Local News

မွေးနေ့အလှူလေးအဖြစ် အောက်စီဂျင်(၄)အိုးလှူဒါန်းပေခဲ့တဲ့ ဝါဆိုမိုးဦး

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးဝါဆိုမိုးဦးကတော့ မနေ့က ဇူလိုင်လ (၁၆)ရက်နေ့မှာ အောက်စီဂျင်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။အလှူလေးကတော့ ဝါဆိုမိုးဦးက သူ့ရဲ့မွေးနေ့အလှူလေးအနေနဲ့ ခိုင်နှင်းဝေရဲ့ အောက်စီဂျင်လှူဒါန်းမှုမှာ အောက်စီဂျင်(၄)အိုးစာကို ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။လာမယ့် ဇူလိုင်လ (၂၇)ရက်နေ့ကတော့ ဝါဆိုရဲ့ မွေးနေ့ကျရောက်တဲ့နေ့ရက်လေးဖြစ်ပြီး ဝါဆိုကတော့ မွေးနေ့မတိုင်ခင်ကတည်းကနေ ပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အောက်စီဂျင်အိုးတွေကို မွေးနေ့အလှူလေးအဖြစ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အောက်စီဂျင် (၄)အိုး (တန်ဘိုးငွေ ၁၂သိန်း)ကို ဝါဆိုက စေတနာထက်သန်စွာနဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းကနေ အောက်စီဂျင်လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဝါဆိုက သူ့ရဲ့မွေးနေ့အကြိုအနေနဲ့တတ်နိုင်သလောက်ပါဝင်လှူဒါန်းတဲ့ အလှူလေးကို ပရိသတ်တွေနဲ့ အားလုံးသာဓုခေါ်ဆိုနိုင်စေဖို့လည်း မျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေကလည်း ဝါဆိုရဲ့ ကာလဒါနအောက်စီဂျင်လှူဒါန်းတဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Credit

Unicode