သာသွားတာပါပဲအခုဖြစ်နေတဲ့ ဒုက္ခဆိုတာလည်းနောင်တစ်ချိန်ဖြစ်လာမယ့် ဟာသတစ်ခုပါပဲဘယ်အရာမှ မမြဲဘူးဆိုတဲ့ အသိ ရှိသွားပြီဆိုတာနဲ့လောကဓံနဲ့ နေသားတကျဖြစ်သွားမှာပါ။

အကောင်းတွေလာရင်လည်းသိပ်မပျော်တတ်တော့သလိုအဆိုးတွေလာရင်လည်းဝမ်းမနည်းတတ်တော့ပါဘူးအနားမှာဘယ်သူမှမရှိလည်းတစ်ယောက်ထဲ အေးအေးချမ်းချမ်းနေတတ်သွားတယ်ဆိုတာရင့်ကျက်ခြင်းတစ်မျိုးပါပဲ။အားလုံးလည်း ကိုဗစ်ရန်မှကင်းဝေးကြပါစေ

Credit

unicode

ဒဏ်ရာဆိုတာ ထုတ်ပြနေဖို့မှမဟုတ်တာအချိန်ဆိုတဲ့ သမားတော်နဲ့ကုစားရမယ့်အရာပါဒဏ်ရာကို ပွတ်သပ်နေရုံနဲ့ရင့်ကျက်လာမှာမှ မဟုတ်တာကိုယ့်ဒုက္ခကိုယ်ရှင်း ကိုယ့်အပူ ကိုယ်ပဲညှိမ်းရမှာမို့ဘယ်သူ့ကိုမှ လက်သည်မဖော်ချင်ဘူး။

 

ဘယ်သူကမှ ကိုယ့်ရဲ့မျက်ရည် ကိုယ့်ရဲ့ဒုက္ခတွေကိုစာနာနားလည်ပေးနိုင်ကြမှာမှမဟုတ်တာ ကိုယ့်ဝေဒနာ ကိုယ့်ရဲ့ခံစားချက်ကိုဘယ်သူကမှ ကိုယ့်လောက်မသိနိုင်ပါဘူး…ကိုယ့်ဒဏ်ရာရဲ့ အတိမ်အနက်ကိုကိုယ်ကိုယ်တိုင်သာအသိဆုံးပါ

ကိုယ့်ရဲ့ ဒုက္ခဆိုတာလည်းအများသိအောင် ချပြနေဖို့ မလိုပါဘူးကိုယ့်ဒုက္ခကို အများသိသွားတော့လည်းဒုက္ခက လျော့သွားမှာမှ မဟုတ်တာလူသိရှင်ကြား ခံစားပြပေမယ့်စာနာ သနားတဲ့သူက နည်းနည်းရယ်ကြိတ်ပြီး ဝမ်းသာမယ့်သူက ခပ်များများဘာဖြစ်လို့လဲဆိုတော့လူဆိုတာ သူများအရေးထက်ကိုယ့်အရေးကိုပဲဦးစားပေးတတ်တာ များပါတယ်လ

ဒီတော့ ကိုယ့်အပူကိုယ်သိပြီးကိုယ့်မီးကိုယ် ညှိမ်းတာပဲ ကောင်းပါတယ်တကယ်တော့ ဒုက္ခဆိုတာကိုယ့်ကို ရင့်ကျက်သွားစေမယ့် အရာတခုပါဒုက္ခတစ်ခုကို ကျော်ဖြတ်ပြီးတိုင်းတခါရင့်ကျက်သန်မာလာခဲ့ကြတယ်လေအရင်က ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဒုက္ခတွေဟာ။

အခုချိန်ပြန်တွေးကြည့်ရင်ဟာသတွေဖြစ်နေတတ်တယ်အရင်က ကိုယ်အရူးအမူး စွဲလမ်းခဲ့တဲ့အရာတွေက အခုချိန်ပြန်တွေးကြည့်ရင်ဟာသတွေဖြစ်နေတတ်တယ်ဒဏ်ရာဆိုတာလည်းနာကျင်နေတုန်းခဏပါပဲအချိန်က ကုစားပြီးတဲ့နောက်ကြာတော့လည်း သက်သာသွားတာပါပဲအခုဖြစ်နေတဲ့ ဒုက္ခဆိုတာလည်းနောင်တစ်ချိန်ဖြစ်လာမယ့် ဟာသတစ်ခုပါပဲဘယ်အရာမှ မမြဲဘူးဆိုတဲ့ အသိ ရှိသွားပြီဆိုတာနဲ့လောကဓံနဲ့ နေသားတကျဖြစ်သွားမှာပါ။

အကောင်းတွေလာရင်လည်းသိပ်မပျော်တတ်တော့သလိုအဆိုးတွေလာရင်လည်းဝမ်းမနည်းတတ်တော့ပါဘူးအနားမှာဘယ်သူမှမရှိလည်းတစ်ယောက်ထဲ အေးအေးချမ်းချမ်းနေတတ်သွားတယ်ဆိုတာရင့်ကျက်ခြင်းတစ်မျိုးပါပဲ။

အားလုံးလည်း ကိုဗစ်ရန်မှကင်းဝေးကြပါစေ

Credit