အချစ်စစ် ဖြစ်ပေါ်လာပုံကောင်လေးက ပြောတယ်ငါတို့ လမ်းခွဲကြရအောင် ကောင်မလေး ကောင်းပြီလေ ကောင်လေး နင်နဲ့ငါ ကျောခိုင်းပြီး
ခြေလှမ်း တစ်ရာထိ ပြည့်အောင် လျှောက်ကြမယ်နောက်ပြန်မလှည့်ကြည့်ကြေး ပြီးရင် နင့်လမ်းနင်သွား ငါလည်း ငါ့လမ်း ငါသွားမယ်နောင်ပြန်တွေ့ဖြစ်ကြရင်
လည်းသူငယ်ချင်းတွေ အဖြစ်နဲ့ပေါ့ ကောင်မလေး ကောင်းပြီလေနှစ်ယောက်သား ကျောခိုင်းလိုက်ကြသည် ။ပြီးတော့ ကိုယ်စီကိုယ်စီ
ရှေ့တည့်တည့်သို့ ခြေလှမ်းများ ရေတွက်ရင်းဖြင့် သွားကြသည် ။ကောင်လေးက ခြေလှမ်း ကိုးဆယ့်ကိုးလှမ်း အရောက်တွင် ရပ်တန့်သွားသည်။စက္ကန့် ပိုင်းမျှ တွေဝေသွားသည် ။ ရှေ့သို့ မလှမ်းသေး ။ခြေလှမ်းနှစ်ရာ အကွာဝေးဆိုလျှင် ကောင်မလေးနှင့်သူ တော်တော်လေး ဝေးနေလောက်ပြီဟု ထင်မိသည်။
ပြီး မနေနိုင်ပဲ နောက်ပြန်၍ ကောင်မလေးကို လှည့်ကြည့်မိသည် ။အံ့သြ သွားသည် ။ကောင်မလေးက သူ့နောက်တွင် လက်နှစ်ဖက် နောက်ပစ်ထား၍ ရပ်နေသည်
ကောင်လေး မျက်ရည်ဝဲသွားသည်။ပြီး ကောင်မလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး ဖက်လိုက်သည်။
ဖက်လို့လည်းပြီးရောကောင်မလေးက ပြောတယ်ငါ ဘာကြောင့် နင့်နောက်ထပ်ကြပ်မကွာ လိုက်နေတယ်ဆိုတာ နင်သိလား ?ကောင်လေးမသိဘူးကောင်မလေး ခြေလှမ်းတစ်ရာ ပြည့်လို့မှ ငါ့ကိုလှည့်မကြည့်ဘူးဆိုရင် နင့်ကို ခဲနဲ့ ထုမလို့ဟေ့ဆိုပြီး
နောက်ပစ်ထားသောလက် ရှေ့သို့ ထုတ်ပြလိုက်သည် ။လက်ထဲတွင် အုတ်ခဲကျိုး တစ်ခု ကိုင်ထားလေသည်။
ထိုစဉ် နှစ်ယောက်သား အပြုံးကိုယ်ဆီ ပိုက်၍အချစ်စစ်တစ်ခု ဖန်တီး နိုင်လေတော့သည် ။
Credit
Unicode
အချစ်စစ် ဖြစ်ပေါ်လာပုံကောင်လေးက ပြောတယ်ငါတို့ လမ်းခွဲကြရအောင် ကောင်မလေး ကောင်းပြီလေ ကောင်လေး နင်နဲ့ငါ ကျောခိုင်းပြီး
ခြေလှမ်း တစ်ရာထိ ပြည့်အောင် လျှောက်ကြမယ်နောက်ပြန်မလှည့်ကြည့်ကြေး ပြီးရင် နင့်လမ်းနင်သွား ငါလည်း ငါ့လမ်း ငါသွားမယ်နောင်ပြန်တွေ့ဖြစ်ကြရင်
လည်းသူငယ်ချင်းတွေ အဖြစ်နဲ့ပေါ့ ကောင်မလေး ကောင်းပြီလေနှစ်ယောက်သား ကျောခိုင်းလိုက်ကြသည် ။ပြီးတော့ ကိုယ်စီကိုယ်စီ
ရှေ့တည့်တည့်သို့ ခြေလှမ်းများ ရေတွက်ရင်းဖြင့် သွားကြသည် ။ကောင်လေးက ခြေလှမ်း ကိုးဆယ့်ကိုးလှမ်း အရောက်တွင် ရပ်တန့်သွားသည်။စက္ကန့် ပိုင်းမျှ တွေဝေသွားသည် ။ ရှေ့သို့ မလှမ်းသေး ။ခြေလှမ်းနှစ်ရာ အကွာဝေးဆိုလျှင် ကောင်မလေးနှင့်သူ တော်တော်လေး ဝေးနေလောက်ပြီဟု ထင်မိသည်။
ပြီး မနေနိုင်ပဲ နောက်ပြန်၍ ကောင်မလေးကို လှည့်ကြည့်မိသည် ။အံ့သြ သွားသည် ။ကောင်မလေးက သူ့နောက်တွင် လက်နှစ်ဖက် နောက်ပစ်ထား၍ ရပ်နေသည်
ကောင်လေး မျက်ရည်ဝဲသွားသည်။ပြီး ကောင်မလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး ဖက်လိုက်သည်။ဖက်လို့လည်းပြီးရောကောင်မလေးက ပြောတယ်
ငါ ဘာကြောင့် နင့်နောက်ထပ်ကြပ်မကွာ လိုက်နေတယ်ဆိုတာ နင်သိလား ?ကောင်လေးမသိဘူးကောင်မလေး ခြေလှမ်းတစ်ရာ ပြည့်လို့မှ ငါ့ကိုလှည့်မကြည့်ဘူးဆိုရင် နင့်ကို ခဲနဲ့ ထုမလို့ဟေ့ဆိုပြီး