Love

မိန်းကလေးတိုင်း အချစ်ခံ ချင်ကြတဲ့ ( ရာဂတဏှာမပါသော) အချစ်

မိန်းကလေးတိုင်း အချစ်ခံ ချင်ကြတဲ့ ( ရာဂတဏှာမပါသော) အချစ်တဏြာလားအခ္စႅားသူငါ့ကို ဘာလို့ချစ်တာ

လဲလို့ တစ်ခါတစ်လေမှာ စဉ်းစားဖူး ပါလိမ့်မယ် ။ဘာကြောင့် ချစ်တယ် ဆိုတာကိုလည်း ကိုယ့်ချစ်သူ ကိုလည်း မကြာခဏ မေးလေ့ ရှိကြ ပါလိမ့်မယ် ။

ရုပ်ချောလို့ ချစ်တာလား ၊ ချစ်စရာကောင်းလို့ ချစ်တာလား ၊ ပိုက်ဆံရှိလို့ ချစ်တာလား ၊ ဂုဏ်ရှိလို့ ချစ်တာလား ၊

ကိုယ်လုံးလှလို့ ၊မိုက်လို့ ချစ်တာလား ၊ စကားပြောကောင်းလို့ ချစ်တာလား ၊ အနေအေးလို့ ချစ်တာလား ၊ ယဉ်ကျေးလို့ ချစ်တာလား စသဖြင့်ပေါ့ ။

ဒီနေရာမှာ တဏှာနဲ့ ချစ်တာလား ၊ အချစ်နဲ့ ချစ်တာလား ဆိုတာကို ပြောချင် ပါတယ်။တဏှာဆိုတာ Sex ကိစ္စ တစ်ခုတည်းကို မဆိုလို ပါဘူး ။

တဏှာ ဆိုတာကို တပ်မက်ခြင်း လို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုပါရစေ ။မိမိဆီက တစ်စုံတစ်ရာကို တပ်မက်ပြီး ချစ်တာဟာ တဏှာကို ဦးစားပေးပြီး ချစ်တာ ပါပဲ ။အဲ့ဒိတပ်မက်တဲ့ အရာတစ်ခုခု မရှိတော့ရင် အဲ့အချစ် ကလည်း ပျောက်ကွယ် သွားပါပြီ ။သို့သော်လည်း တကယ့် အချစ်စစ် မှာတော့

ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေမရှိပါဘူး ။ကိုယ်တိုင်စိတ် ထဲက အမှန်တကယ် ချစ်နေလို့သာ သူနဲ့ပတ်သတ် သမျှက လှပနေတာပါ ။

အပြုအမူတိုင်းက သဘောကျစရာ ၊ချစ်စရာ ဖြစ်နေတာပါ ။ယောကျာ်းလေးတော်တော်များများ ချောမောလှပတဲ့ မိန်းကလေးတွေကို

သဘောကျ တတ်ကြ ပါတယ် ။သို့သော် စိတ်နှလုံးပိုလှတဲ့ သူကိုသာ ရွေးချယ်ကြတာပါ။ စိတ်လှတဲ့အလှက အပေါ်ယံရုပ်အလှကို ဖုံးသွားပါတယ် ။

ဒါကတော့ ကြားဖြတ်ပြော တာပါ ။ အပေါ်ယံ အလှထက် စိတ်အလှက ပိုပေါ်လွင်ပြီး ပိုကြာရှည်ခံတာကို ပြောချင် တာပါ။

တဏှာကို အခြေခံတဲ့ ချစ်တဲ့ အချစ်က မီးတောက်နဲ့ တူပါတယ် ။ မြန်မြန်လောင်ကျွမ်းပြီး မြန်မြန်သေဆုံးသွား တတ်ပါ တယ် ။တဏှာကို အခြေခံပြီး ဆောက်တည် ထားတဲ့ အချစ်ကတော့ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြတာ ချည်းပါပဲ။ဥပမာ ခန္ဓာကိုယ်ကို လိုချင်လို့ ချစ်တဲ့သူ အတွက်

သူလိုချင်တဲ့ ခန္ဓာ ရပြီးသွားရင် ပြီးပါပြီ ။ မျှော်လင့်စရာ မရှိတော့ပါဘူး ။ငွေကို လိုချင်လို့ ချစ်တဲ့သူ အတွက် ငွေမရှိတဲ့အချိန် အချစ်လည်း မရှိတော့ပါဘူး ။

အချစ်လို့သာ ပြောနေတာပါ ။ အဲ့ဒါကလည်း အချစ်အတု အယောင် တွေပါပဲ ။ဘာကိုမှ မတပ်မက်ဘဲ အရိုးရှင်းဆုံး အချစ်နဲ့ ချစ်တဲ့အချစ်ကတော့ အချိန်အကြာကြီး

အထိ ရှင်သန်နေမှာပါ ။ဂုဏ်၊ငွေ ၊ လှပမှုတွေ မရှိတော့လည်း အချစ်က ပျက်စီးသွားမှာမဟုတ်ပါဘူး ။ ခံနိုင်ရည်အားကောင်းတဲ့ အချစ်မျိုးပါပဲ ။ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ထားရတဲ့သူဆိုရင်တော့ လုံးဝလက်လွှတ်မခံသင့်ပါဘူး ။တဏှာမပါတဲ့ အချစ်ဆိုတာ မရှိဘူးလို့ ပြန်ပြောစရာ ရှိပါလိမ့်မယ်။

ဟုတ်ပါတယ် ။ကိုယ့်ချစ်သူကို အစ်မလို၊ညီမလို ၊ အစ်ကိုလို ၊ မောင်လို ၊ သူငယ်ချင်းလိုတော့ ဘယ်သူမှ မချစ်ကြပါဘူး။

