Local News

အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဟု ဇော်မင်းထွန်း ဝန်ခံ၊ မလိုအပ်ဘဲ ပြည်သူများ အောက်စီဂျင်ဝယ်နေ၍ ကန့်သတ်ဟုဆို

အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဟု ဇော်မင်းထွန်း ဝန်ခံ၊ မလိုအပ်ဘဲ ပြည်သူများ အောက်စီဂျင်ဝယ်နေ၍ ကန့်သတ်ဟုဆိုစစ်ကောင်စီအနေဖြင့်

အောက်စီဂျင်စီစက်ရုံများမှ ပြည်သူများ၏ တစ်ဦးချင်း အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကိုကန့်သတ်ရန် ညွှန်ကြားထားကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ဝန်ခံပြောဆိုလိုက်သည်။ရန်ကုန်အပါအဝင် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများတွင် ပြည်သူများသို့ အောက်စီဂျင်ရောင်းချမှု ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ကန့်သတ်မှုများဖြစ်ပေါ်လာပြီး လက်ရှိတွင်

စက်ရုံအများစုမှာ စစ်ကောင်စီ၏ ညွှန် ကြားချက်ကြောင့် ပြည်သူများကို​ အောက်စီဂျင်ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။ အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။

တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊အောက်ဆီဂျင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လိမ်လည်မှုတွေရှိနေကာ ပြည်သူတွေကလည်း မလိုဘပ်ဘဲ အောက်ဆီဂျင်ဖြည့်နေတဲ့အတွက် ကန့်သတ်လိုက်ရတာဖြစ်တယ်” ဟု အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ

ဇော်မင်းထွန်းက ပြောဆိုသည်။အောက်စီဂျင်ဖြည့်ဆည်းခွင့်ကို ကန့်သတ်ရုံမကဘဲ အများပြည်သူသို့ အောက်စီဂျင်အိုး ရောင်းချမှုများကိုလည်း ရပ်ဆိုင်းထားရန် စစ်ကောင်စီက တောင်ဒဂုံအတွင်းရှိ

အောက်စီဂျင်ဆလင်ဒါအိုးအရောင်းဆိုင်များကို ယနေ့ လိုက်လံ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။အလားတူ မွန်ပြည်နယ် မော်လမြိုင်တွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင်ကျောက်တန်းစက်မှုဇုန် သံလွင် အောင်စီဂျင်စက်ရုံတွင် အောက်စီဂျင် လာဖြည့်ရန် ပြည်သူများ တန်းစီနေစဉ် နယ်မြေခံ ရဲစခန်းမှ စခန်းမှူးက လာရောက်ပြီး ချက်ချင်းစက်ရုံပိတ်ရန်နှင့်အောက်စီဂျင် ထည့်ပေးသူများကို

ပစ်ခတ်မည်ဟု ခြိမ်းခြောက် စက်ရုံပိတ်ခိုင်းကြောင်း မော်လမြိုင်သတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်း ။ Photo Credit – ဆင်ဟွာ။

Credit Khit Thit Media

Unicode