Love

အချစ်စစ်နဲ့ချစ်ဖူးခဲ့သူတိုင်းသာ သိမယ့် နာကျင်ခံစားမှုများ

အချစ်စစ်နဲ့ ချစ်တယ်ဆိုတာ မလွယ်ကူသလို ပေးဆပ်ရတာတွေ၊ ခံစားရတာတွေလည်းများလှပါတယ်။ ဒီအရာတွေဟာ လုပ်ယူဖန်တီးလို့လည်း မရသလို၊ ထိန်းချုပ်လို့လည်း မရပါဘူး ။ခုဖော်ပြပေးမယ့် အရာလေးတွေကတော့ အချစ်စစ်နဲ့ ချစ်ဖူးတဲ့ သူတွေပဲ နားလည်နိုင်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုစတေးတတ်လာတယ်တစ်ခါတလေ သူ့ကြောင့်နဲ့ ကိုယ့်အသည်းတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရင်တောင်မှ သူပျော်နေတာကို မြင်ရင် စိတ်မနာရက်တော့ပါဘူး။သူ့ကိုစချစ်တဲ့ နေ့ကစလို့ ကိုယ့်ရဲ့ ခံစားချက်တွေထက် သူ့ခံစားချက်တွေဟာ ပိုအရေးကြီးလာသလို၊ သူပျော်ရွှင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို စတေးပြီးသားဖြစ်နေပါတယ် ။ဒါကြောင့် သူပျော်နေသရွေ့ ကိုယ့်ဘက်က ဘယ်လောက် နာကျင်နာကျင် အရှုံးတွေလို့ မမြင်တော့ပါဘူး .. ။

(၂) အရမ်းလွယ်နေသလိုဖြစ်နေတတ်တယ်တစ်ခါတလေ ကိုယ်က သူ့အတွက် အမြဲအချိန်ပေးနေတယ်။ သူခေါ်တိုင်းသွားတယ်၊ သူ့ဆန္ဒတွေကို ဘယ်တော့မှ မငြင်းရက်ပါဘူး။ ဒါကို သူကိုယ်တိုင်ကဖြစ်စေ၊

တခြားသူတွေကဖြစ်စေ ကိုယ့်ကို အရမ်းလွယ်တယ်လို့ ထင်တတ်ကြပါတယ် ။အမှန်တကယ်ကတော့ ကိုယ်ဟာ အရင်က ဘယ်လောက်ပဲ မာနကြီးခဲ့ကြီးခဲ့၊ လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ သိက္ခာမာနတွေဆိုတာ မြူမှုန်တွေလိုပဲ ပျောက်ကွယ်သွားလို့ပါ . ။(၃) ရူးချင်ယောင်ဆောင်ပေးတယ်သင်က သူ့ကိုလိမ်နေတာ၊ လှည့်စားနေတာတွေကို သိသိကြီးနဲ့ ရူးချင်ယောင်ဆောင် ပေးလိုက်တဲ့အချိန်တွေရှိပါတယ်။ သင့်ကို ချစ်တဲ့သူက သင်ပြောသမျှကို ယုံနေတာ သူညံ့လို့လို့ထင်နေရင် သင်အမှားကြီးမှားသွားပါပြီ။

သင့်ကိုတကယ်ချစ်တဲ့သူဆိုတာ သင့်အကြောင်းကို အပ်ကျတာကအစ အကုန်သိပြီးသားဖြစ်ပါတယ် ။သင်အမှန်အတိုင်းများ ပြောမလားလို့ အခွင့်အရေးပေးတဲ့အနေနဲ့ တမင်မေးတာပဲရှိမယ်။ ဒါကြောင့် သင်လိမ်ပြောတဲ့ အချိန်တိုင်း သိထားဖို့က သူသိသိကြီးနဲ့ ငါ့ကိုချစ်လွန်းလို့ ရူးချင်ယောင်ဆောင်ပေးနေတာ ဆိုတာပါပဲ။

(၄) စွန့်လွှတ်ရတယ်ကိုယ်ကအရမ်းချစ်ပေမယ့် ကိုယ်နဲ့သူနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အချိန်၊ သူကကိုယ့်ကို ဘယ်လိုမှ ဆက်မချစ်နိုင်တော့တဲ့ အချိန်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ အတ္တတွေကို ချိုးနှိမ်ပြီး သူ့ကို ထွက်သွားခွင့်ပြုလိုက်ရပါတယ် ။ကိုယ့်ဆီမှာ သူဆက်ရှိနေလည်း သူမပျေ်ာမှတော့ ကိုယ်လည်းမပျော်နိုင်တော့မယ့်အတူ သူ့ကိုပျော်ရွှင်ခွင့် ပေးလိုက်ပြီး အဝေးကနေပဲ သူ့သတင်းလေးတွေကို နားစွင့်နေရပါတော့တယ်။

(၅) ျပန္မခ်စ္တဲ့အခါတစ်ဖက်သတ်အချစ်တွေမှာလဲ အချစ်စစ်တွေ ရှိပါတယ်။ တစ်ဖက်သတ်အချစ်ဆိုတိုင်း အပျော်တမ်း သက်သက်မဟုတ်ပါဘူး။ ကိုယ်ကအသည်းအသန်အရူးအမူး ချစ်နေတာကို တစ်ဖက်သားက ပေါ့ပေါ့တန်တန် သဘောထားပြီး၊ ကိုယ့်ကို တစ်ချက်မှ အရေးမစိုက်ရင်လည်း နာကျင်ရပါတယ် ။

အဆိုးဆုံးကတော့ အဲဒီ့လူ ရည်းစားရသွားတဲ့အချိန်မှာ ကိုယ့်မှာ အသည်းသာကွဲသွားတယ် ဘာကိုလွမ်းလို့ လွမ်းရမှန်းတောင် မသိပဲ တငေးငေးတမောမောဖြစ်နေရတော့တယ်

Credit

Unicode