Local News

လမ္းမႀကီးေပၚမွာရွိေနတဲ့ စက္ဘီးသမား နဲ႔ ကားသမားေတြကို အျခားဆင္ေတြ လမ္းျဖတ္ကူးနိုင္ေအာင္ ႏွင္ထုတ္ေပးေနခဲ့တဲ့ ဆင္ႀကီး

လမ္းမႀကီးေပၚမွာရွိေနတဲ့ စက္ဘီးသမား နဲ႔ ကားသမားေတြကို အျခားဆင္ေတြ လမ္းျဖတ္ကူးနိုင္ေအာင္ ႏွင္ထုတ္ေပးေနခဲ့တဲ့ ဆင္ႀကီးလူတိုင္းဟာ ငယ္ရြယ္စဥ္က စက္ဘီးစီးတတ္ရန္ သင္ယူလိုတတ္ၾကပါတယ္။ေနာက္ဆုံးမွာ ၎ဟာ ကၽြန္ုပ္တို႔၏ဘဝတစ္ေလၽွာက္လုံးတြင္ကၽြန္ုပ္တို႔အတြက္ ေကာင္းေကာင္းအသုံးခ်နိုင္သည့္လက္ေတြ႕က်တဲ့စြမ္းရည္တစ္ခုလို ျဖစ္လာခဲ့ပါတယ္။လမ္းေပၚေလၽွာက္လွမ္းေနစဥ္ တိရိစၧာန္ႀကီးတစ္ေကာင္က သင့္အား ေမာင္းထုတ္ရန္ ႀကိဳးစားေနတာကို ၾကဳံဖူးပါသလား။

အခု ေဖာ္ျပမဲ့အမ်ိဳးသားဟာ စက္ဘီးေလးနင္းရင္း အိတ္ေသးေသးေလးတစ္လုံးျဖင့္ စတိုးဆိုင္သြားပုံရပါတယ္။သို႔ေပမဲ့ သူဟာ အေနာက္သို႔ လွည့္ၾကည့္လိုက္တဲ့အခါ အေတာ္ေလး လန႔္သြားပုံရပါတယ္။ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ ႐ုတ္တရက္ လန႔္ဖ်က္ၿပီး စက္ဘီးေျခနင္းကို အလ်င္အျမန္နင္းရင္း ႐ုတ္တရက္ ေျခေလၽွာ္သြားလိုက္ပါေသးတယ္။သူ႔အတြက္ေတာ့ ၎အျဖစ္က ရယ္စရာမေကာင္းေပမဲ့ သူ႔အားၾကည့္ေနသူအဖို႔ စက္ဘီးကို ႐ုတ္တရက္လ်င္ျမန္စြာ နင္းလိုက္တဲ့သူ႔ရဲ့ပုံစံက ရယ္စရာေကာင္းေနခဲ့ပါတယ္၅ တန္ေလာက္ရွိတဲ့တိရိစၧာန္ႀကီးတစ္ေကာင္က သင့္ထံ ဦးတည္လာခဲ့လၽွင္ သင္လည္း သူ႔လိုဘဲ ျပဳလုပ္မိမွာ အမွန္ပါဘဲ။၎ဆင္တို႔ဟာ အပင္စားသတၱဝါေတြဆိုေပမဲ့ ၎တို႔ဟာ ၆ ေပကေန ၁၀ေပထိ ျမင့္ၿပီး တစ္ေနရာရာမွာ ရပ္ေနတဲ့အခါ ကၽြန္ေတာ္တို႔အဖို႔ အေျခခံအားျဖင့္ ေရြ႕လ်ားေနတဲ့