အနည်းငယ်တော့ ရှိကြတာပါပဲ ။ ကွာသွားတာက တဏှာကို အရင်းခံ တာလား ၊ မေတ္တာကို အရင်းခံတာလား ဆိုတာပါပဲ ။

Credit Original upload

Unicode

မိန်းကလေးတိုင်း အချစ်ခံ ချင်ကြတဲ့ ( ရာဂတဏှာမပါသော) အချစ်တဏြာလားအခ္စႅားသူငါ့ကို ဘာလို့ချစ်တာ လဲလို့

တစ်ခါတစ်လေမှာ စဉ်းစားဖူး ပါလိမ့်မယ် ။ဘာကြောင့် ချစ်တယ် ဆိုတာကိုလည်း ကိုယ့်ချစ်သူ ကိုလည်း မကြာခဏ မေးလေ့ ရှိကြ ပါလိမ့်မယ် ။ရုပ်ချောလို့ ချစ်တာလား ၊ ချစ်စရာကောင်းလို့ ချစ်တာလား ၊ ပိုက်ဆံရှိလို့ ချစ်တာလား ၊ ဂုဏ်ရှိလို့ ချစ်တာလား ၊

ကိုယ်လုံးလှလို့ ၊မိုက်လို့ ချစ်တာလား ၊ စကားပြောကောင်းလို့ ချစ်တာလား ၊ အနေအေးလို့ ချစ်တာလား ၊ ယဉ်ကျေးလို့ ချစ်တာလား စသဖြင့်ပေါ့ ။

ဒီနေရာမှာ တဏှာနဲ့ ချစ်တာလား ၊ အချစ်နဲ့ ချစ်တာလား ဆိုတာကို ပြောချင် ပါတယ်။တဏှာဆိုတာ Sex ကိစ္စ တစ်ခုတည်းကို မဆိုလို ပါဘူး ။

တဏှာ ဆိုတာကို တပ်မက်ခြင်း လို့ပဲ အဓိပ္ပါယ် ဖွင့်ဆိုပါရစေ ။မိမိဆီက တစ်စုံတစ်ရာကို တပ်မက်ပြီး ချစ်တာဟာ တဏှာကို ဦးစားပေးပြီး ချစ်တာ ပါပဲ ။အဲ့ဒိတပ်မက်တဲ့ အရာတစ်ခုခု မရှိတော့ရင် အဲ့အချစ် ကလည်း ပျောက်ကွယ် သွားပါပြီ ။သို့သော်လည်း တကယ့် အချစ်စစ် မှာတော့

ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေမရှိပါဘူး ။ကိုယ်တိုင်စိတ် ထဲက အမှန်တကယ် ချစ်နေလို့သာ သူနဲ့ပတ်သတ် သမျှက လှပနေတာပါ ။

အပြုအမူတိုင်းက သဘောကျစရာ ၊ချစ်စရာ ဖြစ်နေတာပါ ။ယောကျာ်းလေးတော်တော်များများ ချောမောလှပတဲ့ မိန်းကလေးတွေကို

သဘောကျ တတ်ကြ ပါတယ် ။သို့သော် စိတ်နှလုံးပိုလှတဲ့ သူကိုသာ ရွေးချယ်ကြတာပါ။ စိတ်လှတဲ့အလှက အပေါ်ယံရုပ်အလှကို ဖုံးသွားပါတယ် ။

ဒါကတော့ ကြားဖြတ်ပြော တာပါ ။ အပေါ်ယံ အလှထက် စိတ်အလှက ပိုပေါ်လွင်ပြီး ပိုကြာရှည်ခံတာကို ပြောချင် တာပါ ။

တဏှာကို အခြေခံတဲ့ ချစ်တဲ့ အချစ်က မီးတောက်နဲ့ တူပါတယ် ။ မြန်မြန်လောင်ကျွမ်းပြီး မြန်မြန်သေဆုံးသွား တတ်ပါ တယ် ။တဏှာကို အခြေခံပြီး ဆောက်တည် ထားတဲ့ အချစ်ကတော့ အနှေးနဲ့အမြန် ပြိုကွဲတတ်ကြတာ ချည်းပါပဲ ။ဥပမာ ခန္ဓာကိုယ်ကို လိုချင်လို့ ချစ်တဲ့သူ အတွက် သူလိုချင်တဲ့ ခန္ဓာ ရပြီးသွားရင် ပြီးပါပြီ ။ မျှော်လင့်စရာ မရှိတော့ပါဘူး ။ငွေကို လိုချင်လို့ ချစ်တဲ့သူ အတွက် ငွေမရှိတဲ့အချိန် အချစ်လည်း မရှိတော့ပါဘူး ။

အချစ်လို့သာ ပြောနေတာပါ ။ အဲ့ဒါကလည်း အချစ်အတု အယောင် တွေပါပဲ ။ဘာကိုမှ မတပ်မက်ဘဲ အရိုးရှင်းဆုံး အချစ်နဲ့ ချစ်တဲ့အချစ်ကတော့ အချိန်အကြာကြီးအထိ ရှင်သန်နေမှာပါ ။ဂုဏ်၊ငွေ ၊ လှပမှုတွေ မရှိတော့လည်း အချစ်က ပျက်စီးသွားမှာမဟုတ်ပါဘူး ။ ခံနိုင်ရည်အားကောင်းတဲ့ အချစ်မျိုးပါပဲ ။ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ထားရတဲ့သူဆိုရင်တော့ လုံးဝလက်လွှတ်မခံသင့်ပါဘူး ။တဏှာမပါတဲ့ အချစ်ဆိုတာ မရှိဘူးလို့ ပြန်ပြောစရာ ရှိပါလိမ့်မယ် ။