Local News

ရှုံးမှာသေချာနေလို့ ကိုဗစ်လက်နက်ကိုထုတ်သုံးရာမှ UN ကိုလက်ယက်ခေါ်သလိုဖြစ်ပြီး နိဂုံးချုပ်ဖို့နီးကပ်လာပြီဖြစ်တဲ့ စကစ











Credit

Unicode

ကိုဗစ်လက်နက်

စကစဟာ ရှေ့မှာနိုင်ခြေက Zero အဆင့်ထိထိုးဆင်းလို့သွားတော့ သူ့နောက်ဆုံးလက်နက်ဖြစ်တဲ့ ကိုဗစ်ကို ထုတ်သုံးလာတယ် ကိုဗစ်ကြောင့်သူလုပ် နိုင်တာက နယ်မြေတွေကျုံလိုက်တာပဲ

ဒီအတွက် သင်တန်းဆင်းPDF တွေကို ကိုအသေအခြာစီစစ်လို့ရသွားပြီး လူတွေအာရုံမှာ တော်လှန်ရေးအစား ကိုဗစ်အသံကိုပေးထားလိုက်တယ် တစ်ဖက်မှာ အရှိန်ပိုပိုတက်လာတဲ့ PDF မြို့ပြပြောက်ကျားတိုက်ခိုက်မူ့တွေကို လျော့ချလိုက်တယ်လူတွေ အာရုံပိုပြီးစိုက်အောင် အရေးတကြီးလိုအပ် နေတဲ့ အောက်စီဂျင်ကို ပိတ်ပင်လိုက်တယ် အားလုံး အောက်စီဂျင်ရရေးဖြစ်သွားတော့ ဘယ်နေရာမှာ ဗုံးကွဲတယ် ဘယ်ဒလန်တွေ အရှင်းခံရတယ် စိတ်မဝင် စားတော့ဘူး ဒါဟာ စခတွေရဲ့ ယုတ်မာပက်စက်တဲ့ ကိုဗစ်ကိုအသုံးချ နိုင်ငံရေးလက်နက်အဖြစ်သုံးလာတာပါပဲ

ကိုဗစ်ကိုလဲ ဂရုတစိုက်မကုပေး Qစင်တာတွေလဲ စနစ်တကျမရှိ အောက်စီဂျင်လဲဖြတ်တောက်လို့ မသေသင့်ပဲ လူတွေသေကြရတယ် ဒီအတွက် စကစဟာ ဘာမှခံစားချက်မရှိပါဘူး

သူကအာဏာရရေး စစ်ဆင်ရေးလုပ်နေတယ်ပဲ သဘောထားတာပါ အချိန်တန် ပါးစပ်တွေပိတ်သွားမယ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါတို့အုပ်ချုပ်တာခံရမယ် ဒီလိုပဲ ယူဆထားပါတယ်

ကိုဗစ်ဟာ စကစအတွက် အသုံးတည့်တဲ့လက်နက်တစ်ခုပါပဲ ပြည်သူ့အစိုးရခေါင်းဆောင်အတော်များများကို ဖမ်းထားပါတယ် ထောင်ထဲမှာလဲ ကိုဗစ်ကူး စက်နေတယ်လို့ အသံတွေလွှင့်လာပါတယ် ဒီအခါ စကစဟာသူတို့သေစေချင်သူကို ထောင်ထဲမှာအလွယ်တကူသတ်လို့ရသွားပါမယ် သေရင်ကိုဗစ်ကြောင့်သေတယ်လို့ ဆေးစာထုတ်ပြရုံပါပဲစကစဟာ ကိုဗစ်ခံစစ်အတွက် သူတို့ထိပ်ပိုင်းခေါင်းဆောင်မိသားစုတွေကို စစ်ကိုင်းတောင်ကိုပို့ထားပြီး လုံခြုံရေးတင်းကျပ်စွာနဲ့ထားထဲက ကိုဗစ် planနဲ့ တိုက်တော့မယ်ဆိုတာ ရိပ်စားမိပါတယ် အခုပြည်သူဟာ အဓိကကျတဲ့ တော်လှန်ရေးထက် ကိုဗစ်ကာကွယ်ရေးအတွက် ပိုမိုအာရုံထားလာတာ သူတို့အတွက် အောင်ပွဲတစ်ခုလိုဖြစ်သွားပါတယ်

ဒါပေမယ့် လဲသူတို့လုပ်ကွက်ဟာ သူတို့ဆရာတရုတ်လုပ်ကွက်အတိုင်းဆိုပေမယ့် တရုတ်က သူ့နိုင်ငံသား ၄၀၀၀ကျော်လောက်ထိုးကျွေးပြီး ကမ္ဘာကသန်းနဲ့ချီတဲ့ လူတွေကိုတိုက်ခဲ့တာပါ MAHကတော့ သူအာဏာရရေးအတွက် ပြည်သူကို ကိုဗစ်နဲ့တိုက်တာ သံသယဖြစ်စရာမလိုတော့ပါဘူး

ပြည်တွင်းမှာ PDF တွေတည်ငြိမ်ရင် နိုင်ငံတကာမှာ သူဖိအားလျော့မယ်လို့ထင်နေပုံရပေမယ့် မမျှော်လင့်ပဲ ကိုဗစ်ဟာ အဆမတန်ကူးစက် လာတော့ သူထိန်းမနိုင်ဖြစ်လာသလို အောက်စီဂျင် ကန့်သတ်ပိတ်ပင်မူ့တွေကြောင့် ကမ္ဘာ့သတင်းတွေထိ ပြန့်နှံသွားတဲ့အခါUNက မြန်မာကို မဖြစ်မနေကယ်တင် ရတော့မယ်ဆိုတာ သိလာကြပါပြီပိတ်ပင်တားဆီးမူ့တွေဟာ Genocide မြောက်တယ်လို့လဲ ယူဆလာတော့ စကစအတွက် နိဂုံးဟာတဖြည်းဖြည်းနီးကပ်လို့လာပါပြီ သတိပေးချင်တာက ကိုဗစ်ကိုလဲ မဖြစ်အောင် ဂရုစိုက်ကြပါ

PDFတွေရဲ့ မြို့ပြပြောက်ကျားတော်လှန်ရေးကိုလဲ အရှိန်ဆက်တင်ကြပါစကစဟာ နောက်ဆုံးလက်နက်ထုတ်သုံးပြီးပါပြီ ပြည်သူတွေကြံကြံခံနိုင်ဖို့လိုပါတယ် UN အနေနဲ့လဲ မြန်မာပြည်ကို အမြန်ဆုံးကယ်တင် ပေးဖို့လိုပါတယ်

ဒီတစ်ချိန်သာနောက်ကျခဲ့ရင် မြန်မာပြည်သူ သန်းနဲ့ချီပြီး စကစလက်နက် ကိုဗစ်နဲ့သေဆုံးသွားနိုင်တယ်ဆိုတာ သတိပြုပေးပါလို့ တောင်းဆိုလိုက်ပါတယ်ဗျာမုဆိုး လက်

Credit