Love

သစ္စာမဲ့သူကို ဘာကြောင့် မကွဲနိုင်ကြသလဲ

သစ္စာမဲ့သူကို ဘာကြောင့် မကွဲနိုင်ကြသလဲဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါ။ အချို့သူတွေ ဖောက်ပြန်တတ်တဲ့၊ မိသားစုအပေါ် သစ္စာမရှိတဲ့ သူတွေကို သည်းခံပြီး ပေါင်းသင်းနေကြတာ တွေ့ရပါတယ်။အဲလို ပေါင်းသင်းတဲ့ အထဲမှာ သစ္စာမရှိတဲ့ မိန်းမကို ပေါင်းသင်းတဲ့ ခင်ပွန်းတွေထက်၊

သစ္စာမရှိတဲ့ ခင်ပွန်းကို ပေါင်းသင်းတဲ့ ဇနီးသည်တွေက ပိုများကြတာ တွေ့ရပါတယ်။အဲလို ကိုယ့်အပေါ် သစ္စာမရှိတဲ့၊ ကွယ်ရာမှာ စိတ်မချရတဲ့၊ အခြားမိန်းမတစ်ယောက်နဲ့ ဆက်ဆံတတ်တဲ့၊ ကိုယ့်မိသားစုထက် ကိုယ့်သားသမီးတွေထက် ကိုယ့်ရဲ့ အတ္တကို ပိုဦးစားပေးတတ်တဲ့ ဒီလို သစ္စာမရှိတဲ့ ခင်ပွန်းဖြစ်သူကိုသည်းခံပြီး ပေါင်းနေတာ ဘာကြောင့်လဲ ဆိုတာ စဉ်းစားကြည့်မိပါတယ်။မိန်းမသားဖြစ်နေလို့ ဒီသစ္စာမရှိတဲ့ ခင်ပွန်းကိုမှ မပေါင်းရင် စားဝတ်နေရေး အဆင်မပြေစေလို့လား။ ပိုက် ဆံနဲ့ စားဝတ်နေရေးကြောင့် သစ္စာမရှိတဲ့ သူကို ပေါင်းကြရတာလား။

ဒါကလည်း လုပ်တတ်ကိုင်တတ်တဲ့ မိန်းမသားတွေ ပေါများလှတဲ့ ခေတ်မှာတော့ ကိုယ့်ကိုယ်ကို အားကိုးပြီး ရှာဖွေ စားသောက်နိုင်ရင် အထုပ်ကြီးကို ရွတ်ထားစရာမလိုပါဘူး။အချို့ကတော့ သားသမီးတွေ မျက်နှာကြောင့်လို့ ပြောလေ့ရှိကြတယ်။စဉ်းစားကြည့်ပါတယ်။

သားသမီးတွေကလည်း ဒီလိုအဖေမျိုးကို လေးစားပါ့မလား။ ကိုယ့်မိသားစုအပေါ်ကို သစ္စာမဲ့ပြီး အခြားမိန်းမတစ်ယောက်ရဲ့ ကုတင်ပေါ် ရောက်နေတဲ့ အဖေမျိုးကို ကြည်ညိုလေးစားတဲ့ သားသမီးတော့ ရှိမယ်မထင်ပါဘူး။သားသမီးက ဖခင်မို့ ချစ်ချင် ချစ်မယ်။ အရမ်းချစ်လို့ မြတ်နိုးချင်မြတ်နိုးမယ်။ လေးစားစိတ်၊ ကြည်ညိုစိတ် ကတော့ ဖြစ်မှာ မဟုတ်ဘူး။အဲလို လူတစ်ယောက်ရှိတဲ့ အိမ်ဟာ အေးချမ်းပျော်ရွှင်နိုင်ပါ့မလား။ ဒီလိုလူကို သယ်ပိုးထားရတဲ့ မိသားစုမှာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခ၊ အခန့်မသင့်တိုင်း အဖေနဲ့အမေ ရန်ဖြစ်စကားများတာကို ခံစားရတဲ့ ဒုက္ခဆင်းရဲတွေနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ သားသမီးတွေကိုပါ ထိခိုက်စေပါတယ်။

အဲလို လူတစ်ယောက်ရှိလာတဲ့အတွက် ထိခိုက်ရတဲ့ သူတွေဟာ တစ်ယောက်မကပါဘူး။ မိသားစုလိုက်ပါ။ ဖောက်ပြားကြတဲ့ သူတွေနဲ့ ပတ်သက်သူတိုင်း ထိခိုက်ကြပါတယ်။ အဲဒီလို ထိခိုက်မှုကို ဘာဖြစ်လို့ သည်းခံနေသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

