Love

သင် သဘောကျနေတဲ့ ကောင်လေးက သင့်ကို ပြန်စိတ်ဝင်စားလာစေမယ့် အထာ ပေးနည်း

ရှိတော့ ရှိတယ် ဖွင့်ပြောလို့မှ မရတာဆိုပြီး စိတ်ညစ် နေသလား စိတ်မညစ်ပါနဲ့ ဖွင့်ပြောသလိုကို ထိရောက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ် ။ အဲဒါလေးတွေကိုသင် လိုက်လုပ်နိုင်ရင် အဲဒီ ကောင်လေး သင့်ကို အမြန် ကြွေလာမှာပါလို့ အကြံပေးပါရစေ တစ်ခုတော့ ရှိပါတယ်

သိပ်ပြီး ကလတ်တဲ့ အမူအယာတွေ ပြစရာ မလိုပါဘူး အမှတ်တမဲ့ သင့် အပြုအမူလေးတွေက သူ့ကို ခိုက်စေ ပါလိမ့်မယ် ။1 .စိတ်ဝင်စားမှုကို ပြပါကိုယ် စိတ်ဝင်စားမှုကို သူသိအောင် ပြပေးပါ ဒါက လွယ်ပါတယ် ဖြတ်ကနဲ ကြည့်တာတို့ သူ ကြည့်တဲ့အခါ ချစ်စဖွယ် အမူအယာလေးတွေ လုပ်တာတို့ပေါ့ အဲဒီလို အပြုအမူမျိုး မိန်းကလေးတွေက

ဘယ်သူမှ သင်မပေးလည်း တတ်မြောက်ပြီးသားပါ ဒီတော့ သင် စိတ်ဝင်စားတဲ့ ကောင်လေးကို စမ်းကြည့်ပေါ့။

2 . အလှကို နဂိုထက်ပိုပြင်ပါဒါကတော့ တစ်ချို့က အလှပြင်လိုက်ကာမှ ပြူးတူးပြဲတဲကြီးတွေ ဖြစ်သွား တတ်ပါတယ် ကျွန်တော့် အမြင်အရ ပြောရရင် ဘွဲ့ယူတဲ့ နေ့မှာ မိန်းကလေးတွေက တစ်ရုပ်တည်းလို့ ထင်ရပါတယ် ။အလှပြင်လာကြတာလည်း အကုန် ပြူးတူးပြဲတဲ ကြီးတွေဆိုတော့ သူလား ငါလား ဘယ် မှတ်မိတော့ မလဲ ဆိုတော့ အဝတ်အစားကိုလည်း ဒီထက် ပိုပြီး ဖက်ရှင်ကျတဲ့ ပုံစံကို ရွေးဝတ် တာတို့လည်း ပါဝင်ပါတယ် ။

3 . နားထောင်ပါမိန်းကလေးတွေဟာ ပစိပစပ် သိပ် ပြောကြပါတယ် အဲဒါမျိုးကို ယောက်ျားတွေက နည်းနည်း လန့်ပါတယ် နောက်ပြီး သိပ်ပြီး စပ်စုတာမျိုးဆိုလည်း သဘောမကျ ကြပါဘူး ဒီတော့ စကားပြောစရာရှိရင်ပညာနဲ့ ချင့်ချိန်ပြီး ပြောတာတို့ လုပ်ရပေးပါ။

ပိုကောင်းတာက သင်စိတ်ဝင်စားနေတဲ့ ကောင်လေးဟာစကားပြောရင် ညည်းငွေ့ဖွယ်စာအုပ်ကြီး ဖတ်ပြနေသလို ဖြစ်ရင်တောင် သင်က သူ့စကားကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နားထောင်ပြပေးပါ ။4.ရယ်ပြပါမိန်းကလေးတွေဟာ ရယ်လိုက်တဲ့အခါမှာ အတော်လှကြပါတယ် တစ်ချို့ မျက်နှာမာကြီးတွေနဲ့ အမျိုးသမီးတွေတောင် ရယ်လိုက်တဲ့အခါ သွားစွယ်ဖြူဖြူလေးတွေနဲ့ တစ်မျိုး ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။

