Local News

ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အသက်အန္တရာယ်ရှိနေတဲ့ကြားကနေ ခက်ခက်ခဲခဲ မွေးပေးနိုင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများ

ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အသက်အန္တရာယ်ရှိနေတဲ့ကြားကနေ ခက်ခက်ခဲခဲ မွေးပေးနိုင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများ

လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေဟာ တစ်နေ့တခြား သိသိသာသာ မြင့်တက်လာပြီး သေဆုံးသူအရေအတွက်လည်း များလာခဲ့ပါတယ်။

ယခုအချိန်အခါဟာ ကိုဗစ်ရောဂါကူးစက်မှုတွေကို အာဏာရှင်တွေကပဲ လက်ခံကုသပေးနေတာ ကြောင့် နေရာတော်တော်များများမှ

ကျန်းမာရေးဝန်ထမ်းတွေ မလုံးလောက်မှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။လက်ရှိလုပ်ကိုင်ပေးနေတဲ့ စေတနာ့ကျန်းမာရေးဝန်ထမ်းတွေကလည်း လူအင်းအားမလုံလောက်တဲ့ အခက်အခဲတွေရှိနေပေမယ့်

တတ်နိုင်သလောက် လူနာတွေကို ကုသပေးနေကြတာ တွေ့ရပါတယ်။ယခုမှာလည်း ကိုဗစ်ရောဂါလူနာတွေများနေပြီး ဆရာဝန်တွေရော စေတနာ့ဝန်ထမ်းတွေပါ နေ့ညမပျက်လုပ်ဆောင်ပေးနေတဲ့ အချိန်လေးမှာ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသားယောကျာ်းလေးတစ်ယောက် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကိုတော့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေက

အသက်အန္တရာယ်ရင်းပြီး ခက်ခက်ခဲခဲ မွေးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
မင်းလှမြို့လေးမှာ ယခုတလော ကိုဗစ်လူနာတွေများလာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေမလုံလောက်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။

မင်းလှမြို့မှာ အရင်ပထမလှိုင်းကိုဗစ်ကူးစက်မှုတုန်းကလည်းယခုကဲ့သို ရောဂါကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ကလေး(၃)မွှာပူး တစ်ကြိမ်မွေးပေးထားခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့ကြားကနေ ခက်ခက်ခဲခဲ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို မွေးဖွားပေးခဲ့တဲ့

မင်းလှမြို့က ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပေးရင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit Original upload

Unicode

ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အသက်အန္တရာယ်ရှိနေတဲ့ကြားကနေ ခက်ခက်ခဲခဲ မွေးပေးနိုင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းများလတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေဟာ တစ်နေ့တခြား သိသိသာသာ မြင့်တက်လာပြီး သေဆုံးသူအရေအတွက်လည်း များလာခဲ့ပါတယ်။

ယခုအချိန်အခါဟာ ကိုဗစ်ရောဂါကူးစက်မှုတွေကို အာဏာရှင်တွေကပဲ လက်ခံကုသပေးနေတာ ကြောင့် နေရာတော်တော်များများမှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံးလောက်မှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။လက်ရှိလုပ်ကိုင်ပေးနေတဲ့ စေတနာ့ကျန်းမာရေးဝန်ထမ်းတွေကလည်း လူအင်းအားမလုံလောက်တဲ့ အခက်အခဲတွေရှိနေပေမယ့်

တတ်နိုင်သလောက် လူနာတွေကို ကုသပေးနေကြတာ တွေ့ရပါတယ်။ယခုမှာလည်း ကိုဗစ်ရောဂါလူနာတွေများနေပြီး ဆရာဝန်တွေရော စေတနာ့ဝန်ထမ်းတွေပါ နေ့ညမပျက်လုပ်ဆောင်ပေးနေတဲ့ အချိန်လေးမှာ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသားယောကျာ်းလေးတစ်ယောက် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကိုတော့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေက

အသက်အန္တရာယ်ရင်းပြီး ခက်ခက်ခဲခဲ မွေးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။မင်းလှမြို့လေးမှာ ယခုတလော ကိုဗစ်လူနာတွေများလာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေမလုံလောက်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။