Local News

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများ ထောက်ပံ့

Zawgyiဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများ ထောက်ပံ့ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ခံနေရသည့် ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများ ထောက်ပံ့၊

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ငါးပုစွန်ဈေးဧရိယာတွင် အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာအစိုးရမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့်၊

တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံး၊ စစ်သံရုံး၊ အလုပ်သမားသံအရာရှိရုံး တို့မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလာကုပုစွန်ဈေးအနီး အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်ခန်း (၁၃၅၀) ခန့်အတွက်၊

ဆန် (၅) ကီလိုဝင်အိတ် (၁၃၅၀)၊ဆီ တစ်လီတာ ဘူး (၁၃၅၀)၊ ပဲ (၅၀၀) ဂရမ်ပါ အိတ် (၁၃၅၀)၊ ကြက်ဥ (၁၅) လုံးပါကတ် (၁၃၅၀)၊ စည်သွတ်ဘူး (၁၀) ဘူးပါ ကတ် (၁၃၅၀)၊ သောက်ရေသန့် ခြောက်လီတာပါဘူး (၉၄၅၀) တို့အား ဇန်နဝါရီလ(၂၃)ရက်နေ့ က သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့အတူ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံအမတ် ဦးစန်းဦးမောင် ဦးဆောင်သည့်၊

သံရုံး၊ အလုပ်သမားသံအရာရှိရုံး၊ အချက် အလက်ကောက်ယူရေးဌာနခွဲ(မဟာချိုင်)မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလေ ထိုင်းငါးဈေးအနီးမြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်ခန်း (၃၆၀) အတွက် ဆန် ငါးကီလိုဝင်အိတ် (၃၆၀)၊ ဆီ တစ်လီတာဘူး (၃၆၀)၊ ပဲ (၅၀၀) ဂရမ်ပါ အိတ် (၃၆၀)၊ ကြက်ဥ (၁၅) လုံးပါ ကတ် (၃၆၀)၊ စည်သွတ်ဘူး (၁၀) ဘူးပါ ကတ် (၃၆၀)၊

သောက်ရေသန့် ခြောက်လီတာပါ ဘူး (၂၅၂၀) တို့အား ဇန်နဝါရီလ(၂၃)ရက်နေ့ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။မြန်မာအလုပ်သမားများ အသွားအလာ ကန့်သတ်ခံရသည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၁၉) ရက်မှစတင်၍ မြန်မာသံရုံး ဗန်ကောက်မြို့နှင့် အလုပ်သမားသံအရာရှိရုံးတို့သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ၊

အမြဲမပြတ်ဆက်သွယ်လျက် လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများကို အချိန်နှင့် တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ထို့ပြင် အဆိုပါဒေသတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု ဖြစ်စဉ်နှင့်ဆက်စပ်လျက်ရှိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ရောဂါကူးစက်ခံ နေရသူများ၊ အသွားအလာကန့်သတ်ခံနေရသူများအနေဖြင့်၊

ကျန်းမာရေး၊နေထိုင် စားသောက်ရေးအပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် သော်လည်းကောင်း ထိခိုက်ခံစားရမှု များ မရှိစေရန်အတွက် ကာကွယ်စောင့်ရှောက် မှုပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ၎င်းတို့ အသွား အလာကန့်သတ်ခံနေရစဉ်အတွင်း နေထိုင် စားသောက်ရေး အဆင်ပြေစေရန် ရှေးရှုလျက် ယခုကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ ပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း မြန်မာ သံရုံးအနေဖြင့်၊ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများ နှင့်ဆက်သွယ်လျက် ၎င်းတို့ထံ သွားရောက် တွေ့ဆုံအားပေးပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားရန် ညွှန်ကြားထား ကြောင်း သိရသည်။

Credit ငြိမ်းနိုင်

Unicode ဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများ ထောက်ပံ့ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ခံနေရသည့် ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများ ထောက်ပံ့၊

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ငါးပုစွန်ဈေးဧရိယာတွင် အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာအစိုးရမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့်၊

တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံး၊ စစ်သံရုံး၊ အလုပ်သမားသံအရာရှိရုံး တို့မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလာကုပုစွန်ဈေးအနီး အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်ခန်း (၁၃၅၀) ခန့်အတွက် ဆန် (၅) ကီလိုဝင်အိတ် (၁၃၅၀)၊ဆီ တစ်လီတာ ဘူး (၁၃၅၀)၊ ပဲ (၅၀၀) ဂရမ်ပါ အိတ် (၁၃၅၀)၊

ကြက်ဥ (၁၅) လုံးပါကတ် (၁၃၅၀)၊ စည်သွတ်ဘူး (၁၀) ဘူးပါ ကတ် (၁၃၅၀)၊ သောက်ရေသန့် ခြောက်လီတာပါဘူး (၉၄၅၀) တို့အား ဇန်နဝါရီလ(၂၃)ရက်နေ့ က သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့အတူ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံအမတ် ဦးစန်းဦးမောင် ဦးဆောင်သည့်၊

သံရုံး၊ အလုပ်သမားသံအရာရှိရုံး၊ အချက် အလက်ကောက်ယူရေးဌာနခွဲ(မဟာချိုင်)မှ တာဝန်ရှိသူများက စမွတ်စခွန်ခရိုင် တလေ ထိုင်းငါးဈေးအနီးမြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်ခန်း (၃၆၀) အတွက် ဆန် ငါးကီလိုဝင်အိတ် (၃၆၀)၊ ဆီ တစ်လီတာဘူး (၃၆၀)၊ ပဲ (၅၀၀) ဂရမ်ပါ အိတ် (၃၆၀)၊ ကြက်ဥ (၁၅) လုံးပါ ကတ် (၃၆၀)၊ စည်သွတ်ဘူး (၁၀) ဘူးပါ ကတ် (၃၆၀)၊

သောက်ရေသန့် ခြောက်လီတာပါ ဘူး (၂၅၂၀) တို့အား ဇန်နဝါရီလ(၂၃)ရက်နေ့ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။မြန်မာအလုပ်သမားများ အသွားအလာ ကန့်သတ်ခံရသည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၁၉) ရက်မှစတင်၍ မြန်မာသံရုံး ဗန်ကောက်မြို့နှင့်၊

အလုပ်သမားသံအရာရှိရုံးတို့သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် အမြဲမပြတ်ဆက်သွယ်လျက် လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများကို အချိန်နှင့် တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ထို့ပြင် အဆိုပါဒေသတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု ဖြစ်စဉ်နှင့်ဆက်စပ်လျက်ရှိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (ရောဂါကူးစက်ခံ နေရသူများ၊ အသွားအလာကန့်သတ်ခံနေရသူများ)အနေဖြင့် ကျန်းမာရေး၊ နေထိုင် စားသောက်ရေးအပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် သော်လည်းကောင်း၊

ထိခိုက်ခံစားရမှု များ မရှိစေရန်အတွက် ကာကွယ်စောင့်ရှောက် မှုပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။မြန်မာအစိုးရအနေဖြင့် ၎င်းတို့ အသွား အလာကန့်သတ်ခံနေရစဉ်အတွင်း နေထိုင် စားသောက်ရေး အဆင်ပြေစေရန် ရှေးရှုလျက် ယခုကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ ပေးခြင်းဖြစ်ပြီး၊ဆက်လက်၍လည်း မြန်မာ သံရုံးအနေဖြင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများ နှင့်ဆက်သွယ်လျက် ၎င်းတို့ထံ သွားရောက် တွေ့ဆုံအားပေးပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားရန် ညွှန်ကြားထား ကြောင်း သိရသည်။

Credit ငြိမ်းနိုင်