တင့္ကားတစ္စီးလိုပါဘဲ။ထို႔ေနာက္ ဆင္ႀကီးဟာ စက္ဘီးသမားကို ႏွင္ထုတ္လိုက္ၿပီးေနာက္ေနာက္ျပန္လွည့္ကာ လမ္းေဘးရွိခ်ဳံပုတ္ဆီကို ဦးတည္ရင္း တစ္ဖက္က ယာဥ္မ်ားကိုပါ ေမာင္းထုတ္ေနဟန္လုပ္ခဲ့ပါတယ္။ထို႔ေနာက္ ခ်ဳံပုတ္ထဲကေန အျခား ဆင္ေလးေကာင္က ထပ္ထြက္လာခဲ့ၿပီး တစ္ေကာင္က ၎ရဲ့အရြယ္အစားေလာက္ရွိၿပီး က်န္သုံးေကာင္က အရြယ္အစားမ်ားေသးငယ္ေနခဲ့ပါတယ္။ၾကည့္ပုံအရ ၎ဆင္ဟာ သူ႔ရဲ့မိသားစုမ်ား လမ္းျဖတ္ကူးနိုင္ဖို႔ ျဖတ္သန္းသြားလာေနတဲ့ အရာမ်ားကို တကိုယ္တည္း ႏွင္ထုတ္ေနပုံရပါတယ္။ယေန႔ေခတ္မွာ စိုက္ပ်ိဳးေရးဖြံ့ၿဖိဳးတိုးတက္မႈ၊ က်က္စားရာေနရာဆုံးရႈံးမႈႏွင့္ဆင္စြယ္ကူးသန္းေရာင္းဝယ္မႈတို႔ဟာ ဤခမ္းနားထည္ဝါတဲ့တိရိစၧာန္မ်ားရဲ့အေရအတြက္ကို အေတာ္ေလးေလ်ာ့နည္းသြားေစခဲ့သလို အျခားေသာ လူဝံႏွင့္လင္းပိုင္တို႔ကလည္း အလားတူစြာ အေရအတြက္ ေလ်ာ့နည္းလာခဲ့ရပါတယ္။အရြယ္ေရာက္ဆင္ႀကီးေတြဟာ တစ္ေန႔ကို ေပါင္ ၃၀၀ အထိ စားသုံးနိုင္ပါတယ္။၎က အသားထက္ အပင္ေတြကို ပိုႏွစ္သက္တဲ့၎တို႔အတြက္ အလြန္ေကာင္းတဲ့ အရာပါဘဲ။ဆင္ေတြဟာ ၎တို႔ရဲ့ကေလးေတြကို အလြန္အကာအကြယ္ေပးတတ္ၾကတာေၾကာင့္ အေတာ္ေလးႀကီးတဲ့ေၾကာင္ႀကီးေတြေတာင္ ၎တို႔နား သိပ္မကပ္ရဲၾကပါဘူး။ဒါေၾကာင့္ အသာေလး စက္ဘီးနင္းေနရင္း ဆင္ႀကီးေၾကာင့္ လန႔္ဖ်က္ကာ အလ်င္အျမန္ စက္ဘီးနင္းခဲ့ရတဲ့ အမ်ိဳးသားရဲ့အျပဳအမူႏွင့္၎ဆင္မိသားစုရဲ့လမ္းျဖတ္ကူးေနတဲ့ပုံရိပ္တို႔ကို ဒီဗီဒီယိုေလးမွာ ၾကည့္သြားခဲ့ၾကပါအုံးေနာ္။

Credit

Unicode

လမ်းမကြီးပေါ်မှာရှိနေတဲ့ စက်ဘီးသမား နဲ့ ကားသမားတွေကို အခြားဆင်တွေ လမ်းဖြတ်ကူးနိုင်အောင် နှင်ထုတ်ပေးနေခဲ့တဲ့ ဆင်ကြီးးလူတိုင်းဟာ ငယ်ရွယ်စဉ်က စက်ဘီးစီးတတ်ရန် သင်ယူလိုတတ်ကြပါတယ်။နောက်ဆုံးမှာ ၎င်းဟာ ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံးတွင်ကျွန်ုပ်တို့အတွက် ကောင်းကောင်းအသုံးချနိုင်သည့်လက်တွေ့ကျတဲ့စွမ်းရည်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။လမ်း

