Knowledge
မိန်းကလေးအများစု အရပ်ရှည်တဲ့ ကောင်လေးတွေကိုမှ ကြိုက်ကြတဲ့ အကြောင်းအရင်း
ကောင်မလေးအများစုက အရပ်ရှည်တဲ့ ကောင်လေးတွေကိုမှ ကြိုက်ရတဲ့ အကြောင်းအရင်းကောင်မလေးတွေက
ဘာလို့ အရပ်ရှည်တဲ့ ကောင်လေးတွေကို ကြိုက်ကြတာလဲမိန်းကလေးတွေကို ဘယ်လို ချစ်သူ ပုံစံမျိုး
လိုချင် လဲလို့ မေးလိုက်ရင် တော်တော်များများက အရပ်ရှည်တဲ့သူလို့ ဖြေတတ်ကြ ပါတယ်။မိန်းကလေးတွေ ဟာ အရပ်ပုတဲ့ ယောကျာ်းလေးထက် အရပ်ရှည်တဲ့ သူကို ပိုစိတ်ဝင်စားကြ ပါတယ်။
ဘာကြောင့် မိန်းကလေးတွေက အရပ်ရှည်တဲ့ ယောကျာ်းလေးကို ပို စိတ်ဝင်စား တတ်ကြသလဲ။ ဘာကြောင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
စမတ်ကျလို့ယောကျာ်းလေး တစ်ယောက်ဟာ ရုပ်လှဖို့ထက် အရပ်ရှည်ဖို့က အဓိကလို့ပြောရင် မမှားလောက် ပါဘူးနော်။
အရပ်ရှည်တဲ့ ယောကျာ်းလေးတွေက ရုပ်မချောရင်တောင် ကြည့်ကောင်းပါတယ်။သူတို့တွေဟာ တစ်ခြား အမျိုးသားတွေ ထက် ပိုစမတ် ကျပြီး ဆွဲဆောင်မှု ရှိတဲ့ အတွက်ကြောင့်မိန်းကလေးအများစုက အရပ်ရှည်တဲ့ ယောကျ်ားလေးတွေကို ပို စိတ်ဝင်စား တတ်ကြတာ ဖြစ်ပါတယ်။
ယောကျာ်းပီသလို့အရပ်ရှည်တဲ့ အမျိုးသားတွေဟာ ပိုစမတ်ကျ သလို ယောကျာ်းပီသ တယ်လို့ မြင်ရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ဘာဝတ်ဝတ် ကြည့်ကောင်းနေ တတ်ပြီး ဆွဲဆောင်မှု ရှိတဲ့ ခြေလှမ်း ကျဲကြီးတွေကို ပိုင်ဆိုင်ထားကြ သူတွေဖြစ်လို့ရဲဝံ့ပြီ
း ယောကျာ်းပို ပီသတဲ့ ပုံစံ ပေါ်လွင် စေတာကြောင့် ဖြစ်ပါတယ် ။အားကိုးချင်စရာ ကောင်းလို့…အရပ်ရှည်တဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေ အတွက်တော့ အားကိုးချင်စရာ ကောင်းတဲ့ သူတွေပါ။ပစ္စည်းတွေ မမှီမကမ်းတဲ့ အချိန်၊ လူကြားထဲရောက် နေတဲ့ အချိန်မျိုးမှာသူ့ရဲ့ အရပ်ရှည်ရှည်ကြီးက ကိုယ့်အတွက် အားကိုး ချင်စရာ ဖြစ်နေတတ် ပါတယ်။နောက်ပြီး မိန်းကလေးတွေက ကိုယ့်အတွက် ရင်ခွင်မှီဖြစ်မယ့် အရပ်မျိုးကို နှစ်သက်ကြတဲ့ အတွက်ကြောင့်ပါ။
လုံခြုံမှုပေးနိုင်တယ်လို့ ခံစားရလို့လေ့လာတွေ့ရှိ ချက်တွေ အရ အရပ်ပုတဲ့ ယောကျာ်းလေးတွေ ထက် အရပ်ရှည်တဲ့ သူတွေက ပိုပြီး လုံခြုံမှုပေး နိုင်သလို ခံစားစေ တယ်လို့ ပြောကြ ပါတယ်။စိတ်ပိုင်းဆိုင်ရာ အရ ကိုယ့်ထက် အရပ်ရှည်တဲ့ သူဟာ ကိုယ့်ကို ပိုလုံခြုံစေ တယ်လို့ ခံစားရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။မိန်းကလေးတွေက အားကိုး တတ်ပြီး စိတ်ပျော့ လွယ်တဲ့ သူတွေ ဖြစ်လို့သူတို့ရဲ့စိတ်ကို လုံခြုံမှု ပေးနိုင်တဲ့ အရပ်ရှည်တဲ့ ယောကျာ်းလေးတွေ ကို ပိုသဘောကျ တတ်ကြတာ ဖြစ်ပါတယ်။
Credit Original upload
Unicode