Knowledge

နောင်နောက်မှာ အရင်ကချစ်ခဲ့ဖူးတဲ့သူနဲ့ ပြန်ဆုံတဲ့အခါသင် ဘယ်လိုခံစားရမလဲ

မိတ်ဆွေတစ်ယောက်ကပြောတယ်… သူခရီးထွက်တုန်းက ကျောင်းတုန်းကရည်းစားနဲ့မတော်တဆ ဆုံခဲ့သတဲ့

နှစ်ယောက်သား လျှပ်တစ်ပြက် မျက်လုံးချင်းတစ်ချက်ဆုံပြီး ဘာမှမပြောဘဲ ပခုံးရှပ်တိုက် ဖြတ်လျှောက်သွားလိုက်ကြတာ.. အဲဒီတုန်းက ပါးစပ်ကသာစကားတစ်ခွန်းမှ သူထုတ်ဖော်မပြောမိပေမယ့် ရင်ထဲမှာတော့ ကြေကွဲနေခဲ့မိတယ်လို့ ဆိုပါတယ်။ဇာတ်သိမ်းမလှတဲ့ချစ်သူမျိုး တစ်ယောက်နှစ်ယောက် စလောက် ငယ်ရွယ်စဉ်တုန်းက ဘယ်သူမထားခဲ့ဖူးလဲ…အဲဒီချစ်သူနဲ့ နေ့ရက်တွေကို အတူတွေ့ကြုံခံစားခဲ့ကြတယ်..ရိုးစင်းသာမန်တဲ့နေ့တွေကို အတူဖြတ် သန်းခဲ့ကြတယ်..

ဒါပေမဲ့ ကံတရားရဲ့လှည့်ကွက်ကြောင့်ချစ်ရင်း ချစ်ရင်း အချစ်က အရောင်ဖျော့သွားခဲ့တယ်။အတူတူလျှောက်ရင်း လျှောက်ရင်း ကွဲကွာသွားခဲ့ယ်။နောက်တော့ တစ်ယောက်အကြောင်းတစ်ယောက်ပြောကြတဲ့အခါ ချစ်ခဲ့ဖူးတယ်ဆိုတာလောက်ပဲ ပြောနိုင်တော့တယ်

လူ့ဘဝရဲ့ မတူညီတဲ့အချိုးအကွေ့မှာ မတူတဲ့လူတွေနဲ့ ကိုယ်တို့ဆုံရတယ်။နှစ်ယောက်သား ပေါင်းသင်းဆက်ဆံတဲ့နည်းကလည်းမတူကြတော့ မတူတဲ့ခံစားချက်တွေဖြစ်ပေါ်စေခဲ့တယ်။တချို့ကတော့ ဒီလိုပြောတတ်တယ်….အဲဒီလူနဲ့ မဆုံခဲ့မိရင် အကောင်းသားတဲ့။ဒါပေမဲ့ ဘယ်သူကများ အနာဂတ်ကို ကြိုတင်သိနိုင်လို့လဲ…ချစ်ကြိုက်မှုတိုင်းမှာ ခွဲခွာနိုင်ချေက ရှိကိုရှိတာပဲလေ။ခွဲခွာရမှာကြောက်လို့ဆိုပြီး မချစ်ရဲတာမျိုးမလုပ်နဲ့ပေါ့။

နောက်ဆုံးရလဒ်ကိုပဲ သွားတွက်နေရင် ချစ်နေခိုက် မှာ တစ်ဘက်လူကပေးတဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းကို သင်လျစ်လျူရှုလိုက်မိတတ်တယ်။လူတစ်ယောက် ကိုချစ်ရင် မခွဲမခွာ သက်ဆုံးတိုင်အတူတကွ နေရမှလားလို့ သင်မေးလာခဲ့ရင်…မခွဲမခွာနေချင်တာပေါ့… ဒါက အချစ်အပေါ်ထားတဲ့ လူအများရဲ့ မျှော်လင့်ချက်လေ။

ဒါပေမဲ့ လက်တွေ့မှာတော့ အတူနေရသူနည်းခဲ့တယ်။ အချစ်အပေါ် ကိုယ်တို့ ရင်ဘတ်ပိုကျယ်သင့်တာလည်းပါမှာပေါ့။အချင်းချင်းချစ်နေချိန်မှာ တစ်ယောက်အပေါ် တစ်ယောက်ကောင်းကောင်းဆက်ဆံပြီးခွဲခွာချိန်မှာလည်း အမုန်းရန်ငြိုးမထားကြဘူးပေါ့။လူတစ်ယောက်ကိုချစ်တဲ့အခါ ချစ်ရတာ တန်လား မတန်လားမမေးကြဘူး။လူတစ်ယောက်ကိုချစ်တာဟာ

ကိုယ့်ဆန္ဒအလျောက်ဆိုရင် ချစ်ခြင်းမှာလည်း နောင်တမဲ့ရပါတယ်။wechat_ကစာတစ်ပုဒ်_ဘာသာပြန်မျှဝေပါတယ်။

