Knowledge

မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် အမျိုးသမီး လက္ခဏာ

မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် အမျိုးသမီး လက္ခဏာအလွန်တွေ့ရခဲသော အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်၏ လက္ခဏာဟောပြောမှု သက်တမ်းတစ်လျှောက်မှာတော့ တစ်ကြိမ်တစ်ခါမျှမတွေ့ဖူးခဲ့ရပေ။တွေ့ခဲ့ရသောအမှတ်အသားများကား ဆုံးဖြတ်ရ ခက်ခဲသော၊

ပုံသဏ္ဍာန်အားဖြင့်ရှုပ်ထွေးသောပုံစံများနှင့်သာကြုံတွေ့ခဲ့ရသည်။ဆရာကြီးစံတင်အောင်(ရွှေဘို) ကလည်းဤကဲ့သို့သောလက္ခဏာရှင်ကို တွေ့ခဲ့ဘူးသည်ဟု သူ၏လက္ခဏာသင်တန်းမူ နှင့် ကိုယ်တွေ့ကျွမ်းများတွင် ဖော်ပြသည်ကို မဖတ်ခဲ့ဘူးပါ။ဆရာကြီးမင်းသိင်္ခ ” က ထိုလမ်းကြောင်းကို “ကျေးတောသူမှ မိဖုရားခေါင်ကြီးသို့”ဟု သူ၏ (၉) နှစ်ဟောစာတမ်းစာအုပ်ငယ်တွင် ၁၆-ရာစုလက်ဝါးပြင်ပုံစံနှင့်အတူဖော်ပြထားသည်ကို ဖတ်ရှုရခဲ့သည်။ဆရာကြီးကိုင်ရို၏ကိုယ်တွေ့လက္ခဏာကျမ်းတစ်နေရာ၌

ဤသို့ဖော်ပြထားသည်ကိုတွေ့ရသည်။တစ်နေ့သ၌ ကျွန်ုပ်သည် ဝါရှင်တန်မြို့၌ ဟောပြောစဉ် သားအမိနှစ်ဦးတို့ ကျွန်ုပ်ထံလက္ခဏာလာရောက် ကြည့်ရှုကြသည်။ မိခင်ဖြစ်သူက သူမ၏သမီးကို လက္ခဏာဖတ်ပေးရန် ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ကျွန်ုပ်သည် Miss Lester ၏ လက်ဝါးပြင်အား သေချာစွာကြည့်ရှုစစ်ဆေးကာ သူမ၏ မိခင်ကြီးရှေ့တွင် ပင် ” သင်ဟာ သင်နှင့်မျိုးရိုးမတူသော လူမျိုးကွဲနှင့်လက်ထပ်ရမယ်။အိမ်ထောင်ရှင်ဘဝရောက်ရှိပြီး ပင်လယ်ရပ်ခြားတိုင်းပြည် တစ်ခုမှာ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့ တူညီသောဘဝမျိုးနဲ့ နေရလိမ့်မယ် ” လို့ဟောခဲ့သည်။ဒီလိုတစ်ထစ်ချဟောရခြင်းကတော့ Miss Lester ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းမှ လမ်းခွဲတစ်ခုက အောင်မြင်ရေးလမ်းကြောင်းကို ထိတွေ့ရပ်တည်နေလို့ပါဘဲ။Miss Lester ဟာ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသေ

ာ လူမျိုးခြား လောကဇွန်းနဲ့လက်ထပ်ပြီး နှစ်အနည်း ငယ်အကြာမှာ လောကဇွန်းဟာ အိန္ဒိယနိုင်ငံရဲ့ ဘုရင်ခံချုပ်ဖြစ်လာပြီး သူမသည်လည်း ဘုရင်ခံချုပ်ရဲ့မိဖုရားဖြစ်ခဲ့ သည်။ဆရာကြီးကိုင်ရိုဟာ Miss Lester ရဲ့အိမ်ထောင်ရေးလမ်းကြောင်းက လမ်းခွဲတစ်ခုက အောင်မြင်ရေး လမ်းကြောင်းကို

ထိသောကြောင့် လူမျိုးကွဲနဲ့ညားပြီး မိဖုရားအဆင့်အတန်းနဲ့ နေရမယ်လို့ဟောခဲ့ပါတယ်။ဒါဟာအိမ်ထောင် ရေးလမ်းကြောင်း အဖျားနှစ်ခု ကွဲထွက်ပြီး ခက်ရင်းသဏ္ဍန်ဟာ လူမျိုးကွဲ ဘာသာခြားနဲ့အိမ်ထောင်ကျ တတ်ကြောင်း သက်သေခံနေပါတယ်။ထို့ကြောင့်ကျွန်ုပ်၏ လက္ခဏာဆရာဖြစ်သင်ကျမ်း “တွင် အိမ်ထောင်ရေးလမ်းကြောင်းအဖျား၌ ခရင်းခွသဏ္ဍာန်အမှတ်သားကိုတွေ့ရမည်ဆိုလျှင်၊ လက္ခဏာရှင်သည် လူမျိုးကွဲဘာသာခြားနှင့်လက်ထပ်ရမည်၊(သို့တည်းမဟုတ်) မိမိနှင့်အယူအဆ မတူသူတစ်ဦးနှင့်

လက်ထပ်ရလိမ့်မည်ဟု ဆရာကြီးကိုင်ရို၏ အဟောကျမ်းကိုကိုးကားပြီး ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ပုံမှာပြထားသော လက္ခဏာပုံစံကတော့ အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုက အောင်မြင်ရေးလမ်း ကြောင်းကို ထိထားတဲ့ပုံစံဖော်ပြထားပါတယ်။ပြထားတဲ့ပုံမှာကတော့

အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွသဏ္ဍာန်အမှတ်အသားမပါဘဲပြထားပါတယ်ဒါကြောင့် အနှီပုံစံကတော့ ချမ်းသာကြွယ်ဝတဲ့သူနဲ့အိမ်ထောင်ကျပြီး၊ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့နေရမယ်လို့ အဓိပ္ပါယ်ရစေပါတယ်။နန်းမတော်မယ်နုက သာမာန်ကျေးတောသူမှ ဘုရင်မိဖုရားခေါင်ကြီးဖြစ်လာရတာဟာဒီလိုပုံစံဖြစ်နိုင်တယ်လို့ ဆရာကြီးမင်းသိင်္ခင်္က ယူဆထားပုံပေါ်ပါတယ်။ယနေ့မှာတော့ ဒီလိုပုံစံမျိုးတွေ့ရဖို့ ခက်ခဲပါတယ်။ တွေ့ရရင်တော့ ထိုလက်ပိုင်ရှင်မိန်းကလေးဟာ မြန်မာပြည် အတွက်တော့( Fist Lady ) သမ္မတကတော်ဖြစ်ရမှာ ဧကန်မလွဲတော့ပေ။ဆရာရွှေမင်း(လက္ခဏာပါရဂူ)၀၉-၇၉၀၄၀၀၄၆၄

Credit Original upload

Unicode