Knowledge

လှချင်လွန်း၍ပြုပြင်ခဲ့ရာမှ၊မျက်နှာတခြမ်းလုံးရွဲ့သွားရတဲ့အမျိုးသမီးအဖြစ်

တရုတ်နိုင်ငံကအသက်(29)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကတော့၊အလှအပ ဆိုင်ရာဆေးခန်းတခုမှာလှချင်ဇောနဲ့သွားရောက်ပြုပြင်ခဲ့ပေမဲ့၊မျက်နှာဘယ်ဘက်တခြမ်းလုံးရွဲ့သွားရတဲ့အဖြစ်ဟာsocial mediaမှာပျံ့နှံ့နေခဲ့ပါတယ်။

Hangzhouမြို့ကMs. Zhaoလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ၊အလှအပဆိုင်ရာကုသပေးတဲ့ဆေးခန်းတခုကို၊မျက်နှာအရေပြားတွန့်တာကာကွယ်ပေးတဲ့fillerဆေးတစ်မျိုးကိုထိုးသွင်းခဲ့ပါတယ်။ထိုသို့fillerထိုးတာဟာ၊သူမအနေနဲ့ပထမဆုံးအကြိမ်မဟုတ်ပါဘူး။သို့ပေမဲ့ယခုနောက်ဆုံးတစ်ကြိမ်မှာတော့၊သူမပုံမှန်ထိုးနေကျတိုင်းထိုးခဲ့ပေမဲ့၊ယခုတကြိမ်မှာမှသူမအတွက်ကံဆိုးလွန်းတဲ့ကိစ္စကြီးကျရောက်ခဲ့ပါတယ်။သူမဟာဆေးထိုးပီးမနက်အိပ်ရာထတဲ့အခါမှာတော့၊

သူမရဲ့မျက်နှာဘယ်ဘက်ခြမ်းကမျက်ခုံးကအောက်ဘက်ကိုကြုပ်နေပီးပါးစပ်တခြမ်းလုံးရွဲ့နေတာကိုသတိထားမိခဲ့ပါတယ်။သူမလဲအလွန်လန့်သွားခဲ့ပီး၊ဆေးခန်းရှိရာကိုအမြန်ပြန်သွားပြခဲ့ပါတယ်။ထိုနေ့ကသူမထိုးနေကျဆရာဝန်ထိုးပေးတာမဟုတ်ပဲ၊အခြားဆရာဝန်နှစ်ယောက်ကထိုးပေးခဲ့တာဖြစ်ပီး၊သူမထိုးနေကျတုန်းကဘာမှမဖြစ်ဖူးပဲယခုတကြိမ်မှရုပ်ဆိုးအကျဉ်းတန်ခဲ့တာပါလို့ဆိုပါတယ်။ထိုအဖြစ်ပျက်ကြောင့်သူမဟာအစာစားဖို့ပင်ခက်ခဲနေပီး၊ရေလဲသောက်လို့မရဖြစ်နေခဲ့ပါတယ်။သူမကိုfillerထိုးပေးခဲ့တဲ့ဆရာဝန်တွေကတာဝန်မယူပေးနိုင်ခဲ့လို့၊သူမအနေနဲ့လဲဥပဒေအတိုင်းဆက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Credit

Unicode

လှချင်လွန်း၍ပြုပြင်ခဲ့ရာမှ၊မျက်နှာတခြမ်းလုံးရွဲ့သွားရတဲ့အမျိုးသမီးအဖြစ်တရုတ်နိုင်ငံကအသက်(29)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကတော့၊အလှအပ ဆိုင်ရာဆေးခန်းတခုမှာလှချင်ဇောနဲ့သွားရောက်ပြုပြင်ခဲ့ပေမဲ့၊မျက်နှာဘယ်ဘက်တခြမ်းလုံးရွဲ့သွားရတဲ့အဖြစ်ဟာsocial mediaမှာပျံ့နှံ့နေခဲ့ပါတယ်။Hangzhouမြို့ကMs. Zhaoလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ၊အလှအပဆိုင်ရာကုသပေးတဲ့ဆေးခန်းတခုကို၊

မျက်နှာအရေပြားတွန့်တာကာကွယ်ပေးတဲ့fillerဆေးတစ်မျိုးကိုထိုးသွင်းခဲ့ပါတယ်။ထိုသို့fillerထိုးတာဟာ၊သူမအနေနဲ့ပထမဆုံးအကြိမ်မဟုတ်ပါဘူး။သို့ပေမဲ့ယခုနောက်ဆုံးတစ်ကြိမ်မှာတော့၊သူမပုံမှန်ထိုးနေကျတိုင်းထိုးခဲ့ပေမဲ့၊

ယခုတကြိမ်မှာမှသူမအတွက်ကံဆိုးလွန်းတဲ့ကိစ္စကြီးကျရောက်ခဲ့ပါတယ်။သူမဟာဆေးထိုးပီးမနက်အိပ်ရာထတဲ့အခါမှာတော့၊သူမရဲ့မျက်နှာဘယ်ဘက်ခြမ်းကမျက်ခုံးကအောက်ဘက်ကိုကြုပ်နေပီးပါးစပ်တခြမ်းလုံးရွဲ့နေတာကိုသတိထားမိခဲ့ပါတယ်။သူမလဲအလွန်လန့်သွားခဲ့ပီး၊ဆေးခန်းရှိရာကိုအမြန်ပြန်သွားပြခဲ့ပါတယ်။ထိုနေ့ကသူမထိုးနေကျဆရာဝန်ထိုးပေးတာမဟုတ်ပဲ၊အခြားဆရာဝန်နှစ်ယောက်ကထိုးပေးခဲ့တာဖြစ်ပီး၊သူမထိုးနေကျတုန်းကဘာမှမဖြစ်ဖူးပဲယခုတကြိမ်မှရုပ်ဆိုးအကျဥ်းတန်ခဲ့တာပါလို့ဆိုပါတယ်။

ထိုအဖြစ်ပျက်ကြောင့်သူမဟာအစာစားဖို့ပင်ခက်ခဲနေပီး၊ရေလဲသောက်လို့မရဖြစ်နေခဲ့ပါတယ်။သူမကိုfillerထိုးပေးခဲ့တဲ့ဆရာဝန်တွေကတာဝန်မယူပေးနိုင်ခဲ့လို့၊သူမအနေနဲ့လဲဥပဒေအတိုင်းဆက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Credit