Love

ချစ်သူကိုပွေ့ဖက်ခြင်းကဖျားနာနေတာကိုပင်ပျောက်ကင်းနိုင်ဟုဆို

ချစ်သူကိုပွေ့ဖက်ခြင်းကဖျားနာနေတာကိုပင်ပျောက်ကင်းနိုင်ဟုဆို

ချစ်သူတွေတစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာဖော်ပြပေးသွားမှာဖြစ်ပါတယ်၁။ ယုံကြည်မှုရှိစေပါတယ်။

ချစ်သူစုံတွဲတွေ ကြားထဲမှာနွေးထွေးမှု ၊ လုံခြုံမှု ၊ထပ်တူကျမှု နှင့်ယုံကြည်စိတ်ချရမှုတွေဟာအရေးပါလှတဲ့အချက်တွေပါပဲ။

မကြာခဏချစ်သူနှင့်ပွေ့ဖက်ခြင်းကသင့်အတွက်စိတ်ဓာတ်ခွန်အားနှင့်ချစ်သူနှစ်ဦးသံယောဇဉ် ပိုမိုခိုင်မာလာစေတဲ့ အချက်ပါပဲ။

၂။ နွေးထွေးမှုကို ရရှိစေပါတယ်။ဒီအချက်ကအဓိကရိုးရှင်းပြီးလူတိုင်းပွေ့ဖက်ခါနီးပြောကြပါတယ်။

အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့အခါမျိုးမှာ အနားမှာရှိနေတဲ့ချစ်သူကိုထွေးဖက်ထားမိမှာ အသေအချာပါပဲ။အအကြောင်းပြချက်ကရှင်းပါတယ်သင်တို့နှစ်ဦးစလုံးနွေးထွေးမှုရရှိစေဖို့ပဲဖြစ်ပါတယ်။

၃။ စိတ်ဆိုးစိတ်ကောက်ပြေစေပါတယ်။ချစ်သူတွေတစ်ဦးနှင့်တစ်ဦး အရမ်းချစ်နေပေမဲ့ စကားများရန်ဖြစ်နေပါသလားစကားများတဲ့ ကိစ္စပြဿနာကို ဆက်ရှင်းနေရင် စကားထက်များနေရဦးမှာပါပဲ။ဒီတော့ ဘာမှမပြောပဲ ၅မိနစ်လောက် ပွေ့ဖက်ထားလိုက်ပါ။

စိတ်ဆိုး စိတ်ကောက်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ပွေ့ဖက်ပြီးတော့မှ ချစ်သူကို ဆက်ပြီး ချော့လိုက်ပါ။

၄။ အထီးကျန်ခြင်းကို ပြေပျောက်စေပါတယ်။တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးမှာပါဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ။အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ ဖက်တွယ်ထားခြင်းက အထီးကျန်မှုကိုလည်း ပြေပျောက်စေပါတယ်။

၅။ ပိုမို စိတ်လှုပ်ရှားစေပါတယ်။ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။

သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ်။တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆိုသင် အရမ်းစိတ်လှုပ်ရှားပြီးပျော်ရွှင်နေမှာ သေချာပါတယ်။

၆။ အပျော်တွေ တိုးပွားလာစေပါတယ်။သင်ပျော်ရွှင် နေတဲ့အချိန်မှာ သင်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့ အပျော်တွေ နှစ်ဆတိုးစေမှာပါ။

ဥပမာပြောရရင် အောင်စာရင်းကြည့်ပြီး အောင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက်တိုးပွားလာမှာပါ။

အောင်မြင်မှုတစ်ခုတစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့ပါနဲ့နာ်

၇။ ပွေ့ဖက်ထားခြင်းက ဖျားနာခြင်းပင် ပျောက်ကင်းစေနိုင်တယ်။ကျန်းမာရေးအရပြောရရင် တစ်ဦးနှင့်တစ်ဦး ဖက်ထားချိန်မှာ ကိုယ်တွင်းလှုံဆော်မှုများစွာဖြစ်စေပြီး

သွေးဖြူဆဲလ်များ (white blood cells) ထုတ်လွတ်မှုအား ကောင်းစေပါတယ်။သွေးဖြူဆဲလ်များဟာ ရောဂါ နှင့် အခြား ဗိုင်းရက်စ် ( viruses) တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

၈။ စိတ်ဓာတ်ခွန်အား တိုးလာစေပါတယ်။ကလေးဘဝတည်းက အားငယ်ချိန်တိုင်း အဖေနဲ့အမေကို ဖက်ထားမိကြတယ်။

စိတ်ဓာတ်ခွန်အားကျဆင်းချိန်မှာ တစ်ယောက်ယောက်ကို ဖက်ထားပြီး ငိုကျွေးလိုက်တာမျိုး ၊ စိတ်ပြေတဲ့အထိ ဖက်ထားမိတာမျိုးပေါ့။

တကယ်လဲဟုတ်ပါတယ်။ အဲလိုအချိန်မျိုးဆို ချစ်တဲ့သူတစ်ယောက်ကို ပွေ့ဖက်ထားခြင်းကလျော့ကျနေတဲ့ စိတ်ခွန်အားကို အကောင်းဆုံးပြန်လည် မြှင့်တင်နိုင်ပါလိမ့်မယ်။ ချစ်သူ အားငယ်ချိန်တိုင်းလဲ ဖက်ထားပေးဖို့ မမေ့ပါနဲ့နော်

သင့်ကို ယုယုယယ ပွေ့ဖက်ပေးမယ့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားပြီလား

Credit

Unicode

ချစ်သူကိုပွေ့ဖက်ခြင်းကဖျားနာနေတာကိုပင်ပျောက်ကင်းနိုင်ဟုဆို

ချစ်သူတွေတစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာဖော်ပြပေးသွားမှာဖြစ်ပါတယ်၁။ ယုံကြည်မှုရှိစေပါတယ်။