မိန်းကလေးတွေအတွက် အကောင်းဆုံး ဆွဲဆောင်နည်းကတော့ ရယ်နည်းပါဘဲ အဲ တစ်ခုတော့ ရှိတာပေါ့ အကြောင်းမရှိ အကြောင်းရှာ ရယ်နေလို့လည်း မဖြစ်ဘူးဗျ ဂေါက်နေတယ်လည်း ထင်သွားဦးမယ်။

နောက်ပြီး မျက်ရည်ထွက်အောင် ရှူးရှူးတွေ ထွက်ကျအောင်လည်း ရယ်စရာမလိုပါဘူး ဒီတော့ လှရုံလေးရယ်ပေါ့ တစ်ခါတလေ ပါးစပ်ကလေး ပိတ်ပြီး ရယ်တာမျိုးတွေကလည်း ချစ်စရာကောင်းတယ်ဗျ ။5. သဘောထားကြီးဟန်ပြပါဘယ်အရာကိုပဲဖြစ်ဖြစ် မိန်းမတစ်ယောက်က မြင်တဲ့ အမြင်မျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ ဥပမာ သူက တစ်ခြားကောင်မလေးတစ်ယောက်အကြောင်း ပြောတဲ့အခါမျက်နှာကြီး စူပုပ်နေမဲ့အစား နံပတ်- 3- အချက်ကဲ့သို့ပင် ပြုံးပြုံးလေး နားထောင်ပေးလိုက်ပါ ။

6. ချစ်စရာကောင်းအောင်နေပါဘယ်အပြုအမူမျိုးပဲဖြစ်ဖြစ် သူ့ကို ရည်စူးပြု ပြုမူပါ ဒါဆို သင်ဟာ ဘာလုပ်လုပ် ချစ်စရာကောင်းနေမှာပါ တစ်ချို့ကကျတော့ တကယ်စိတ်မဆိုးပဲ စိတ်ဆိုးဟန်ဆောင်ရင်

လှတတ်လို့ အဲဒီလို အချက်ကလေးကိုအမြဲလိုလို အသုံးချတတ်ပါတယ် တစ်ချို့ကကျတော့ နှုတ်ခမ်းလေး ပွစိပွစိလုပ်တာတို့ ပါးလေး ချိုင့်အောင်ပြုံးတာတို့ စသဖြင့်ပေါ့ ။7. ကျီစယ်နောက်ပြောင်ခြင်းလုပ်ပါသူ စိတ်ဆိုးအောင် ကျီစယ်တာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါး ဟာသလေးတွေ ပြောပြတာပဲဖြစ်ဖြစ် သူ့ကိုခါးတို့ပြီး စတာနောက်တာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒါပေမယ့် စတာနောက်တာ မကြိုက်တဲ့သူဆိုရင်တော့ မစပါနဲ့။

သင့်ကို သူကလည်း စနောက်တတ်တဲ့ အကျင့်ရှိရင် သင်ကလည်း ပြန်ပြီး စနောက်ကြည့်ပါ ပိုပြီး ပိုပြီးရင်းနီးလာစေမှာပါ ဟာသဆိုတာ လူအချင်းချင်းကို ပိုပြီး ရင်းနီးကျွမ်းဝင်စေပါတယ် ။

8.မျက်လုံးချင်း ခဏခဏဆုံပါစေမျက်လုံးကနေ တစ်ဆင့် နှုတ်နဲ့ ပြောလို့မရတဲ့ ဘာသာဗေဒတွေ အများကြီး ထွက်နိုင်ပါတယ် ဒီတော့ သင့်မျက်လုံးကိုလည်း အကောင်းဆုံး အသုံးချတတ်ဖို့ လိုပါတယ် ။9. အဆက်အသွယ်မပျက်ပါစေနဲ့ဘယ်လောက်ပဲ ဝေးဝေး နှစ်ယောက်သား သီးသန့် ဆက်သွယ်ချိန် စကားပြောချိန် ထားပါ ဒီအတွက်ဖုန်းနံပတ်ပေးတာတို့ ဘာတို့ လုပ်ထားသင့်ပါတယ် ဒါမှလည်း သူက လူချင်း မပြောရဲတောင် ဖုန်းနဲ့တော့ သင့်ကို ပရိုပိုစ့် လုပ်မှာ အသေအချာပါဘဲ ။

Credit

Unicode