ချယ်ရီပန်းတွေ ပွင့်မယ့် အစားမနက်ကရွှေတိဂုံ ဘုရားအနီး မှာတက္ကစီ တစ်စီးပျက်သွားတော့ လမ်းတွေ ပိတ်တာပေါ့ပျက်သွားတဲ့ တက္ကစီ ကို ယာဥ်မောင်းက တစ်ယောက်တည်း တွန်းတယ်ကုန်းတက်ကြီး ဆိုတော့ ဘဘယ်အဆင်ပြေပါ့မလဲအနီးမှာရှိတဲ့ ယာဥ်ထိန်းရဲက ပြေးလာပြီ ကူတွန်းတယ်ထင်သလောက် မတွန်းနိုင်ဘူး။
အဲဒီမှာ လက်တစ်ဖက် မရှိတဲ့ သတင်းစာ ရောင်းသည် က ပြေးလာပြီ ကူတွန်းတယ်တစ်ဆက်တည်း ပန်းသည် ရယ် ၊ ကွမ်းယာသည် ရယ်ကပါ ဝိုင်းတွန်းတော့ နောက်ဆုံး ပျက်နေတဲ့ တက္ကစီကုန်းပေါ် ရောက်သွားတော့တယ်လမ်းပိတ်နေတာကလည်း ရှင်းသွားတယ်ကိုယ်လည်း ဖုန်း အမြန် ထုတ်ပြီးမှတ်တမ်းတင် လိုက်တယ်။
ကားကို ဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီ ကို လေးစားတယ်တကယ်တော့ သူတို့ နဲ့ မဆိုင်သလို နေလို့ရတာပေါ့ဒါပေမဲ့ ကိုယ်စီ အသိစိတ် နဲ့ ပြေးလာပြီး တစ်ယောက်တစ်ဖက် တစ်ယောက်တစ်လက် နဲ့ ဝိုင်းကူညီတော့ နောက်ဆုံး ကားပိတ်တာကြီးကို ဖြေရှင်းသွားနိုင် တယ်အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြသနာတွေဟာ ကျွန်တော် တို့ အတူတူ မရှိဘူးကြသေးလို့ပါ။
ကျွန်တော်တို့ အတူတူး မတွန်းရသေးလို့ပါကျွန်တော်တို့ အတူတူ လက်ဆွဲမနှုတ်ဆက်ရသေးလို့ပါလာပါ လက်သီးဆုပ်တွေ ဖြည်ပြီး လက်ဆွဲနှုတ်ဆက်ပြီးကျွန်တော် တို့ အတူတူကုန်းပေါ် တက်မယ်လေကျွန်တော်တို့ လက်တွေ စုပြီး ကဗျာ တစ်ပုဒ် ချရေးမယ်ကြိုက်တဲ့ ခေါင်းစဥ် တပ် ငြိမ်းချမ်းရေး အကြောင်းတွေ ပါ ပါစေစာလုံးပေါင်း တွေ မှား လည်းရတယ် ဂျိုးဖြူငှက်တွေ အကြောင်း တော့ပါ ပါစေ။
ဒီမှာ ရှမ်းကြီးမရှက် နဲ့ ခင်ဗျားက အစ်ကိုကြီးဆိုကျုပ်က ညီငယ်လေးပန်းတွေ လွတ်လွတ်လပ်လပ် ပွင့်ပါစေကချင်ကြီးရယ်ဟာခါဘိုရာဇီ တောင်တန်းကြီး ပိုလှတာပေါ့တို့ တိုင်းရင်းသားတွေ ဘယ်သူပဲ ဗိုလ်လုပ်လုပ်သေနတ် မပါကြေးနော်၊ဟိုး မှာ တွေ့လား တက္ကစီ ဆရာ အပါအဝင် ယာဥ်ထိန်းရဲကြီးရယ်၊ လက်တစ်ဖက်ပဲ ရှိတဲ့ သတင်းစာရောင်းသည်ကြီးရယ်၊ ပန်းသည်ကြီးရယ်၊ ကွမ်းရောင်းတဲ့ ညီလေးရယ်က၊
ကုန်းပေါ်က လက်ပြနေပြီပြည်တွင်းစစ်တွေ ရပ်ဆဲပြီး ငြိမ်းချမ်းရေး တောင်ပေါ် ကို ကျုပ်တို့ ပြေးတက်ရ အောင်ဗျာဆောင်းတွင်းမို့ အေး တယ်တဲ့ လား ရခိုင်ကြီးရေဒါဆို ကျောပိုးထား။ကျုပ်တို့ ပြေးတက် တော့မယ်နော်။
Credit ငြိမ်းနိုင်