Knowledge

မိခင်အသက်(၃၀)ကျော်အရွယ်မှာမွေးတဲ့ကလေးက ဉာဏ်ရည်ပိုမြင့်နိုင်ကြောင်းတွေ့ရှိ

မိခင်အသက်(၃၀)ကျော်အရွယ်မှာမွေးတဲ့ကလေးက ဉာဏ်ရည်ပိုမြင့်နိုင်ကြောင်းတွေ့ရှိအမျိုးသမီးတွေအသက်ကြီးမှ ကလေးမွေးတဲ့အခါ မွေးလာတဲ့ကလေးတွေဟာ ဉာဏ်ရည်မမီခြင်း၊down syndrome ရောဂါဖြစ်ခြင်းနဲ့ အသက်ကြီးလာချိန်မှာ သတိမေ့ရောဂါဖြစ်နိုင်ချေပိုများခြင်း စတဲ့ဆိုးကျိုးတွေကို ခံစားရနိုင်တယ်ဆိုပြီး သိထားကြပါတယ်။ဒါပေမယ့် သုတေသနပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုအသစ်တွေက အမျိုးသမီးတွေ အသက်(၃၀) နောက်ပိုင်းမှမွေးလာတဲ့ကလေးတွေက တခြားကလေးတွေထက် ဉာဏ်ရည်ထက်မြက်နိုင်ပြီး၊

အရပ်လည်းပိုရှည်ကာ ပိုပြီးကျန်းမာသန်စွန်းတဲ့ကလေးတွေ ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။အမျိုးသမီးတစ်ယောက်အနေနဲ့ အသက်(၃၀)နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပါ ပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီလို့ဆိုနိုင်ပါတယ်။

ဒါ့အပြင် ယေဘုယျအားဖြင့် အသက်(၃၀)ကျော်တဲ့အချိန်မှာ ထိုက်သင့်တဲ့အသိပညာနဲ့ ဝင်ငွေအထိုက်အလျောက်ရှိတဲ့ အခြေအနေမျိုး ဖြစ်နေပြီး ကလေးငယ်တွေကို ပြုစုပျိုးထောင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့် အမျိုးသမီးတွေ အသက်(၃၀)ကျော်အရွယ်မှာ ကလေးမွေးတာက အသင့်တော်ဆုံးဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ အသက်(၃၀)နောက်ပိုင်းမှာ အကျအရွယ်ရောက်ပြီလို့ ယူဆကြပေမယ့် တကယ်တမ်းမှာတော့

ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုကောင်းမွန်ပြည့်စုံတဲ့အသက်အရွယ်၊အသိဉာဏ်အထိုက်အလျောက်ပြည့်ဝတဲ့အသက်အရွယ်၊ ကလေးတွေကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တဲ့အသက်အရွယ်၊မိသားစုနဲ့ပတ်သက်လို့ ကောင်းစွာစီမံခန့်ခွဲနိုင်တဲ့အသက်အရွယ်ဖြစ်တာကြောင့် ဒီအသက်အရွယ်မှာ ကလေးမွေးတာက အကောင်းဆုံးပါလို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

written by PP

Credit Original upload

Unicode