Local News

မိုးရွာချိန် ဆက်ဖ်ဖီဓါတ်ပုံရိုက်သူ ၁၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့မှာ မိုးကြိုးပစ်မှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံး ဒဏ်ရာရရှိသူတွေဟာ ကမ္ဘာ့လှည့်ခရီးသွားစွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ ၁၂ ရာစု အေမာခံတပ်ရှိ ကင်းမျှော်စင်တစ်ခုပေါ်မှာ မိုးရွာသွန်းနေချိန် ဆက်ဖ်ဖီဓါတ်ပုံရိုက်ကူးနေသူတွေဖြစ်တယ်လို့ ဆိုပါတယမိုးကြိုးပစ်ချိန်မှာတော့ လူ ၂၇ ဦးဟာမျှော်စင်နဲ့ ခံတပ်ရဲ့တံတိုင်းပေါ်မှာရှိနေကြပြီး အချို့မှာ မြေပြင်ပေါ်ကို ခုန်ချခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီမျှော်စင်ဟာခံတပ်အတွင်း လူကြိုက်များတဲ့ နေရာတစ်ခုဖြစ်ပြီး မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုဟာ လူငယ်များဖြစ်တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဇူလိုင် ၁၁ ရက်တစ်နေ့တည်းမှာပဲ ဂျိုင်ပါမြို့တည်ရှိရာ ရာဂျက်သန်ပြည်နယ်တစ်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုတွေကြောင့် လူကိုးဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖေ်ာပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း မိုးကြိုးပစ်မှုတွေကြောင့် လူနှစ်ထောင်သေဆုံးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းတာတွေဖြစ်လေ့ရှိတဲ့ မုတ်သုန်ရာသီကတော့ ဇွန်လကနေ စက်တင်ဘာလထိ ကြာမြင့်ပါတယ်။

Credit

Unicode

အိႏၵိယနိုင္ငံေျမာက္ပိုင္း ဂ်ိဳင္ပါၿမိဳ့မွာ မိုးႀကိဳးပစ္မွုေၾကာင့္ လူ ၁၁ ဦးထက္မနည္းေသဆုံးသြားၿပီး အမ်ားအျပား ဒဏ္ရာရရွိသြားတယ္လို့ တာ၀န္ရွိသူေတြက ေျပာပါတယ္။ေသ

ဆုံး ဒဏ္ရာရရွိသူေတြဟာ ကမၻာ့လွည့္ခရီးသြားစြဲေဆာင္ရာေနရာတစ္ခုျဖစ္တဲ့ ၁၂ ရာစု ေအမာခံတပ္ရွိ ကင္းေမၽွာ္စင္တစ္ခုေပၚမွာ မိုးရြာသြန္းေနခ်ိန္ ဆက္ဖ္ဖီဓါတ္ပုံရိုက္ကူးေနသူေတြျဖစ္တယ္လို့ ဆိုပါတယ္။မိုးႀကိဳးပစ္ခ်ိန္မွာေတာ့ လူ ၂၇ ဦးဟာေမၽွာ္စင္နဲ႔ ခံတပ္ရဲ့တံတိုင္းေပၚမွာရွိေနၾကၿပီး အခ်ိဳ့မွာ ေျမျပင္ေပၚကို ခုန္ခ်ခဲ့ၾကတယ္လို့ တာ၀န္ရွိသူေတြကေျပာပါတယ္။

အဲဒီေမၽွာ္စင္ဟာခံတပ္အတြင္း လူႀကိဳက္မ်ားတဲ့ ေနရာတစ္ခုျဖစ္ၿပီး မိုးႀကိဳးပစ္မွုေၾကာင့္ ေသဆုံးသူအမ်ားစုဟာ လူငယ္မ်ားျဖစ္တယ္လို့ ရဲတပ္ဖြဲ႕တာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

ဇူလိုင္ ၁၁ ရက္တစ္ေန႔တည္းမွာပဲ ဂ်ိဳင္ပါၿမိဳ့တည္ရွိရာ ရာဂ်က္သန္ျပည္နယ္တစ္၀န္းမွာ ျဖစ္ပြားခဲ့တဲ့ မိုးႀကိဳးပစ္မွုေတြေၾကာင့္ လူကိုးဦးလည္း ေသဆုံးခဲ့တယ္လို့ ေဒသတြင္းသတင္းဌာနေတြက ​ေဖ္ာျပထားပါတယ္။အိႏၵိယနိုင္ငံမွာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း မိုးႀကိဳးပစ္မွုေတြေၾကာင့္ လူႏွစ္ေထာင္ေသဆုံးခဲ့ပါတယ္။ နိုင္ငံအတြင္းမွာ မိုးသည္းထန္စြာရြာသြန္းတာေတြျဖစ္ေလ့ရွိတဲ့ မုတ္သုန္ရာသီကေတာ့ ဇြန္လကေန စက္တင္ဘာလထိ ၾကာျမင့္ပါတယ္။

Credit