တကယ်လို့ စွန့်ပစ်လိုက်တဲ့အခါ သားသမီးတွေအနေနဲ့ သူတို့အဖေ မကောင်းလို့ ဆိုတာကို သိထားပြီးသား ဖြစ်တဲ့အတွက် အမေ့ကို အပြစ်မမြင်တဲ့အပြင် ဂရုဏာသက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ မကောင်းတဲ့ လူတစ်ယောက်ကို အဖေအဖြစ်နဲ့ နေ့စဉ်တွေ့နေရတဲ့ စိတ်ဒုက္ခလည်း ကင်းသွားနိုင်ပါတယ်။ဒါ့အပြင် ဖခင်မို့ တစ်ခါတစ်ရံတွေ့ချင်တာမျိုး ရှိရင်လည်း သွားတွေ့ခြင်းအားဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို အမေဖြစ်သူက လျော့ပေးလိုက်နိုင်တယ်လို့ ယူဆမိပါတယ်။အချို့ကတော့ ဘယ်လောက်ပဲ ကိုယ့်မိသားစုအပေါ် သစ္စာဖောက်ပါစေ မစွန့်လွှတ်ဘူးလို့ ဆွဲထားတဲ့ သူတွေရှိပါတယ်။

သူ့ကို စွန့်လွှတ်လိုက်ရင် သူ့ကို ဟိုတစ်ယောက်က ပိုင်သွားမှာပေါ့တဲ့…။ အဲဒီတစ်ယောက်ပိုင်မှာစိုးလို့ ဒီချီးထုတ်ကြီးကို ပိုက်ထားတာလား…လို့ မေးတဲ့ သူကလည်း မေးပါတယ်။တစ်ခါ သစ္စာဖောက်ဖူးတဲ့ သူကို ပြန်ယုံလို့ရပါသ လား။ခြံတွေ့တိုင်း ခုန်တတ်တဲ့ နွားရဲ့ အကျင့်ကို ပြင်လို့ရပါသလား။ဖောက်ပြန်တတ်တဲ့ သူမျိုးက ကိုယ် က တန်တယ်လို့ ယူဆပါသလား။

အဲဒီလို တွေးကြည့်ရင်ကို ဖောက်ပြန်တဲ့ သူတွေနဲ့ ပတ်သက်နေရတဲ့ သူတွေအတွက် အဖြေဟာ ရှိပါတယ်။ ဒီလိုသစ္စာမဲ့ တတ်တဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ဆိုတာ ကိုယ့်နဲ့ပတ်သက်နေသရွေ့ကို အမြဲတမ်း ဒုက္ခပေးနေမယ့် သူမျိုးတွေပါ။ သူတို့နဲ့ ပတ်သက်ရလို့ ပျော်ရတာ၊ စိတ်ချမ်းသာရတာက နည်းနည်း၊ စိတ်ဒုက္ခရောက်ရတာက များများလို့ ဆိုရမယ့်သူမျိုးတွေပါ။အဲလိုမျိုး ချစ်သူ အိမ်ထောင်ဖက်ရဲ့သစ္စာမဲ့မှုတွေနဲ့ ကြုံလာတဲ့အခါ ဘယ်တော့မှ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် သူတို့ ဖောက်ပြန်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ နဂိုအခံကိုယ်က မကောင်းလို့ပါ။ သစ္စာတရားကို တန်းဖိုးမထားလို့ပါ။ အဲဒါကို ဖုံးကွယ်ချင်တဲ့အတွက် သူတို့က ကိုယ့်ရဲ့ အားနည်းချက်ကြောင့်

ဖောက်ပြန်ရသလိုလိုနဲ့ စွပ်စွဲပြောဆိုတတ်ပါတယ်။အဲလိုများကြုံခဲ့ရင် သူ့အပြစ်ကို ဖုံးချင်လို့ သူပြောနေတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် သူဖောက်ပြန်တာမဟုတ်ဘူး။ သူကိုယ်တိုင်က သစ္စာမရှိတာဆိုတာကို သဘောပေါက်နားလည်ထားပါ။

ချစ်သူရည်စားဘဝမှာကတည်းက ဖောက်ပြန်တတ်တဲ့ သူမျိုးကို ချစ်မိတယ်ဆိုရင်လည်း သူ့ကို လက်ထပ်ဖို့ထိ စိတ်မကူးသင့်ဘူးလို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ကျတဲ့ အချိန်မှာလည်း သူဟာ ဖောက်ပြန်နိုင်ပါသေးတယ်။လောကမှာ သစ္စာတရားဆိုတာ အလှပဆုံးပါ။ မေတ္တာတရားဆိုတာကတော့ အကောင်းဆုံးပါ။အဲဒီ နှစ်ပါးလုံး ကို တန်ဖိုးမထားတတ်တဲ့ သူတွေနဲ့ ပတ်သက်လာတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်မထိခိုက်ပါနဲ့။ သူတို့ရဲ့ တန်ဖိုးဟာ အများကြီး နိမ့်ပါတယ်။ အဲဒီလို နိမ့်ပါးတဲ့သူတွေအတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ မိသားစု၊ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အလုပ်တွေကို မထိခိုက်အောင် ကြိုးစာနေထိုင်ပါလို့ တိုက်တွန်းပါရစေရှင်။

Credit

Unicode