Local News

ျမန္မာစစ္ေကာင္စီကို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ မေန႔က သတိေပးလိုက္ၿပီ

လူမ်ိဳးစု လိုက္သုတ္သင္ ရွင္းလင္း မႈေတြ ရွိတယ္လို႔ ယူဆႏိုင္တဲ့ ျမန္မာ၊ ေတာင္ဆူဒန္၊ အီသီယိုးပီးယားနဲ႔ အရစ္ႀတီး ယားႏိုင္ငံေတြ ကို အေမရိကန္က အေရးယူ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ဆက္ၿပီး လုပ္လာႏိုင္ တယ္လို႔ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ ရဲ႕အစိုးရက

မေန႔ကပဲ သတိေပး လိုက္တဲ့ အေၾကာင္း AP သတင္း မွာ ေဖာ္ျပ ထားပါ တယ္ ။ အေမရိကန္လႊတ္ေတာ္ကို တင္သြင္းတဲ့ ႏိုင္ငံျခားေရး ဝန္ႀကီးဌာရဲ႕ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ အၾကမ္း ဖက္ရက္စက္မႈ ကာကြယ္တား ဆီးေရး ဆိုင္ရာ ႏွစ္ပတ္လည္ အစီရင္ ခံစာ ထုတ္ျပန္ခ်က္မွာ ျမန္မာႏိုင္ငံ နဲ႔ ဆိုင္တဲ့ အခ်က္ ကို အေမရိကန္ အစိုးရက ထည့္သြင္းေဖာ္ျပ ထားပါ တယ္ ။ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ ပိုင္းက ဝီဂါ မြတ္စလင္ေတြ ဟာ လူမ်ိဳးတုံး

သတ္ျဖတ္မႈေတြနဲ႔ ရင္ဆိုင္ေနရ တယ္လို႔ အေမရိကန္ က ယုံၾကည္ထားၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြ ဟာလည္း Ethnic Cleansing လို႔ ေခၚတဲ့

လူမ်ိဳးစု လိုက္ သုတ္ သင္ရွင္း လင္းမႈကို ႀကဳံေန ရ တယ္လို ႔ဆို ပါတယ္ ။ျ မန္မာႏိုင္ငံ ဟာလည္း လူမ်ိဳးတုံး သတ္ျဖတ္မႈ ရွိႏိုင္ တဲ့ အေျခ အေနမွာ ရွိေန တုန္းပဲ ျဖစ္တယ္ လို႔အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး ဌာနက ထုတ္ျပန္ တဲ့ အစီရင္ ခံစာထဲမွာ ေဖာ္ျပ ထားပါတယ္ ။ ႐ိုဟင္ဂ်ာေတြကို အၾကမ္းဖက္ ဖိႏွိပ္ရက္ စက္မႈေတြ အပါအဝင္ ေဖေဖာ္ဝါရီ

၁ရက္ စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္း အတိုက္ အခံေတြ ကို အၾကမ္းဖက္ၿဖိဳခြဲတာ၊ ျပည္သူေတြ အေပၚ ဖိႏွိပ္ေန တာေတြ ကို ရပ္တန ႔္ဖို႔ အေမရိကန္ရဲ႕မဟာမိတ္ နဲ႔ လုပ္ေဖာ္ကိုင္ ဖက္ႏိုင္ ငံေတြ ပူးေပါင္းၿပီး ျမန္မာ စစ္တပ္ အာဏာပိုင္ေတြ ကို ဖိအားေတြ ဆက္ေပးသြားမယ္ လို႔ ဆိုပါ တယ္ ။

Credit

Unicode

မြန်မာစစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနေ့က သတိပေးလိုက်ပြီလူမျိုးစု လိုက်သုတ်သင် ရှင်းလင်း မှုတွေ ရှိတယ်လို့ ယူဆနိုင်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ အီသီယိုးပီးယားနဲ့ အရစ်တြီး ယားနိုင်ငံတွေ ကို အမေရိကန်က အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီး လုပ်လာနိုင် တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရဲ့အစိုးရက မနေ့ကပဲ သတိပေး လိုက်တဲ့ အကြောင်း AP သတင်း မှာ ဖော်ပြ ထားပါ တယ် ။ အမေရိကန်လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာရဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အကြမ်း ဖက်ရက်စက်မှု ကာကွယ်တား ဆီးရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထုတ်ပြန်

ချက်မှာ မြန်မာနိုင်ငံ နဲ့ ဆိုင်တဲ့ အချက် ကို အမေရိကန် အစိုးရက ထည့်သွင်းဖော်ပြ ထားပါ တယ် ။ တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းက ဝီဂါ မွတ်စလင်တွေ ဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ အမေရိကန် က ယုံကြည်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေ ဟာလည်း Ethnic Cleansing လို့ ခေါ်တဲ့လူမျိုးစု လိုက် သုတ် သင်ရှင်း လင်းမှုကို ကြုံနေ ရ တယ်လို့ဆို ပါတယ် ။ြ မန်မာနိုင်ငံ ဟာလည်း လူမျိုးတုံး သတ်ဖြတ်မှု ရှိနိုင် တဲ့ အခြေ အနေမှာ ရှိနေ တုန်းပဲ ဖြစ်တယ် လို့

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် တဲ့ အစီရင် ခံစာထဲမှာ ဖော်ပြ ထားပါတယ် ။ ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်ရက် စက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ၁ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အတိုက် အခံတွေ ကိုအကြမ်းဖက်ဖြိုခွဲတာ၊ ပြည်သူတွေ အပေါ် ဖိနှိပ်နေ တာတွေ ကို ရပ်တန့်ဖို့ အမေရိကန်ရဲ့မဟာမိတ် နဲ့ လုပ်ဖော်ကိုင် ဖက်နိုင် ငံတွေ ပူးပေါင်းပြီး မြန်မာ စစ်တပ် အာဏာပိုင်တွေ ကို ဖိအားတွေ ဆက်ပေးသွားမယ် လို့ ဆိုပါ တယ် ။

Credit