ချစ်သူစုံတွဲတွေ ကြားထဲမှာနွေးထွေးမှု ၊ လုံခြုံမှု ၊ထပ်တူကျမှု နှင့်ယုံကြည်စိတ်ချရမှုတွေဟာအရေးပါလှတဲ့အချက်တွေပါပဲ။

မကြာခဏချစ်သူနှင့်ပွေ့ဖက်ခြင်းကသင့်အတွက်စိတ်ဓာတ်ခွန်အားနှင့်ချစ်သူနှစ်ဦးသံယောဇဉ် ပိုမိုခိုင်မာလာစေတဲ့ အချက်ပါပဲ။

၂။ နွေးထွေးမှုကို ရရှိစေပါတယ်။

ဒီအချက်ကအဓိကရိုးရှင်းပြီးလူတိုင်းပွေ့ဖက်ခါနီးပြောကြပါတယ်။

အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့အခါမျိုးမှာ အနားမှာရှိနေတဲ့ချစ်သူကိုထွေးဖက်ထားမိမှာ အသေအချာပါပဲ။အကြောင်းပြချက်ကရှင်းပါတယ်သင်တို့နှစ်ဦးစလုံးနွေးထွေးမှုရရှိစေဖို့ပဲဖြစ်ပါတယ်။

၃။ စိတ်ဆိုးစိတ်ကောက်ပြေစေပါတယ်။ချစ်သူတွေတစ်ဦးနှင့်တစ်ဦး အရမ်းချစ်နေပေမဲ့ စကားများရန်ဖြစ်နေပါသလား

စကားများတဲ့ ကိစ္စပြဿနာကို ဆက်ရှင်းနေရင် စကားထက်များနေရဦးမှာပါပဲ။ဒီတော့ ဘာမှမပြောပဲ ၅မိနစ်လောက် ပွေ့ဖက်ထားလိုက်ပါ။

စိတ်ဆိုး စိတ်ကောက်ခြင်းတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ်။ပွေ့ဖက်ပြီးတော့မှ ချစ်သူကို ဆက်ပြီး ချော့လိုက်ပါ။

၄။ အထီးကျန်ခြင်းကို ပြေပျောက်စေပါတယ်။တစ်ယောက်တည်း ဖြစ်နေချိန်တွေမှာ အထီးကျန်တယ်လို့ သင်ခံစားဖူးမှာပါ။ဒီအချိန်မျိုးဆို သင်ထွေးပွေ့ထားချင်တဲ့ ရင်ခွင်နှင့် လက်တစ်စုံကို တမ်းတနေမိမှာ အမှန်ပါပဲ။အချိန်တွေခွဲခွာပြီး ပြန်တွေ့ဆုံတဲ့အခါ ထွေးပွေ့ ဖက်တွယ်ထားခြင်းက အထီးကျန်မှုကိုလည်း ပြေပျောက်စေပါတယ်။

၅။ ပိုမို စိတ်လှုပ်ရှားစေပါတယ်။ဘယ်လိုအချိန်တွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ သင်သတိထားမိမှာပါ။

သင့်ချစ်သူက Surprise တစ်ခုခုလုပ်ရင်း သင့်ကို ပွေ့ဖက်ထားမယ်။တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ထားပြီး စားကြမယ်၊ သွားကြမယ်လို့ သဘောတူစကားပြောထွက်လာတဲ့ အချိန်တွေဆိုသင် အရမ်းစိတ်လှုပ်ရှားပြီးပျော်ရွှင်နေမှာ သေချာပါတယ်။

၆။ အပျော်တွေ တိုးပွားလာစေပါတယ်။သင်ပျော်ရွှင် နေတဲ့အချိန်မှာ သင်ချစ်သူကို ဖက်ထားခြင်းက အချစ်တန်ခိုးနဲ့ အပျော်တွေ နှစ်ဆတိုးစေမှာပါ။

ဥပမာပြောရရင် အောင်စာရင်းကြည့်ပြီး အောင်တယ်လို့ သိလိုက်ရချိန် ဘေးမှာရှိတဲ့ ချစ်သူကို ပွေ့ဖက်လိုက်ရရင် အပျော်တွေ ဆက်တိုက်တိုးပွားလာမှာပါ။အောင်မြင်မှုတစ်ခုတစ်ခု ရတိုင်း ချစ်သူကို ပြေးဖက်ထားဖို့ မမေ့ပါနဲ့နော်

၇။ ပွေ့ဖက်ထားခြင်းက ဖျားနာခြင်းပင် ပျောက်ကင်းစေနိုင်တယ်။ကျန်းမာရေးအရပြောရရင် တစ်ဦးနှင့်တစ်ဦး ဖက်ထားချိန်မှာ ကိုယ်တွင်းလှုံဆော်မှုများစွာဖြစ်စေပြီး

သွေးဖြူဆဲလ်များ (white blood cells) ထုတ်လွတ်မှုအား ကောင်းစေပါတယ်။သွေးဖြူဆဲလ်များဟာ ရောဂါ နှင့် အခြား ဗိုင်းရက်စ် ( viruses) တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

၈။ စိတ်ဓာတ်ခွန်အား တိုးလာစေပါတယ်။ကလေးဘဝတည်းက အားငယ်ချိန်တိုင်း အဖေနဲ့အမေကို ဖက်ထားမိကြတယ်။စိတ်ဓာတ်ခွန်အားကျဆင်းချိန်မှာ တစ်ယောက်ယောက်ကို ဖက်ထားပြီး ငိုကျွေးလိုက်တာမျိုး ၊ စိတ်ပြေတဲ့အထိ ဖက်ထားမိတာမျိုးပေါ့။