Local News

ဒေါ်လာသန်း၃၅၀ကိစ္စဖြင့် အမေစုကို မင်းအောင်လှိုင် အရေးပေါ်တွေ့ဆုံ

စစ်အာဏာသိမ်းပြီး​နောက်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းစစ်ခေါင်းဆောငကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ယနေ့(ဇူလိုင်လ၁၅ရက်နေ့)တွင်တွေ့ဆုံခဲ့ကြောင်းတပ်မတော်အရာရှိအသိုင်းအဝိုင်းနှင့်

နီးစပ်သူတစ်ဦးထံမှသိရသည်။အဆိုပါတွေဆုံမှမှာအာဏာသိမ်းပြီးနောက်၅လကျော်အတွင်းပထမဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် မည်သည့်အကြောင်းကိစ္စဖြင့်သွားရောက်တွေ့ဆုံသည်ကိုမသိရသေးကြောင်းနှင့်ဖြစ်နိုင်ချေကိစ္စမှာကိုဗစ်ရန်ပုံငွေဒေါ်လာသန်း၃၅၀ ပျောက်ဆုံးနေသည့်အကြောင်းအရင်းကြောင့်တွေ့ဆုံတာဖြစ်နိုင်ကြောင်းသိရသည်။အန်တီနဲ့ကကျွန်မတို့ကရုံးချိန်းရှိတဲ့နေ့မှအဆက်အသွယ်ရတာ။ခုမေးတဲ့ဟာကိုတော့ကျွန်မတို့လည်းမသိရသေးဘူး”ဟု

ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖြစ်ဆောင်ရွက်နေသူတရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်ကMPAသတင်းဌာနကိုပြောဆိုသည်။ယခုရက်ပိုင်းအတွင်းအမေရိကန်ပြည်ထောင်စုနှင့်အာဆီယံတွေ့ဆုံပွဲသို့စစ်ကောင်စီမှခန့်အပ်ထားသည့်နိုင်ငံခြားရေးဝန်ကြီးဦဝဏ္ဏမောင်လွင်တက်ရောက်ခဲ့သော်လည်းတွေ့ဆုံပွဲတွင်ဆွေးနွေးခဲ့မှုများကိုစစ်ကောင်စီဘက်မှတစ်စုံတစ်ရာသတင်းထုတ်ပြန်ထားခြင်းမရှိခဲ့ပါ။

Credit Original upload

Unicode

စစ်အာဏာသိမ်းပြီး​နောက်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ယနေ့(ဇူလိုင်လ၁၅ရက်နေ့)တွင်တွေ့ဆုံခဲ့ကြောင်းတပ်မတော်အရာရှိအသိုင်းအဝိုင်းနှင့်