ပေါ်လျှောက်လှမ်းနေစဉ် တိရိစ္ဆာန်ကြီးတစ်ကောင်က သင့်အား မောင်းထုတ်ရန် ကြိုးစားနေတာကို ကြုံဖူးပါသလား။အခု ဖော်ပြမဲ့အမျိုးသားဟာ စက်ဘီးလေးနင်းရင်း အိတ်သေးသေးလေးတစ်လုံးဖြင့် စတိုးဆိုင်သွားပုံရပါတယ်။သို့ပေမဲ့ သူဟာ အနောက်သို့ လှည့်ကြည့်လိုက်တဲ့အခါ အတော်လေး လန့်သွားပုံရပါတယ်။ထို့နောက် အဆိုပါအမျိုးသားဟာ ရုတ်တရက် လန့်ဖျက်ပြီး စက်ဘီးခြေနင်းကို အလျင်အမြန်နင်းရင်း ရုတ်တရက် ခြေလျှော်သွားလိုက်ပါသေးတယ်။သူ့အတွက်တော့ ၎င်းအဖြစ်က ရယ်စရာမကောင်းပေမဲ့ သူ့အားကြည့်နေသူအဖို့ စက်ဘီးကို ရုတ်တရက်လျင်မြန်စွာ နင်းလိုက်တဲ့သူ့ရဲ့ပုံစံက ရယ်စရာကောင်းနေခဲ့ပါတယ်။၅ တန်လောက်ရှိတဲ့တိရိစ္ဆာန်ကြီးတစ်ကောင်က သင့်ထံ ဦးတည်လာခဲ့လျှင် သင်လည်း သူ့လိုဘဲ ပြုလုပ်မိမှာ အမှန်ပါဘဲ။၎င်းဆင်တို့ဟာ အပင်စားသတ္တဝါတွေဆိုပေမဲ့ ၎င်းတို့ဟာ ၆ ပေကနေ ၁၀ပေထိ မြင့်ပြီး တစ်နေရာရာမှာ ရပ်နေတဲ့အခါ ကျွန်တော်တို့

အဖို့ အခြေခံအားဖြင့် ရွေ့လျားနေတဲ့ တင့်ကားတစ်စီးလိုပါဘဲ။ထို့နောက် ဆင်ကြီးဟာ စက်ဘီးသမားကို နှင်ထုတ်လိုက်ပြီးနောက်နောက်ပြန်လှည့်ကာ လမ်းဘေးရှိချုံပုတ်ဆီကို ဦးတည်ရင်း တစ်ဖက်က ယာဉ်များကိုပါ မောင်းထုတ်နေဟန်လုပ်ခဲ့ပါတယ်။ထို့နောက် ချုံပုတ်ထဲကနေ အခြား ဆင်လေးကောင်က ထပ်ထွက်လာခဲ့ပြီး တစ်ကောင်က ၎င်းရဲ့အရွယ်အစားလောက်ရှိပြီး ကျန်သုံးကောင်က အရွယ်အစားများသေးငယ်နေခဲ့ပါတယ်။ကြည့်ပုံအရ ၎င်းဆင်ဟာ သူ့ရဲ့မိသားစုများ လမ်းဖြတ်ကူးနိုင်ဖို့ ဖြတ်သန်းသွားလာနေတဲ့ အရာများကို တကိုယ်တည်း နှင်ထုတ်နေပုံရပါတယ်။ယနေ့ခေတ်မှာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျက်စားရာနေရာဆုံးရှုံးမှုနှင့်ဆင်စွယ်ကူးသန်းရောင်းဝယ်မှုတို့ဟာ ဤခမ်းနားထည်ဝါတဲ့တိရိစ္ဆာန်များရဲ့အရေအတွက်ကို အတော်လေးလျော့နည်းသွားစေခဲ့သလို အခြားသော လူဝံနှင့်လင်းပိုင်တို့ကလည်း အလားတူစွာ အရေအတွက် လျော့နည်းလာခဲ့ရပါတယ်။

အရွယ်ရောက်ဆင်ကြီးတွေဟာ တစ်နေ့ကို ပေါင် ၃၀၀ အထိ စားသုံးနိုင်ပါတယ်။၎င်းက အသားထက် အပင်တွေကို ပိုနှစ်သက်တဲ့၎င်းတို့အတွက် အလွန်ကောင်းတဲ့ အရာပါဘဲ။ဆင်တွေဟာ ၎င်းတို့ရဲ့ကလေးတွေကို အလွန်အကာအကွယ်ပေးတတ်ကြတာကြောင့် အတော်လေးကြီးတဲ့ကြောင်ကြီးတွေတောင် ၎င်းတို့နား သိပ်မကပ်ရဲကြပါဘူး။ဒါကြောင့် အသာလေး စက်ဘီးနင်းနေရင်း ဆင်ကြီးကြောင့် လန့်ဖျက်ကာ အလျင်အမြန် စက်ဘီးနင်းခဲ့ရတဲ့ အမျိုးသားရဲ့အပြုအမူနှင့်၎င်းဆင်မိသားစုရဲ့လမ်းဖြတ်ကူးနေတဲ့ပုံရိပ်တို့ကို ဒီဗီဒီယိုလေးမှာ ကြည့်သွားခဲ့ကြပါအုံးနော်။

Credit