Knowledge

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့စေချင်ဘူး

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့စေချင်ဘူးကျွန်မလျှောက်တဲ့လမ်းက ဆူးခင်းလမ်းဖြစ်နေခဲ့ရင်တောင် ကျွန်မဆက်လျှောက်ဖို့ ဝန်မလေးဘူး။ဘာကြောင့်ဆို ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်ရှိနေလို့ပါပဲ။

ကျွန်မဘဝက ကြမ်းတမ်းတယ်လို့ ငြီးပြီးငိုမနေဘူး။ဘာကြောင့်ဆို ကျွန်မဝမ်းနည်းရင် နှစ်သိမ့်မယ့်သူက ကျွန်မပဲဖြစ်နေလို့ပါပဲ။ကျွန်မ လဲကျခဲ့ရင်တောင် ပြန်ထဖို့လက်တစ်စုံကိုစောင့် မနေခဲ့ဖူးဘူး။ဘာကြောင့်ဆို ကျွန်မခွန်အားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထတတ်အောင် အရှုံးတွေထဲက ခဏခဏသင်ခန်းစာတွေရခဲ့ဖူးလို့ပါပဲ။ကျွန်မချစ်နေခဲ့ရင်တောင် မေ့ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြန်တမ်းတနေမှာမဟုတ်ဘူး။ဘာကြောင့်ဆို အချစ်က ခါးသီးစွာရခဲ့တဲ့ ဒဏ်ရာဆိုတာခဏခဏ ထိုးဆွနေလို့ ခံစားရနေတာထက် ပိုပြီး မချစ်တတ်အောင် သတိတွေပေးနေတတ်လို့ပါပဲ။

ကျွန်မအတွက် ကျွန်မအသင့်ရှိနေဖို့ ကျွန်မကျန်းမာနေဖို့လိုတယ်။ကျွန်မအတွက် ကျွန်မခွန်အားတွေပေးနေဖို့ စာပေဖတ်ရှု့ပြီး ဦးနှောက်အာဟာရပြည့်နေဖို့တယ်။ကျွန်မအတွက် ကျွန်မရှိနေဖို့အာဟာရအတွက်ခန္ဓာကိုယ် ဖြည့်စွက်စာနဲ့ကိုယ်ကာယလေ့ကျင့်ဖို့အတွက်အချိန်ပေးဖို့လိုတယ်။ကျွန်မအတွက် ဘယ်သူမှ မလိုပါဘူး မိသားစုပြီးရင် မကောင်းတဲ့သူတွေထက်ကျွန်မအတွက် ကျွန်မရှိနေဖို့ပဲလိုတာပါ။

Credit

Unicode