Credit Original upload

Unicode

မိတ်ဆွေတစ်ယောက်ကပြောတယ်… သူခရီးထွက်တုန်းက ကျောင်းတုန်းကရည်းစားနဲ့မတော်တဆ

ဆုံခဲ့သတဲ့..နှစ်ယောက်သား လျှပ်တစ်ပြက် မျက်လုံးချင်းတစ်ချက်ဆုံပြီး ဘာမှမပြောဘဲ ပခုံးရှပ်တိုက် ဖြတ်လျှောက်သွားလိုက်ကြတာ.. အဲဒီတုန်းက ပါးစပ်ကသာစကားတစ်ခွန်းမှ သူထုတ်ဖော်မပြောမိပေမယ့် ရင်ထဲမှာတော့ ကြေကွဲနေခဲ့မိတယ်လို့ ဆိုပါတယ်။

ဇာတ်သိမ်းမလှတဲ့ချစ်သူမျိုး တစ်ယောက်နှစ်ယောက် စလောက် ငယ်ရွယ်စဉ်တုန်းက ဘယ်သူမထားခဲ့ဖူးလဲ…အဲဒီချစ်သူနဲ့ နေ့ရက်တွေကို အတူတွေ့ကြုံခံစားခဲ့ကြတယ်..ရိုးစင်းသာမန်တဲ့နေ့တွေကို အတူဖြတ် သန်းခဲ့ကြတယ်..

ဒါပေမဲ့ ကံတရားရဲ့လှည့်ကွက်ကြောင့်ချစ်ရင်း ချစ်ရင်း အချစ်က အရောင်ဖျော့သွားခဲ့တယ်။အတူတူလျှောက်ရင်း လျှောက်ရင်း ကွဲကွာသွားခဲ့ယ်။နောက်တော့ တစ်ယောက်အကြောင်းတစ်ယောက်ပြောကြတဲ့အခါ ချစ်ခဲ့ဖူးတယ်ဆိုတာလောက်ပဲ ပြောနိုင်တော့တယ်

လူ့ဘဝရဲ့ မတူညီတဲ့အချိုးအကွေ့မှာ မတူတဲ့လူတွေနဲ့ ကိုယ်တို့ဆုံရတယ်။နှစ်ယောက်သား ပေါင်းသင်းဆက်ဆံတဲ့နည်းကလည်းမတူကြတော့ မတူတဲ့ခံစားချက်တွေဖြစ်ပေါ်စေခဲ့တယ်။တချို့ကတော့ ဒီလိုပြောတတ်တယ်….အဲဒီလူနဲ့ မဆုံခဲ့မိရင် အကောင်းသားတဲ့။ဒါပေမဲ့ ဘယ်သူကများ အနာဂတ်ကို ကြိုတင်သိနိုင်လို့လဲ…ချစ်ကြိုက်မှုတိုင်းမှာ ခွဲခွာနိုင်ချေက ရှိကိုရှိတာပဲလေ။ခွဲခွာရမှာကြောက်လို့ဆိုပြီး မချစ်ရဲတာမျိုးမလုပ်နဲ့ပေါ့။

နောက်ဆုံးရလဒ်ကိုပဲ သွားတွက်နေရင် ချစ်နေခိုက် မှာ တစ်ဘက်လူကပေးတဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းကို သင်လျစ်လျူရှုလိုက်မိတတ်တယ်။လူတစ်ယောက် ကိုချစ်ရင် မခွဲမခွာ သက်ဆုံးတိုင်အတူတကွ နေရမှလားလို့ သင်မေးလာခဲ့ရင်…မခွဲမခွာနေချင်တာပေါ့… ဒါက အချစ်အပေါ်ထားတဲ့ လူအများရဲ့ မျှော်လင့်ချက်လေ။

ဒါပေမဲ့ လက်တွေ့မှာတော့ အတူနေရသူနည်းခဲ့တယ်။ အချစ်အပေါ် ကိုယ်တို့ ရင်ဘတ်ပိုကျယ်သင့်တာလည်းပါမှာပေါ့။အချင်းချင်းချစ်နေချိန်မှာ တစ်ယောက်အပေါ် တစ်ယောက်ကောင်းကောင်းဆက်ဆံပြီးခွဲခွာချိန်မှာလည်း အမုန်းရန်ငြိုးမထားကြဘူးပေါ့။လူတစ်ယောက်ကိုချစ်တဲ့အခါ ချစ်ရတာ တန်လား မတန်လားမမေးကြဘူး။လူတစ်ယောက်ကိုချစ်တာဟာ ကိုယ့်ဆန္ဒအလျောက်ဆိုရင် ချစ်ခြင်းမှာလည်း နောင်တမဲ့ရပါတယ်။wechat_ကစာတစ်ပုဒ်_ဘာသာပြန်မျှဝေပါတယ်။

Credit Original upload