Local News

Facebook ကဆက်သြယ္တာ၊ လိုင်းဖုန်းပြောတာတွေ အထူးသတိထားကြပါ

မြောက်မြန်မာက မြောက်ကိုရီးယား အချိုးတွေချိုးနေခဲ့တာကြာပေါ့။ ဟိုး စစ်အာဏာသိမ်းကတည်းက နော်ဝေက တယ်လီနောအပါအဝင် မြန်မာမိုဘိုင်းအော်ပရေတာတွေ၊ ကာတာက

Ooredoo တို့က မြန်မာနိုင်ငံက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေကြတယ်လို့ သတင်းတွေက ရေးခဲ့ကြတယ်။အခုလည်း နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ က မြန်မာပြည်က ထွက်ခွါဖို့ ကြိုးစားနေကြဆဲပါ။ ဒါပေမဲ့ သူတို့ကို စစ်ကောင်စီက မြန်မာပြည်က ထွက်ခွါခွင့်

ပိတ်ဆို့ခဲ့တယ်ဆိုတဲ့ သတင်း ရိုက်တာသတင်းဌာနက ဖွင့်ချလိုက်ပြီ။မတ်လလယ်လောက်ကတည်းကပါ။ မြန်မာ့ဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကမြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ အရာရှိတွေကို သူတို့ ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံက ထွက်ခွါနိုင်မှာမဟုတ် လို့ ရုံးစာတစ်စောင်ပို့ခဲ့တယ်” တဲ့။

စစ်ကောင်စီက သူတို့ မြန်မာပြည်မှာ စောင့်ကြည့်ရေးကိရိယာတွေအကုန် တပ်ဆင်ပြီးတဲ့အထိ နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွင့်မရှိလို့ ပိတ်ပင်ထားခဲ့တာပါတဲ့။ဆက်သွယ်ရေးကုမ္ပဏီအရာရှိတွေကိုလည်း မြန်မာပြည်က ထွက်ခွါခွင့်မပြုခဲ့ဘူးလို့ဆိုလိုတယ်။ စစ်ကောင်စီက သူတို့ မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို ခိုးယူ စောင့်ကြည့်ဖို့

မိုဘိုင်းအော်ပရေတာတွေက ဖုန်းနဲ့ အင်တာနက်စောင့်ကြည့်ရေးပစ္စည်းကိရိယာတွေ တပ်ဆင်နေခဲ့၊ တပ်ဆင်နေဆဲ။အဲဒါတွေ အကုန်တပ်ပြီးတဲ့အထိနိုင်ငံခြား ဖုန်းကုမ္ပဏီတွေမြန်မာပြည်မှာနေရမယ်ပေါ့။ အခုဆို ခိုးနားထောင်စက်တွေ တော်တော်တပ်ပြီးလောက်ပြီ။သတိထားၾကပါ။

စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အစောပိုင်းကတည်းက ရိုက်တာသတင်းဌာနကပြောထားတာတစ်ခုရှိတယ်။ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေကိုစစ်တပ်က ခိုးနားထောင်နိုင်တဲ့ ကိရိယာတွေတပ်ဖို့ မြန်မာဆက်သွယ်ရေးအော်ပရေတာတွေကို ညွှန်ကြားထားတယ်ဆိုတဲ့အကြောင်းပေါ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တောင်းဆိုချက်တွေကို မြန်မာ့ ဖုန်းအေဂျင်စီတွေက သူတို့ ဘယ်အတိုင်းအတာအထိ ဝင်ရောက်စွပ်ဖက်ခွင့်ပေးသလဲ ဆိုတာမသိရသေးပေမဲ့ တယ်လီနောနဲ့ Ooredoo တို့ကတော့ သူတို့ တောင်းဆိုချက်များကိုအပြည့်အဝမလိုက်နာနိုင်ပါလို့ပြောခဲ့တယ်တဲ့။

Credit

Unicode

မြောက်မြန်မာက မြောက်ကိုရီးယား အချိုးတွေချိုးနေခဲ့တာကြာပေါ့။ ဟိုး စစ်အာဏာသိမ်းကတည်းက နော်ဝေက တယ်လီနောအပါအဝင် မြန်မာမိုဘိုင်းအော်ပရေတာတွေ၊ ကာတာက

Ooredoo တို့က မြန်မာနိုင်ငံက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေကြတယ်လို့ သတင်းတွေက ရေးခဲ့ကြတယ်။

အခုလည်း နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ က မြန်မာပြည်က ထွက်ခွါဖို့ ကြိုးစားနေကြဆဲပါ။ ဒါပေမဲ့ သူတို့ကို စစ်ကောင်စီက မြန်မာပြည်က ထွက်ခွါခွင့်

ပိတ်ဆို့ခဲ့တယ်ဆိုတဲ့ သတင်း ရိုက်တာသတင်းဌာနက ဖွင့်ချလိုက်ပြီ။မတ်လလယ်လောက်ကတည်းကပါ။ မြန်မာ့ဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက

မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာက တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ အရာရှိတွေကို သူတို့ ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံက ထွက်ခွါနိုင်မှာမဟုတ် လို့ ရုံးစာတစ်စောင်ပို့ခဲ့တယ်” တဲ့။စစ်ကောင်စီက သူတို့ မြန်မာပြည်မှာ စောင့်ကြည့်ရေးကိရိယာတွေအကုန် တပ်ဆင်ပြီးတဲ့အထိ နိုင်ငံခြား ဖုန်းကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွင့်မရှိလို့ ပိတ်ပင်ထားခဲ့တာပါတဲ့။

ဆက်သွယ်ရေးကုမ္ပဏီအရာရှိတွေကိုလည်း မြန်မာပြည်က ထွက်ခွါခွင့်မပြုခဲ့ဘူးလို့ဆိုလိုတယ်။ စစ်ကောင်စီက သူတို့ မြန်မာပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို ခိုးယူ စောင့်ကြည့်ဖို့မိုဘိုင်းအော်ပရေတာတွေက ဖုန်းနဲ့ အင်တာနက်စောင့်ကြည့်ရေးပစ္စည်းကိရိယာတွေ တပ်ဆင်နေခဲ့၊ တပ်ဆင်နေဆဲ။အဲဒါတွေ အကုန်တပ်ပြီးတဲ့အထိ

နိုင်ငံခြား ဖုန်းကုမ္ပဏီတွေမြန်မာပြည်မှာနေရမယ်ပေါ့။ အခုဆို ခိုးနားထောင်စက်တွေ တော်တော်တပ်ပြီးလောက်ပြီ။သတိထားၾကပါ။

စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အစောပိုင်းကတည်းက ရိုက်တာသတင်းဌာနကပြောထားတာတစ်ခုရှိတယ်။ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေကိုစစ်တပ်က ခိုးနားထောင်နိုင်တဲ့ ကိရိယာတွေတပ်ဖို့ မြန်မာဆက်သွယ်ရေးအော်ပရေတာတွေကို ညွှန်ကြားထားတယ်ဆိုတဲ့အကြောင်းပေါ့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တောင်းဆိုချက်တွေကို မြန်မာ့ ဖုန်းအေဂျင်စီတွေက သူတို့ ဘယ်အတိုင်းအတာအထိ ဝင်ရောက်စွပ်ဖက်ခွင့်ပေးသလဲ ဆိုတာ

မသိရသေးပေမဲ့ တယ်လီနောနဲ့ Ooredoo တို့ကတော့ သူတို့ တောင်းဆိုချက်များကိုအပြည့်အဝမလိုက်နာနိုင်ပါလို့ပြောခဲ့တယ်တဲ့။

Credit